Premier League

ဟာလန်းတို့သားအဖရဲ့ တူညီတဲ့အရာကို ပြောပြလိုက်တဲ့ မန်စီးတီးတိုက်စစ်မှူးဟောင်း

လူမှာအမျိုး ကြက်မှာအရိုးဆိုတဲ့ စကားအတိုင်းပဲ လူတွေဟာ မျိုးရိုးကိုလိုက်ပြီး စိတ်သဘောထားနဲ့ ပုံပန်းသဏ္ဌာန်က တူညီတတ်ပြီး အာလင်း ဟာလန်းကလည်း ဖခင်ဖြစ်သူနဲ့ တစ်ပုံစံတည်းဖြစ်တယ်လို့ အယ်လ်ဖီဟာလန်းရဲ့ မန်စီးတီး အသင်းဖော်ဟောင်း ပေါ်လို ဝမ်ချုပ်က ပြောဆိုခဲ့ပါတယ်။

ကော်စတာရီကာတိုက်စစ်မှူးဟာ အာလင်း ဟာလန်းရဲ့ဖခင်နဲ့အတူ မန်စီးတီးအဝတ်လဲခန်းထဲမှာ အတူမျှဝေခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ အစ်တီဟတ်ကို ပြောင်းလာခဲ့တဲ့ နော်ဝေကြယ်ပွင့်တိုက်စစ်မှူးရဲ့ ဖခင်နဲ့ တူညီတဲ့အရာတွေကို သတိပြုမိခဲ့တာဖြစ်ပါတယ်။

“သူတို့မှာ တူညီတဲ့ အလုပ်အပေါ်ထားတဲ့ကျင့်ဝတ်ရှိကြတယ်။ အဲဒါတော့ သေချာတယ်။ နှစ်ယောက်စလုံးက အမြဲတမ်း တိုးတက်လာဖို့ ပြင်းပြင်းထန်ထန် ကြိုးစားပြီး အောင်မြင်မှုကို ဆာလောင်နေတဲ့ ယှဉ်ပြိုင်လိုစိတ်ကြီးမားတဲ့သူတွေပါ။ အာလင်းဆီမှာ ကျွန်တော် အဲဒါကို မြင်ပါတယ်။ အယ်လ်ဖီက ဘယ်တုန်းကမှ ပြင်းပြင်းထန်ထန် အလုပ်လုပ်ရမှာကို မကြောက်ရွံ့ခဲ့တဲ့ အရမ်းကောင်းတဲ့အသင်းဖော်တစ်ယောက်ဖြစ်ခဲ့ပြီး သူ့သားကလည်း အဖေနဲ့ တစ်ပုံစံတည်းပါပဲ။”

အများစုကတော့ အယ်လ်ဖီကို သားဖြစ်သူကို တိုက်ပွဲဝင်လိုစိတ် ရိုက်သွင်းပေးခဲ့တဲ့အတွက် ချီးကျူးခဲ့ကြပြီး အာလင်း ဟာလန်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဂိုးပေါက်ရှေ့မှာ အညှာအတာကင်းမဲ့တဲ့ အဆုံးသတ်သူဖြစ်ကြောင်း သက်သေပြသထားခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝမ်ချုပ်က ငယ်ရွယ်သေးတဲ့ ဟာလန်းအနေနဲ့ ဒီတိုင်း ဆက်လက်ပြီး ခြေစွမ်းပြသချင်တယ်ဆိုရင် တိုးတက်အောင် လုပ်ဖို့ လိုအပ်သေးတယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“သူက ပရီးမီးယားလိဂ်အကြောင်းကို ပိုပြီးသိအောင် လုပ်နေရတုန်းဖြစ်ပြီး သူ့ပြိုင်ဘက်တွေကလည်း သူ့ကို အခုဆိုရင် ကောင်းကောင်း ပိုသိလာပါပြီ။ သူတို့တွေ သူနဲ့ ရင်ဆိုင်ကစားခဲ့ပြီး သူ့လှုပ်ရှားမှုတွေကို ပိုကျက်မိလာပါပြီ။ အဲဒါက သူ့အတွက် စိန်ခေါ်မှုဖြစ်လာမှာပါ။ ဒါပေမယ့် သူ့လက်ရှိ ခြေစွမ်းက မဆိုးဘူး။ ဟုတ်တယ်မလား။ သူက အံ့အားသင့်စရာကောင်းတဲ့ ဂိုးအရေအတွက်တွေကို သွင်းယူနေတုန်းပဲ။ ဖိုဒန်အတိုင်းပါပဲ။ သူက ဆက်ပြီးတော့ ပိုကောင်းလာမှာပါ။ သူက ငယ်ရွယ်သေးတဲ့ ကစားသမားဖြစ်ပြီး မန်စီးတီး ကစားဟန်နဲ့ အသားကျအောင် လုပ်နေရတုန်းပါ။ မန်စီးတီးက ကစားသမားတွေနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကစားရမလဲ၊ မှန်ကန်တဲ့ ပြေးလွှားမှုတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာသင်ယူနေတုန်းပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။

ဝမ်ချုပ်ဟာ ဟာလန်းစီနီယာ လိဒ်စ်ယူနိုက်တက်ကနေ မန်စီးတီးကို ပြောင်းလာတဲ့နွေရာသီမှာပဲ အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး ရွိုင်ကီးနဲ့ နာမည်ကျော် ကြောက်မက်ဖွယ် ဖျက်ထုတ်မှုကြောင့် အယ်လ်ဖီဟာလန်း ကစားသမားဘဝ အဆုံးမသတ်ခင် တစ်ရာသီအပြည့် အတူတူ ကစားခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လူမွာအမ်ိဳး ၾကက္မွာအ႐ိုးဆိုတဲ့ စကားအတိုင္းပဲ လူေတြဟာ မ်ိဳး႐ိုးကိုလိုက္ၿပီး စိတ္သေဘာထားနဲ႔ ပုံပန္းသဏၭာန္က တူညီတတ္ၿပီး အာလင္း ဟာလန္းကလည္း ဖခင္ျဖစ္သူနဲ႔ တစ္ပုံစံတည္းျဖစ္တယ္လို႔ အယ္လ္ဖီဟာလန္းရဲ႕ မန္စီးတီး အသင္းေဖာ္ေဟာင္း ေပၚလို ဝမ္ခ်ဳပ္က ေျပာဆိုခဲ့ပါတယ္။

ေကာ္စတာရီကာတိုက္စစ္မႉးဟာ အာလင္း ဟာလန္းရဲ႕ဖခင္နဲ႔အတူ မန္စီးတီးအဝတ္လဲခန္းထဲမွာ အတူမွ်ေဝခဲ့ဖူးတဲ့ အသင္းေဖာ္ေဟာင္းျဖစ္ၿပီး ၂၀၂၂ ခုႏွစ္မွာ အစ္တီဟတ္ကို ေျပာင္းလာခဲ့တဲ့ ေနာ္ေဝၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ ဖခင္နဲ႔ တူညီတဲ့အရာေတြကို သတိျပဳမိခဲ့တာျဖစ္ပါတယ္။

“သူတို႔မွာ တူညီတဲ့ အလုပ္အေပၚထားတဲ့က်င့္ဝတ္ရွိၾကတယ္။ အဲဒါေတာ့ ေသခ်ာတယ္။ ႏွစ္ေယာက္စလုံးက အၿမဲတမ္း တိုးတက္လာဖို႔ ျပင္းျပင္းထန္ထန္ ႀကိဳးစားၿပီး ေအာင္ျမင္မႈကို ဆာေလာင္ေနတဲ့ ယွဥ္ၿပိဳင္လိုစိတ္ႀကီးမားတဲ့သူေတြပါ။ အာလင္းဆီမွာ ကြၽန္ေတာ္ အဲဒါကို ျမင္ပါတယ္။ အယ္လ္ဖီက ဘယ္တုန္းကမွ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ရမွာကို မေၾကာက္႐ြံ႕ခဲ့တဲ့ အရမ္းေကာင္းတဲ့အသင္းေဖာ္တစ္ေယာက္ျဖစ္ခဲ့ၿပီး သူ႔သားကလည္း အေဖနဲ႔ တစ္ပုံစံတည္းပါပဲ။”

အမ်ားစုကေတာ့ အယ္လ္ဖီကို သားျဖစ္သူကို တိုက္ပြဲဝင္လိုစိတ္ ႐ိုက္သြင္းေပးခဲ့တဲ့အတြက္ ခ်ီးက်ဴးခဲ့ၾကၿပီး အာလင္း ဟာလန္းဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ဂိုးေပါက္ေရွ႕မွာ အညႇာအတာကင္းမဲ့တဲ့ အဆုံးသတ္သူျဖစ္ေၾကာင္း သက္ေသျပသထားခဲ့ၿပီးျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဝမ္ခ်ဳပ္က ငယ္႐ြယ္ေသးတဲ့ ဟာလန္းအေနနဲ႔ ဒီတိုင္း ဆက္လက္ၿပီး ေျခစြမ္းျပသခ်င္တယ္ဆိုရင္ တိုးတက္ေအာင္ လုပ္ဖို႔ လိုအပ္ေသးတယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“သူက ပရီးမီးယားလိဂ္အေၾကာင္းကို ပိုၿပီးသိေအာင္ လုပ္ေနရတုန္းျဖစ္ၿပီး သူ႔ၿပိဳင္ဘက္ေတြကလည္း သူ႔ကို အခုဆိုရင္ ေကာင္းေကာင္း ပိုသိလာပါၿပီ။ သူတို႔ေတြ သူနဲ႔ ရင္ဆိုင္ကစားခဲ့ၿပီး သူ႔လႈပ္ရွားမႈေတြကို ပိုက်က္မိလာပါၿပီ။ အဲဒါက သူ႔အတြက္ စိန္ေခၚမႈျဖစ္လာမွာပါ။ ဒါေပမယ့္ သူ႔လက္ရွိ ေျခစြမ္းက မဆိုးဘူး။ ဟုတ္တယ္မလား။ သူက အံ့အားသင့္စရာေကာင္းတဲ့ ဂိုးအေရအတြက္ေတြကို သြင္းယူေနတုန္းပဲ။ ဖိုဒန္အတိုင္းပါပဲ။ သူက ဆက္ၿပီးေတာ့ ပိုေကာင္းလာမွာပါ။ သူက ငယ္႐ြယ္ေသးတဲ့ ကစားသမားျဖစ္ၿပီး မန္စီးတီး ကစားဟန္နဲ႔ အသားက်ေအာင္ လုပ္ေနရတုန္းပါ။ မန္စီးတီးက ကစားသမားေတြနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ ဘယ္လိုကစားရမလဲ၊ မွန္ကန္တဲ့ ေျပးလႊားမႈေတြ ဘယ္လိုလုပ္ရမလဲဆိုတာကို ေလ့လာသင္ယူေနတုန္းပါပဲ”လို႔ ေျပာဆိုခဲ့ပါတယ္။

ဝမ္ခ်ဳပ္ဟာ ဟာလန္းစီနီယာ လိဒ္စ္ယူႏိုက္တက္ကေန မန္စီးတီးကို ေျပာင္းလာတဲ့ေႏြရာသီမွာပဲ အသင္းကို ေရာက္လာခဲ့တာျဖစ္ၿပီး ႐ြိဳင္ကီးနဲ႔ နာမည္ေက်ာ္ ေၾကာက္မက္ဖြယ္ ဖ်က္ထုတ္မႈေၾကာင့္ အယ္လ္ဖီဟာလန္း ကစားသမားဘဝ အဆုံးမသတ္ခင္ တစ္ရာသီအျပည့္ အတူတူ ကစားခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.