Premier League

ဘန် ဝှိုက်ဘာသာ အရွေးမခံတာလို့ ပြောလိုက်တဲ့ ဆောက်ဂိတ်

အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါးရတ် ဆောက်ဂိတ်က ဘရာဇီးလ်၊ ဘယ်လ်ဂျီယမ်တို့နဲ့ ကစားရမယ့် အင်္ဂလန်ရဲ့ ခြေစွမ်းပွဲစဉ်တွေအတွက် လူစာရင်းထဲမှာ ဘန် ဝှိုက်ကို ချန်လှပ်ခဲ့တာက ဂန်းနားကြယ်ပွင့်ဟာ ကိုယ့်ဘာသာကိုယ် လူစာရင်းအတွက် အရွေးမခံရအောင် လုပ်ခဲ့တာကြောင့်လို့ ပြောဆိုခဲ့ပါတယ်။

ဘန် ဝှိုက်ဟာ ဒီရာသီမှာ အာဆင်နယ်အတွက် အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနေသူဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့က ဘရန့်တ်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အတွက် ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘန် ဝှိုက်ရဲ့ ဗဟိုခံစစ်နေရာရော ညာနောက်ခံနေရာမှာပါ ကစားနိုင်စွမ်းက နည်းပြတွေ ပြိုင်ပွဲအတွင်း နည်းဗျူဟာပိုင်း အလိုက်သင့်ပြောင်းလဲမှု ပြုလုပ်ဖို့ လိုအပ်ချိန်မှာ အပိုဆုကြီးတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

ဘန် ဝှိုက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်လူစာရင်းထဲမှာ ရွေးချယ်ခြင်းခံခဲ့ရပေမယ့်လည်း ဆီနီဂေါနဲ့ ကစားရမယ့် ၁၆ သင်းရှုံးထွက်အဆင့်ပွဲမတိုင်ခင် ဆောက်ဂိတ်ရဲ့ လက်ထောက်နည်းပြနဲ့ အချင်းများခဲ့ပြီးနောက် လူစာရင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

အဲဒီကိစ္စကြောင့် ဆောက်ဂိတ်က ဘန် ဝှိုက်ကို လူစာရင်းထဲ မခေါ်ယူခဲ့တာဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်နည်းပြ ငြင်းပယ်ခဲ့ပြီး အာဆင်နယ်ကြယ်ပွင့်က ကိုယ့်ဘာသာကိုယ် ရွေးချယ်လို့မရနိုင်အောင် ပြုလုပ်ခဲ့တာလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘန် ဝှိုက်က လူစာရင်းရွေးချယ်မှုအတွက် ရွေးချယ်လို့ရနိုင်တဲ့အခြေအနေမှာ ရှိနေလားလို့ မေးမြန်းခဲ့ရာမှာ ဆောက်ဂိတ်က “ဒီမှာ အဲဒါက ခင်ဗျားလုံးဝမေးသင့်တဲ့ မေးခွန်းပဲ။ ဘာလို့လဲဆိုတော့ သူ့ခြေစွမ်းအရဆိုရင် ကျွန်တော် သူ့ကို လူစာရင်းထဲပါဖို့ မထိုက်တန်ဘူးလို့ ပြောလို့မရဘူးဆိုတာ ရှင်းနေလို့ပါ။ ကျွန်တော်တို့ရယ်၊ ဂျွန် မက်ဒါးမော့(အက်ဖ်အေနည်းစနစ်ဒါရိုက်တာ)ရယ် အီဒူးဆီက ပြီးခဲ့တဲ့အပတ်က ဖုန်းရခဲ့တယ်။ ဘန်က အခုအချိန်မှာ အင်္ဂလန်လူစာရင်းအတွက် ထည့်သွင်းစဉ်းစားတာ မခံချင်သေးဘူးလို့ ပြောခဲ့တယ်။ ကျွန်တော့်အတွက်တော့ အဲဒါက အရမ်း နှမြောစရာကောင်းပါတယ်။ သူက ကျွန်တော်တကယ်နှစ်သက်မိတဲ့ ကစားသမားပါ။ သူက ဘရိုက်တန်မှာ ကစားနေကတည်းက ကျွန်တာ်တို့ ယူရိုပြိုင်ပွဲကို ခေါ်ခဲ့တဲ့ကစားသမားပါ။ ကမ္ဘာ့ဖလားကို ကျွန်တော်တို့ ခေါ်ခဲ့တဲ့ ကစားသမားပါ။ ကျွန်တော် ကာတာကမ္ဘာ့ဖလားအပြီးမှာ သူ့ကို စကားပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ့ကို လူစာရင်းထဲ ကျွန်တော် ရွေးချယ်ချင်လို့ဖြစ်ပြီး သူ့ဘက်က လက်မခံချင်တဲ့အမူအရာအရှင်းသား ပြခဲ့တယ်။ ဘာကြောင့်အဲဒီလိုဖြစ်နေတာလဲဆိုတာ ကျွန်တော် အပြည့်အဝ မသိပါဘူး။ ဒါပေမယ့် အဲဒါကို ကျွန်တော် လေစားရမှာပါ။”

ဒီလိုအခြေအနေတွေ ဖြစ်ခဲ့ပေမယ့်လည်း ဘန် ဝှိုက်ဟာ ၎င်းရဲ့ အစီအစဉ်ထဲမှာ ရှိနေဆဲဖြစ်တယ်လို့ ဆောက်ဂိတ်က ပြောဆိုခဲ့ပြီး အနာဂတ်မှာ ရွေးချယ်ဖို့ စဉ်းစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူ့အတွက် တံခါးဖွင့်ပေးထားချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကစားသမားကောင်းဖြစ်နေလို့ပါ။ သူက အင်္ဂလန်အတွက် ကွဲပြားခြားနားမှုတွေ ပြုလုပ်ပေးနိုင်မယ့် ကစားသမားလို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် သူက ကျွန်တော်တို့ ရွေးချယ်လို့ မရနိုင်ပါဘူး။ အဲဒီတော့ ကျွန်တော် ပြောချင်တဲ့ တစ်ခုတည်းသောအရာက သူနဲ့ ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှ မရှိဘူးဆိုတာပါပဲ။ ပြီးတော့ စတိဗ် ဟော်လန်နဲ့လည်း ဘာပြဿနာမှ မရှိခဲ့ဖူးဘူးလို့ ပြောရပါမယ်။ ဘာလို့လဲဆိုတော့ သူ့ကို သတင်းထဲ ထည့်ရေးနေကြတာမျိုး ကျွန်တော် မကြိုက်လို့ပါ။ လူတွေက ကျွန်တော့်အကြောင်း ပြောနိုင်တယ်။ ကျွန်တော် အဲဒီလို ပြောကြတာ မှားနေလည်း လက်ခံပါတယ်။ ဒီရာထူးကို ယူထားရင် ဘယ်လိုအကြောင်းနဲ့ပဲ ဖြစ်ဖြစ် အမြဲတမ်းနီးပါး ခင်ဗျား ကြုံရမှာပဲ။ ဒါပေမယ့် ကျွန်တော့်နည်းပြအဖွဲ့ထဲက အဓိကအဖွဲ့ဝင်တစ်ယောက် ဒီလိုအပြောခံရတာကိုတော့ ကျွန်တော် ကြိုတင်ပြင်ဆင်မထားဘူး။ ဘာလို့လဲဆိုတော့ ဘန်ကသာ အရွေးမခံလို့ဖြစ်ပြီး သူနဲ့ ပြဿနာဖြစ်ခဲ့တယ်ဆိုတဲ့ကိစ္စက မဟုတ်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္လက္ေ႐ြးစင္နည္းျပ ဂါးရတ္ ေဆာက္ဂိတ္က ဘရာဇီးလ္၊ ဘယ္လ္ဂ်ီယမ္တို႔နဲ႔ ကစားရမယ့္ အဂၤလန္ရဲ႕ ေျခစြမ္းပြဲစဥ္ေတြအတြက္ လူစာရင္းထဲမွာ ဘန္ ဝႈိက္ကို ခ်န္လွပ္ခဲ့တာက ဂန္းနားၾကယ္ပြင့္ဟာ ကိုယ့္ဘာသာကိုယ္ လူစာရင္းအတြက္ အေ႐ြးမခံရေအာင္ လုပ္ခဲ့တာေၾကာင့္လို႔ ေျပာဆိုခဲ့ပါတယ္။

ဘန္ ဝႈိက္ဟာ ဒီရာသီမွာ အာဆင္နယ္အတြက္ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းျပသေနသူျဖစ္ၿပီး ၿပီးခဲ့တဲ့ စေနေန႔က ဘရန႔္တ္ဖို႔ဒ္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ အာဆင္နယ္အတြက္ ဂိုးဖန္တီးမႈ ၂ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘန္ ဝႈိက္ရဲ႕ ဗဟိုခံစစ္ေနရာေရာ ညာေနာက္ခံေနရာမွာပါ ကစားႏိုင္စြမ္းက နည္းျပေတြ ၿပိဳင္ပြဲအတြင္း နည္းဗ်ဴဟာပိုင္း အလိုက္သင့္ေျပာင္းလဲမႈ ျပဳလုပ္ဖို႔ လိုအပ္ခ်ိန္မွာ အပိုဆုႀကီးတစ္ခုျဖစ္လာမွာျဖစ္ပါတယ္။

ဘန္ ဝႈိက္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အဂၤလန္လက္ေ႐ြးစင္လူစာရင္းထဲမွာ ေ႐ြးခ်ယ္ျခင္းခံခဲ့ရေပမယ့္လည္း ဆီနီေဂါနဲ႔ ကစားရမယ့္ ၁၆ သင္းရႈံးထြက္အဆင့္ပြဲမတိုင္ခင္ ေဆာက္ဂိတ္ရဲ႕ လက္ေထာက္နည္းျပနဲ႔ အခ်င္းမ်ားခဲ့ၿပီးေနာက္ လူစာရင္းကေန ႏုတ္ထြက္ခဲ့တာျဖစ္ပါတယ္။

အဲဒီကိစၥေၾကာင့္ ေဆာက္ဂိတ္က ဘန္ ဝႈိက္ကို လူစာရင္းထဲ မေခၚယူခဲ့တာျဖစ္တယ္လို႔ ေျပာဆိုမႈေတြ ရွိခဲ့ေပမယ့္လည္း အဂၤလန္လက္ေ႐ြးစင္နည္းျပ ျငင္းပယ္ခဲ့ၿပီး အာဆင္နယ္ၾကယ္ပြင့္က ကိုယ့္ဘာသာကိုယ္ ေ႐ြးခ်ယ္လို႔မရႏိုင္ေအာင္ ျပဳလုပ္ခဲ့တာလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဘန္ ဝႈိက္က လူစာရင္းေ႐ြးခ်ယ္မႈအတြက္ ေ႐ြးခ်ယ္လို႔ရႏိုင္တဲ့အေျခအေနမွာ ရွိေနလားလို႔ ေမးျမန္းခဲ့ရာမွာ ေဆာက္ဂိတ္က “ဒီမွာ အဲဒါက ခင္ဗ်ားလုံးဝေမးသင့္တဲ့ ေမးခြန္းပဲ။ ဘာလို႔လဲဆိုေတာ့ သူ႔ေျခစြမ္းအရဆိုရင္ ကြၽန္ေတာ္ သူ႔ကို လူစာရင္းထဲပါဖို႔ မထိုက္တန္ဘူးလို႔ ေျပာလို႔မရဘူးဆိုတာ ရွင္းေနလို႔ပါ။ ကြၽန္ေတာ္တို႔ရယ္၊ ဂြၽန္ မက္ဒါးေမာ့(အက္ဖ္ေအနည္းစနစ္ဒါ႐ိုက္တာ)ရယ္ အီဒူးဆီက ၿပီးခဲ့တဲ့အပတ္က ဖုန္းရခဲ့တယ္။ ဘန္က အခုအခ်ိန္မွာ အဂၤလန္လူစာရင္းအတြက္ ထည့္သြင္းစဥ္းစားတာ မခံခ်င္ေသးဘူးလို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ့္အတြက္ေတာ့ အဲဒါက အရမ္း ႏွေျမာစရာေကာင္းပါတယ္။ သူက ကြၽန္ေတာ္တကယ္ႏွစ္သက္မိတဲ့ ကစားသမားပါ။ သူက ဘ႐ိုက္တန္မွာ ကစားေနကတည္းက ကြၽန္တာ္တို႔ ယူ႐ိုၿပိဳင္ပြဲကို ေခၚခဲ့တဲ့ကစားသမားပါ။ ကမာၻ႔ဖလားကို ကြၽန္ေတာ္တို႔ ေခၚခဲ့တဲ့ ကစားသမားပါ။ ကြၽန္ေတာ္ ကာတာကမာၻ႔ဖလားအၿပီးမွာ သူ႔ကို စကားေျပာခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ကို လူစာရင္းထဲ ကြၽန္ေတာ္ ေ႐ြးခ်ယ္ခ်င္လို႔ျဖစ္ၿပီး သူ႔ဘက္က လက္မခံခ်င္တဲ့အမူအရာအရွင္းသား ျပခဲ့တယ္။ ဘာေၾကာင့္အဲဒီလိုျဖစ္ေနတာလဲဆိုတာ ကြၽန္ေတာ္ အျပည့္အဝ မသိပါဘူး။ ဒါေပမယ့္ အဲဒါကို ကြၽန္ေတာ္ ေလစားရမွာပါ။”

ဒီလိုအေျခအေနေတြ ျဖစ္ခဲ့ေပမယ့္လည္း ဘန္ ဝႈိက္ဟာ ၎ရဲ႕ အစီအစဥ္ထဲမွာ ရွိေနဆဲျဖစ္တယ္လို႔ ေဆာက္ဂိတ္က ေျပာဆိုခဲ့ၿပီး အနာဂတ္မွာ ေ႐ြးခ်ယ္ဖို႔ စဥ္းစားသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ သူ႔အတြက္ တံခါးဖြင့္ေပးထားခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက ကစားသမားေကာင္းျဖစ္ေနလို႔ပါ။ သူက အဂၤလန္အတြက္ ကြဲျပားျခားနားမႈေတြ ျပဳလုပ္ေပးႏိုင္မယ့္ ကစားသမားလို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ သူက ကြၽန္ေတာ္တို႔ ေ႐ြးခ်ယ္လို႔ မရႏိုင္ပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္ ေျပာခ်င္တဲ့ တစ္ခုတည္းေသာအရာက သူနဲ႔ ကြၽန္ေတာ္တို႔ၾကားမွာ ဘာျပႆနာမွ မရွိဘူးဆိုတာပါပဲ။ ၿပီးေတာ့ စတိဗ္ ေဟာ္လန္နဲ႔လည္း ဘာျပႆနာမွ မရွိခဲ့ဖူးဘူးလို႔ ေျပာရပါမယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ကို သတင္းထဲ ထည့္ေရးေနၾကတာမ်ိဳး ကြၽန္ေတာ္ မႀကိဳက္လို႔ပါ။ လူေတြက ကြၽန္ေတာ့္အေၾကာင္း ေျပာႏိုင္တယ္။ ကြၽန္ေတာ္ အဲဒီလို ေျပာၾကတာ မွားေနလည္း လက္ခံပါတယ္။ ဒီရာထူးကို ယူထားရင္ ဘယ္လိုအေၾကာင္းနဲ႔ပဲ ျဖစ္ျဖစ္ အၿမဲတမ္းနီးပါး ခင္ဗ်ား ႀကဳံရမွာပဲ။ ဒါေပမယ့္ ကြၽန္ေတာ့္နည္းျပအဖြဲ႕ထဲက အဓိကအဖြဲ႕ဝင္တစ္ေယာက္ ဒီလိုအေျပာခံရတာကိုေတာ့ ကြၽန္ေတာ္ ႀကိဳတင္ျပင္ဆင္မထားဘူး။ ဘာလို႔လဲဆိုေတာ့ ဘန္ကသာ အေ႐ြးမခံလို႔ျဖစ္ၿပီး သူနဲ႔ ျပႆနာျဖစ္ခဲ့တယ္ဆိုတဲ့ကိစၥက မဟုတ္လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.