Match Report Premier League

နိုင်တော့မလိုနဲ့ မနိုင်ဘဲ သရေကျမလိုနဲ့ နိုင်သွားပြန်တဲ့ မမဆောင်းချဲလ်ဆီး

တနင်္ဂနွေနေ့ည ၇ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ လက်စတာစီးတီးတို့ရဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင်ချဲလ်ဆီးတို့က ၄-၂ နဲ့ စိတ်လှုပ်ရှားဖွယ် နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ပထမပိုင်းအစကတည်းက ချဲလ်ဆီးတို့ ဂိုးရချင်သလိုဖြစ်နေခဲ့ပြီး ၁၃ မိနစ်မှာ ကူကူရယ်လာက နီကိုးလတ်စ် ဂျက်ခ်ဆင် ပင်နယ်တီဧရိယာထဲကို ဆွဲပြေးပြီး ခင်းပေးလိုက်တဲ့ဘောလုံးကို ပြေးဝင် ပိတ်သွင်းပြီး ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးကလည်း ချဲလ်ဆီးကို ပြန်လည်ချေပဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဖာတာဝူရဲ့ ဖြတ်တင်ဘောကို ပတ်ဆန် ဒါကာ ခေါင်းတိုက်ချက်က အံ့အားသင့်ဖွယ် ဂိုးတိုင်ဘေး ဝိုက်ထွက်သွားခဲ့တာကြောင့် ချေပဂိုးရရှိမယ့်အခွင့်အရေးလွဲချော်ခဲ့ပါတယ်။

၂၅ မိနစ်မှာ ဖာတာဝူက စတားလင်းကို ပင်နယ်တီဧရိယာထဲမှာ နမော်နမဲ့နိုင်စွာနဲ့ ဖျက်ထုတ်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ပင်နယ်တီရခဲ့ပြီး ချဲလ်ဆီးအတွက် ပင်နယ်တီကို စတားလင်းကပဲ ကန်သွင်းခဲ့ရာမှာ ယာကုဘ် စတိုလာချစ်က ခြေထောက်နဲ့ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

စတားလင်းဟာ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် ပြိုင်ပွဲစုံမှာ နောက်ဆုံး ပင်နယ်တီ ၇ လုံးမှာ ၅ လုံးအထိ ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ စတားလင်းဟာ ပထမပိုင်းပြီးဆုံးခါနီး ၄၄ မိနစ်မှာ ကိုင်ဆေဒိုရဲ့ မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို ရယူပြီး ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းခွင့်ရခဲ့ပေမယ့်လည်း ဂိုးတိုင်ဘေးကို ထွက်သွားခဲ့ပြီး စိတ်ပျက်ဖွယ် လွဲချော်ခဲ့ပြန်တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၄၅+၁ မိနစ်မှာတော့ ချဲလ်ဆီးအတွက် နောက်ထပ် ဦးဆောင်ဂိုးကို ကိုး ပါလ်မာက ဘယ်တောင်ပံကနေ ထိုးဖောက်ပြီး စတားလင်း ခင်းပေးလိုက်တဲ့ဘောလုံးကို အေးအေးဆေးဆေးပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စတာနဲ့ လက်စတာစီးတီးတို့က ဖိအားပေးလာခဲ့ပြီး ၅၁ မိနစ်မှာ ဒီဆာဆီ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပါတယ်။ ဂူစတိုက လက်ပစ်ဘောကနေ ဒီဆာဆီကို ဘောလုံးပေးပို့ခဲ့ရာမှာ ဒါကာရဲ့ဖိအားပေးမှုကြောင့် ဂိုးသမား ဆန်းချက်ဇ်ကို ပြန်ပေးခဲ့တဲ့ ဘောလုံးပေးပို့မှုက ဂိုးပေါက်ထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီအုန်းဂိုးမှာ ဆန်းချက်ဇ်ရဲ့ အမှားလည်း ပါခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး ဘောလုံးလက်ခံယူဖို့ ဂိုးပေါက်ရဲ့ အပြင်ဘက်ကို ထွက်နေခဲ့တာကြောင့် ဒီဆာဆီရဲ့ အယောင်ယောင်အမှားမှား ဘောလုံးပေးပို့မှုကို ဘယ်လိုမှ မကာကွယ်နိုင်လိုက်တာဖြစ်ပါတယ်။

နောက်ထပ် ၁၀ မိနစ်အကြာမှာ တရစပ်ဖိအားပေးလာတဲ့ လက်စတာစီးတီးတို့က နောက်ထပ် ချေပဂိုး သွင်းယူသွားနိုင်ခဲ့ပြီး မာဗီဒီဒီက တစ်ကိုယ်တော်အစွမ်းနဲ့ ချဲလ်ဆီး ဂိုးပေါက်ဆီကို ထိုးဖောက်လာခဲ့ပြီးနောက် ဝေ့ဝိုက်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၇၁ မိနစ်မှာ ချဲလ်ဆီးက နောက်ထပ်တစ်ကြိမ် ပင်နယ်တီ ရရှိခဲ့ပြီထင်ခဲ့ပြီး ဂျက်ခ်ဆင်က ဂိုးပေါက်ကို လွတ်လွတ်ကျွတ်ကျွတ် ပြေးသွားပြီး ကန်သွင်းဖို့ လုပ်နေချိန်မှာ ဒွိုင်းက ခြေထိုးခံခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

VAR က အဲဒီဖြစ်စဉ်ကို ပြန်လည်စစ်ဆေးခဲ့ပြီးနောက်မှာ ပြစ်ဒဏ်ကျူးလွန်မှုဟာ ပင်နယ်တီဧရိယာအပြင်ဘက်မှာ စတင်ခဲ့တာဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် ချဲလ်ဆီးတို့ အလွတ်တည်ကန်ဘောသာ ကန်ခွင့်ရခဲ့ပါတယ်။

ချဲလ်ဆီးဟာ အနိုင်ဂိုး သွင်းယူဖို့အတွက် လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး မာဒရစ်ခ်ရဲ့ နေရာမှာ ချူကဝူမီကာကို ထည့်သွင်းခဲ့သလို ဒီနေ့ပွဲမှာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေ ဖြုန်းတီးခဲ့တဲ့ စတားလင်းနေရာမှာ မာဒူအဲခီကို ထည့်သွင်းကစားစေခဲ့ပါတယ်။

ပွဲပြီးခါနီးလေ ချဲလ်ဆီးကစားသမားတွေက လက်စတာစီးတီးကွင်းဘက်ခြမ်းမှာ စုပြုံလာလေဖြစ်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ရာမှာ ၉၀+၂ မိနစ်မှာ နောက်ကျအနိုင်ဂိုးကို ရရှိခဲ့ပါတယ်။ ကိုးပါလ်မာက ချူကဝူမီကာနဲ့ အလွန်ကောင်းမွန်တဲ့ အပေးအယူပြုလုပ်ခဲ့ပြီးနောက် ဖနောင့်နဲ့ ပြန်ပေးပို့လိုက်တဲ့ဘောလုံးကို လူစားဝင်ကစားသမားက ဂိုးထောင့်ထဲကို အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုကတော့ ဒုတိယပိုင်းမှာ သူ့ရဲ့ လူစားလဲလှယ်မှုတွေကို သံသယရှိခဲ့တဲ့ ပရိသတ်တွေဘက်ကို လှည့်ပြီး အားပါးတရ အောင်ပွဲခံပြခဲ့ပြီး အာဂျင်တီးနားလူမျိုးနည်းပြရဲ့ မှန်ကန်မှုက ဒီလောက်နဲ့တင် မပြီးဆုံးခဲ့ပါဘူး။

ဦးဆောင်ဂိုး ရရှိသွားခဲ့တဲ့ ချဲလ်ဆီးဟာ ကစားအားကို မချလိုက်ဘဲ ဆက်လက်ထိုးစစ်ဆင်ခဲ့ရာမှာ ၉၀+၈ မိနစ်မှာ နောက်ထပ် လူစားဝင်ကစားသမားဖြစ်တဲ့ မာဒူအဲခီက ဂူစတိုရဲ့ ညာတောင်ပံကနေ ပေးပို့ခဲ့တဲ့ဘောလုံးကို လက်ခံရယူပြီးနောက် လက်စတာစီးတီးကွင်းလယ်ကစားသမားတွေကို လိမ်ခေါက်ကျော်ဖြတ်ပြီး ဘယ်ခြေနဲ့ ၂၅ ကိုက်အကွာကနေ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လက်စတာစီးတီးကို ပထမပိုင်းမှာ ၂ ဂိုးအသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီးမှာ ဒုတိယပိုင်းမှာ ချေပဂိုး ၂ ဂိုးအထိ ပြန်ပေးခဲ့ရပြီးနောက် နောက်ကျသွင်းဂိုးတွေနဲ့ ကမ်းဘက်နိုင်ခဲ့လို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တနဂၤေႏြေန႔ည ၇ နာရီ ၁၅ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ လက္စတာစီးတီးတို႔ရဲ႕ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာ အိမ္ရွင္ခ်ဲလ္ဆီးတို႔က ၄-၂ နဲ႔ စိတ္လႈပ္ရွားဖြယ္ ႏိုင္ပြဲ ရယူႏိုင္ခဲ့ၿပီး ဆီမီးဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

ပထမပိုင္းအစကတည္းက ခ်ဲလ္ဆီးတို႔ ဂိုးရခ်င္သလိုျဖစ္ေနခဲ့ၿပီး ၁၃ မိနစ္မွာ ကူကူရယ္လာက နီကိုးလတ္စ္ ဂ်က္ခ္ဆင္ ပင္နယ္တီဧရိယာထဲကို ဆြဲေျပးၿပီး ခင္းေပးလိုက္တဲ့ေဘာလုံးကို ေျပးဝင္ ပိတ္သြင္းၿပီး ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးကလည္း ခ်ဲလ္ဆီးကို ျပန္လည္ေခ်ပဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဖာတာဝူရဲ႕ ျဖတ္တင္ေဘာကို ပတ္ဆန္ ဒါကာ ေခါင္းတိုက္ခ်က္က အံ့အားသင့္ဖြယ္ ဂိုးတိုင္ေဘး ဝိုက္ထြက္သြားခဲ့တာေၾကာင့္ ေခ်ပဂိုးရရွိမယ့္အခြင့္အေရးလြဲေခ်ာ္ခဲ့ပါတယ္။

၂၅ မိနစ္မွာ ဖာတာဝူက စတားလင္းကို ပင္နယ္တီဧရိယာထဲမွာ နေမာ္နမဲ့ႏိုင္စြာနဲ႔ ဖ်က္ထုတ္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ ပင္နယ္တီရခဲ့ၿပီး ခ်ဲလ္ဆီးအတြက္ ပင္နယ္တီကို စတားလင္းကပဲ ကန္သြင္းခဲ့ရာမွာ ယာကုဘ္ စတိုလာခ်စ္က ေျခေထာက္နဲ႔ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

စတားလင္းဟာ ပင္နယ္တီ လြဲေခ်ာ္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲစုံမွာ ေနာက္ဆုံး ပင္နယ္တီ ၇ လုံးမွာ ၅ လုံးအထိ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ျခင္းမရွိခဲ့တဲ့ မွတ္တမ္းဆိုးကို ပိုင္ဆိုင္ခဲ့ၿပီျဖစ္ပါတယ္။ စတားလင္းဟာ ပထမပိုင္းၿပီးဆုံးခါနီး ၄၄ မိနစ္မွာ ကိုင္ေဆဒိုရဲ႕ ေမွ်ာထိုးေပးလိုက္တဲ့ ေဘာလုံးကို ရယူၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းခြင့္ရခဲ့ေပမယ့္လည္း ဂိုးတိုင္ေဘးကို ထြက္သြားခဲ့ၿပီး စိတ္ပ်က္ဖြယ္ လြဲေခ်ာ္ခဲ့ျပန္တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၄၅+၁ မိနစ္မွာေတာ့ ခ်ဲလ္ဆီးအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ကိုး ပါလ္မာက ဘယ္ေတာင္ပံကေန ထိုးေဖာက္ၿပီး စတားလင္း ခင္းေပးလိုက္တဲ့ေဘာလုံးကို ေအးေအးေဆးေဆးပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စတာနဲ႔ လက္စတာစီးတီးတို႔က ဖိအားေပးလာခဲ့ၿပီး ၅၁ မိနစ္မွာ ဒီဆာဆီ အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့ပါတယ္။ ဂူစတိုက လက္ပစ္ေဘာကေန ဒီဆာဆီကို ေဘာလုံးေပးပို႔ခဲ့ရာမွာ ဒါကာရဲ႕ဖိအားေပးမႈေၾကာင့္ ဂိုးသမား ဆန္းခ်က္ဇ္ကို ျပန္ေပးခဲ့တဲ့ ေဘာလုံးေပးပို႔မႈက ဂိုးေပါက္ထဲကို တန္းတန္းမတ္မတ္ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ဒီအုန္းဂိုးမွာ ဆန္းခ်က္ဇ္ရဲ႕ အမွားလည္း ပါခဲ့တယ္လို႔ ေျပာရမွာျဖစ္ၿပီး ေဘာလုံးလက္ခံယူဖို႔ ဂိုးေပါက္ရဲ႕ အျပင္ဘက္ကို ထြက္ေနခဲ့တာေၾကာင့္ ဒီဆာဆီရဲ႕ အေယာင္ေယာင္အမွားမွား ေဘာလုံးေပးပို႔မႈကို ဘယ္လိုမွ မကာကြယ္ႏိုင္လိုက္တာျဖစ္ပါတယ္။

ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ တရစပ္ဖိအားေပးလာတဲ့ လက္စတာစီးတီးတို႔က ေနာက္ထပ္ ေခ်ပဂိုး သြင္းယူသြားႏိုင္ခဲ့ၿပီး မာဗီဒီဒီက တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ခ်ဲလ္ဆီး ဂိုးေပါက္ဆီကို ထိုးေဖာက္လာခဲ့ၿပီးေနာက္ ေဝ့ဝိုက္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၇၁ မိနစ္မွာ ခ်ဲလ္ဆီးက ေနာက္ထပ္တစ္ႀကိမ္ ပင္နယ္တီ ရရွိခဲ့ၿပီထင္ခဲ့ၿပီး ဂ်က္ခ္ဆင္က ဂိုးေပါက္ကို လြတ္လြတ္ကြၽတ္ကြၽတ္ ေျပးသြားၿပီး ကန္သြင္းဖို႔ လုပ္ေနခ်ိန္မွာ ဒြိဳင္းက ေျခထိုးခံခဲ့တာေၾကာင့္ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။

VAR က အဲဒီျဖစ္စဥ္ကို ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္မွာ ျပစ္ဒဏ္က်ဴးလြန္မႈဟာ ပင္နယ္တီဧရိယာအျပင္ဘက္မွာ စတင္ခဲ့တာျဖစ္တယ္လို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ အလြတ္တည္ကန္ေဘာသာ ကန္ခြင့္ရခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ အႏိုင္ဂိုး သြင္းယူဖို႔အတြက္ လူစားလဲလွယ္မႈေတြ ျပဳလုပ္ခဲ့ၿပီး မာဒရစ္ခ္ရဲ႕ ေနရာမွာ ခ်ဴကဝူမီကာကို ထည့္သြင္းခဲ့သလို ဒီေန႔ပြဲမွာ ဂိုးဖန္တီးမႈ တစ္ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ဂိုးသြင္းခြင့္ေတြ ျဖဳန္းတီးခဲ့တဲ့ စတားလင္းေနရာမွာ မာဒူအဲခီကို ထည့္သြင္းကစားေစခဲ့ပါတယ္။

ပြဲၿပီးခါနီးေလ ခ်ဲလ္ဆီးကစားသမားေတြက လက္စတာစီးတီးကြင္းဘက္ျခမ္းမွာ စုၿပဳံလာေလျဖစ္ခဲ့ၿပီး ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ ဆက္တိုက္ ျပဳလုပ္ခဲ့ရာမွာ ၉၀+၂ မိနစ္မွာ ေနာက္က်အႏိုင္ဂိုးကို ရရွိခဲ့ပါတယ္။ ကိုးပါလ္မာက ခ်ဴကဝူမီကာနဲ႔ အလြန္ေကာင္းမြန္တဲ့ အေပးအယူျပဳလုပ္ခဲ့ၿပီးေနာက္ ဖေနာင့္နဲ႔ ျပန္ေပးပို႔လိုက္တဲ့ေဘာလုံးကို လူစားဝင္ကစားသမားက ဂိုးေထာင့္ထဲကို အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ပိုခ်က္တီႏိုကေတာ့ ဒုတိယပိုင္းမွာ သူ႔ရဲ႕ လူစားလဲလွယ္မႈေတြကို သံသယရွိခဲ့တဲ့ ပရိသတ္ေတြဘက္ကို လွည့္ၿပီး အားပါးတရ ေအာင္ပြဲခံျပခဲ့ၿပီး အာဂ်င္တီးနားလူမ်ိဳးနည္းျပရဲ႕ မွန္ကန္မႈက ဒီေလာက္နဲ႔တင္ မၿပီးဆုံးခဲ့ပါဘူး။

ဦးေဆာင္ဂိုး ရရွိသြားခဲ့တဲ့ ခ်ဲလ္ဆီးဟာ ကစားအားကို မခ်လိုက္ဘဲ ဆက္လက္ထိုးစစ္ဆင္ခဲ့ရာမွာ ၉၀+၈ မိနစ္မွာ ေနာက္ထပ္ လူစားဝင္ကစားသမားျဖစ္တဲ့ မာဒူအဲခီက ဂူစတိုရဲ႕ ညာေတာင္ပံကေန ေပးပို႔ခဲ့တဲ့ေဘာလုံးကို လက္ခံရယူၿပီးေနာက္ လက္စတာစီးတီးကြင္းလယ္ကစားသမားေတြကို လိမ္ေခါက္ေက်ာ္ျဖတ္ၿပီး ဘယ္ေျခနဲ႔ ၂၅ ကိုက္အကြာကေန အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ လက္စတာစီးတီးကို ပထမပိုင္းမွာ ၂ ဂိုးအသာနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၿပီးမွာ ဒုတိယပိုင္းမွာ ေခ်ပဂိုး ၂ ဂိုးအထိ ျပန္ေပးခဲ့ရၿပီးေနာက္ ေနာက္က်သြင္းဂိုးေတြနဲ႔ ကမ္းဘက္ႏိုင္ခဲ့လို႔ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.