Premier League

ဖလားမရတဲ့အသင်းပဲ သမိုင်းလှန်တာလို့ သရဲနီတွေကို ဒဲ့ဝုန်းလိုက်တဲ့ ကလော့ပ်

မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် လီဗာပူးလ်ဟာ အပြင်းထန်ဆုံးပြိုင်ဘက်တွေထက် ပိုမိုများပြားတဲ့အဓိကဆုဖလားတွေနဲ့ ရာသီကို အဆုံးသတ်နိုင်မှာဖြစ်ပေမယ့် ယာဂန် ကလော့ပ်က အဲဒါက မာဆေးဆိုဒ်အသင်းအတွက် စိတ်ခွန်အားမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ကလော့ပ်ဟာ ဘယ်တုန်းကမှ မန်ချက်စတာယူနိုက်တက်ထက် သာလွန်အောင်လုပ်ပြမယ်ဆိုပြီး စိတ်ထဲမှာမရှိခဲ့ဖူးဘူးလို့ ပြောဆိုခဲ့ပြီး ဒီရာသီကုန်မှာ အသင်းကို မစွန့်ခွာခင် မကြုံစဖူး ဖလား ၄ လုံး ရယူသွားဖို့ ကြိုးပမ်းနေတဲ့ ကလော့ပ်ဟာ ဒီနေ့ညမှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် အိုးထရက်ဖို့ဒ်ကို သွားကစားရမှာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေသလို ကာရာဘောင်းဖလားကို ရှိထားပြီးဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် ဒီဖလားတွေ အားလုံးသာ ရယူနိုင်ခဲ့မယ်ဆိုရင် အင်္ဂလန်ရဲ့ ဆုဖလားအောင်မြင်မှုအများဆုံးအသင်းအဖြစ်နဲ့ ကလော့ပ်က ချန်ထားရစ်နိုင်ခဲ့မှာ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ စုစုပေါင်း ဆုဖလား ၇၁ လုံးအထိ ကိုင်မြှောက်ထားနိုင်ခဲ့ပြီးဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကတော့ ဆုဖလား ၆၉ လုံး ကိုင်မြှောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်က လီဗာပူးလ်ရဲ့ အောင်မြင်မှုအပေါ်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ အအောင်မြင်ဆုံးနှစ်တွေကို ရယူပေးခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ လွှမ်းမိုးမှုက လောင်စာအဖြစ် တွန်းအားပေးခဲ့တယ်ဆိုတာကို သိပေမယ့်လည်း လီဗာပူးလ်နည်းပြက အင်္ဂလန်မှာရှိနေခဲ့တဲ့ ၈ နှစ်တာကလာအတွင်း ပိုမိုကြီးမားတဲ့စိန်ခေါ်မှုတွေကို အာရုံစိုက်သင့်တယ်လို့သာ ခံစားခဲ့ရတာဖြစ်ပါတယ်။

“သူတို့ထက် ပိုပြီး မြင့်မားတဲ့နေရာမှာ ရှိနေအောင် လုပ်ပြမယ်လို့ ပြောခဲ့တဲ့ ကျော်ကြားတဲ့ စကားစုကို ကျွန်​တော် သိပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် အင်္ဂလန်ကို ရောက်လာတဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်အကြောင်းတွေးဖို့ထက် တခြားလုပ်စရာတွေ ရှိခဲ့ပါတယ်။ ကျွန်တော့်ပထမဆုံးနှစ်မှာ လက်စတာက ဖလားရခဲ့တယ်။ ဒုတိယနှစ်က ချဲလ်ဆီး။ ပြီးတော့ မန်စီးတီးက လိဂ်ကို စပြီးတော့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ကဘာမှ မလုပ်နိုင်ခဲ့ဘူး။ သူများအကြောင်း ကျွန်တော် လိုက်မတွေးပါဘူး။ အဲဒါမျိုး ကျွန်တော် မလုပ်ဘူး။ ကျွန်တော်တို့ သူတို့နဲ့ ရင်ဆိုင်ရရင်တော့ တွေးပါတယ်။ သူတို့နဲ့ မရင်ဆိုင်ရရင်တော့ သူတို့ဘာသာ လုပ်ချင်တာ လုပ်ကြပေ့ါ။ကျွန်တော်ကတော့ အဲဒီလွှမ်းမိုးမှု(ဖာဂူဆန်ရဲ့အောင်မြင်မှုအရှိန်အဝါ)နဲ့ပတ်သက်ပြီး ဘာမှကို စိတ်ထဲမရှိဘူး။ ကျွန်တော် သတိထားမိခဲ့တာက အခု လီဗာပူးလ်က ဖလားအများဆုံးအနိုင်ရတဲ့အသင်းဖြစ်နေပြီဆိုတာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို အဲဒီအကြောင်း ပြောပြခဲ့လို့ပဲ။ ပြီးတော့လည်း ကျွန်တော်က အဲဒါကို မေ့သွားတာပါပဲ။ အဲဒါက အရေးကြီးတယ်။ ကျိန်းသေတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဆုဖလားတွေ ရနေသေးသရွေ့ ဖလားဘယ်နှလုံးရထားတာဆိုပြီး ရေတွက်မနေအားပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

၁၉၈၆ခုနှစ်တုန်းက အိုးထရက်ဖို့ဒ်ကို ဆာအဲလက်စ် ဖာဂူဆန် ရောက်လာတဲ့အချိန်တုန်းက လီဗာပူးလ်ထက် သာလွန်အောင် လုပ်ပြချင်တဲ့ ရည်မှန်းချက်အကြောင်း ပြောခဲ့တာက လူသိများ ကျော်ကြားခဲ့ပြီး ပြောတဲ့အတိုင်းပဲ ဆုဖလားတွေ ပိုမိုသာလွန်အောင် လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်သာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက် ရရှိခဲ့တဲ့ အကြိမ် ၂၀ နဲ့ တူညီသွားတော့မှာဖြစ်ပြီး ကလော့ပ်ဟာ ဖာဂူဆန်ရဲ့ မန်ယူနိုက်တက်ထက် ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်(၆ ကြိမ်) ပိုမိုရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ကို အႏိုင္ယူႏိုင္ခဲ့မယ္ဆိုရင္ လီဗာပူးလ္ဟာ အျပင္းထန္ဆုံးၿပိဳင္ဘက္ေတြထက္ ပိုမိုမ်ားျပားတဲ့အဓိကဆုဖလားေတြနဲ႔ ရာသီကို အဆုံးသတ္ႏိုင္မွာျဖစ္ေပမယ့္ ယာဂန္ ကေလာ့ပ္က အဲဒါက မာေဆးဆိုဒ္အသင္းအတြက္ စိတ္ခြန္အားမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ကေလာ့ပ္ဟာ ဘယ္တုန္းကမွ မန္ခ်က္စတာယူႏိုက္တက္ထက္ သာလြန္ေအာင္လုပ္ျပမယ္ဆိုၿပီး စိတ္ထဲမွာမရွိခဲ့ဖူးဘူးလို႔ ေျပာဆိုခဲ့ၿပီး ဒီရာသီကုန္မွာ အသင္းကို မစြန႔္ခြာခင္ မႀကဳံစဖူး ဖလား ၄ လုံး ရယူသြားဖို႔ ႀကိဳးပမ္းေနတဲ့ ကေလာ့ပ္ဟာ ဒီေန႔ညမွာ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ပြဲအျဖစ္ အိုးထရက္ဖို႔ဒ္ကို သြားကစားရမွာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္နဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနသလို ကာရာေဘာင္းဖလားကို ရွိထားၿပီးျဖစ္ၿပီး ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာလည္း ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ထားႏိုင္ခဲ့ၿပီးျဖစ္တာေၾကာင့္ ဒီဖလားေတြ အားလုံးသာ ရယူႏိုင္ခဲ့မယ္ဆိုရင္ အဂၤလန္ရဲ႕ ဆုဖလားေအာင္ျမင္မႈအမ်ားဆုံးအသင္းအျဖစ္နဲ႔ ကေလာ့ပ္က ခ်န္ထားရစ္ႏိုင္ခဲ့မွာ ျဖစ္ပါတယ္။

လီဗာပူးလ္ဟာ စုစုေပါင္း ဆုဖလား ၇၁ လုံးအထိ ကိုင္ေျမႇာက္ထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ဆုဖလား ၆၉ လုံး ကိုင္ေျမႇာက္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ကေလာ့ပ္က လီဗာပူးလ္ရဲ႕ ေအာင္ျမင္မႈအေပၚမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အေအာင္ျမင္ဆုံးႏွစ္ေတြကို ရယူေပးခဲ့တဲ့ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ လႊမ္းမိုးမႈက ေလာင္စာအျဖစ္ တြန္းအားေပးခဲ့တယ္ဆိုတာကို သိေပမယ့္လည္း လီဗာပူးလ္နည္းျပက အဂၤလန္မွာရွိေနခဲ့တဲ့ ၈ ႏွစ္တာကလာအတြင္း ပိုမိုႀကီးမားတဲ့စိန္ေခၚမႈေတြကို အာ႐ုံစိုက္သင့္တယ္လို႔သာ ခံစားခဲ့ရတာျဖစ္ပါတယ္။

“သူတို႔ထက္ ပိုၿပီး ျမင့္မားတဲ့ေနရာမွာ ရွိေနေအာင္ လုပ္ျပမယ္လို႔ ေျပာခဲ့တဲ့ ေက်ာ္ၾကားတဲ့ စကားစုကို ကြၽန္​ေတာ္ သိပါတယ္။ ဒါေပမယ့္ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ကြၽန္ေတာ္ အဂၤလန္ကို ေရာက္လာတဲ့အခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္အေၾကာင္းေတြးဖို႔ထက္ တျခားလုပ္စရာေတြ ရွိခဲ့ပါတယ္။ ကြၽန္ေတာ့္ပထမဆုံးႏွစ္မွာ လက္စတာက ဖလားရခဲ့တယ္။ ဒုတိယႏွစ္က ခ်ဲလ္ဆီး။ ၿပီးေတာ့ မန္စီးတီးက လိဂ္ကို စၿပီးေတာ့ အႏိုင္ရခဲ့တယ္။ ဒါေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ကဘာမွ မလုပ္ႏိုင္ခဲ့ဘူး။ သူမ်ားအေၾကာင္း ကြၽန္ေတာ္ လိုက္မေတြးပါဘူး။ အဲဒါမ်ိဳး ကြၽန္ေတာ္ မလုပ္ဘူး။ ကြၽန္ေတာ္တို႔ သူတို႔နဲ႔ ရင္ဆိုင္ရရင္ေတာ့ ေတြးပါတယ္။ သူတို႔နဲ႔ မရင္ဆိုင္ရရင္ေတာ့ သူတို႔ဘာသာ လုပ္ခ်င္တာ လုပ္ၾကေပ့ါ။ကြၽန္ေတာ္ကေတာ့ အဲဒီလႊမ္းမိုးမႈ(ဖာဂူဆန္ရဲ႕ေအာင္ျမင္မႈအရွိန္အဝါ)နဲ႔ပတ္သက္ၿပီး ဘာမွကို စိတ္ထဲမရွိဘူး။ ကြၽန္ေတာ္ သတိထားမိခဲ့တာက အခု လီဗာပူးလ္က ဖလားအမ်ားဆုံးအႏိုင္ရတဲ့အသင္းျဖစ္ေနၿပီဆိုတာပဲ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္ကို အဲဒီအေၾကာင္း ေျပာျပခဲ့လို႔ပဲ။ ၿပီးေတာ့လည္း ကြၽန္ေတာ္က အဲဒါကို ေမ့သြားတာပါပဲ။ အဲဒါက အေရးႀကီးတယ္။ က်ိန္းေသတာေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဆုဖလားေတြ ရေနေသးသေ႐ြ႕ ဖလားဘယ္ႏွလုံးရထားတာဆိုၿပီး ေရတြက္မေနအားပါဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

၁၉၈၆ခုႏွစ္တုန္းက အိုးထရက္ဖို႔ဒ္ကို ဆာအဲလက္စ္ ဖာဂူဆန္ ေရာက္လာတဲ့အခ်ိန္တုန္းက လီဗာပူးလ္ထက္ သာလြန္ေအာင္ လုပ္ျပခ်င္တဲ့ ရည္မွန္းခ်က္အေၾကာင္း ေျပာခဲ့တာက လူသိမ်ား ေက်ာ္ၾကားခဲ့ၿပီး ေျပာတဲ့အတိုင္းပဲ ဆုဖလားေတြ ပိုမိုသာလြန္ေအာင္ လုပ္ျပႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္သာ ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္ခဲ့မယ္ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္ ရရွိခဲ့တဲ့ အႀကိမ္ ၂၀ နဲ႔ တူညီသြားေတာ့မွာျဖစ္ၿပီး ကေလာ့ပ္ဟာ ဖာဂူဆန္ရဲ႕ မန္ယူႏိုက္တက္ထက္ ခ်န္ပီယံလိဂ္ဖလားကို ၃ ႀကိမ္(၆ ႀကိမ္) ပိုမိုရရွိေအာင္ စြမ္းေဆာင္ေပးထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.