Match Report UCL&UEL

အိမ်ကွင်းမှာ ၅ ဂိုးပြတ်နဲ့ ကွန်းဖရန့်လိဂ်ချန်ပီယံခြေစွမ်းပြပြီး ကွာတားတက်တဲ့ ဝက်စ်ဟမ်း

ဒေးဗစ် မိုရက်စ်ရဲ့ ဝက်စ်ဟမ်းဟာ ကြာသပတေးနေ့ညက ကစားခဲ့တဲ့ ဖရိုင်းဘာ့ဂ်နဲ့ပွဲစဉ်မှာ ၅-၀ နဲ့ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အိမ်ရှင်ဝက်စ်ဟမ်းဟာ ပထမပိုင်း ၉ မိနစ်မှာ လူးကပ်စ် ပါကယ်တာက ထောင့်ကန်ဘောကနေ ခရက်စ်ဝဲလ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဆူးချက် ခေါင်းတိုက် ချပေးလိုက်တာကို လျှောထိုးပြီး အနီးကပ်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၃၂ မိနစ်မှာ ဘိုဝင်က ဆူးချက် ပေးပို့လိုက်တဲ့ ဘောလုံးကို ဂိုးဧရိယာထိပ်ကို ဆွဲပြေးပြီး ဖိအားလိုက်ပေးနေတဲ့ ဂန်တာကို လဲကျသွားအောင် လုပ်ခဲ့ပြီးနောက် ဘယ်ခြေနဲ့ ဂိုးညာဘက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဧည့်သည်ဖရိုင်းဘာ့ဂ်ကလည်း တန်ပြန်တိုက်စစ်ကနေ ဝက်စ်ဟမ်းခံစစ်ကို ခြိမ်းခြောက်မှုအများအပြား ပြုလုပ်နိုင်ခဲ့ပြီး အပိုင်ကန်သွင်းချက်တွေကို အာရီယိုလာ ကာကွယ်နိုင်ခဲ့လို့သာ ဂိုးတွေ ပြန်မပေးခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းပြန်စပြီး ၅၂ မိနစ်မှာ ခရက်စ်ဝဲလ်က ပင်နယ်တီဧရိယာအစွန်ကနေ ဘောလုံးရယူပြီးနောက် ဘယ်ခြေနဲ့ ဂိုးညာဘက်ထောင့်ထဲကို လှလှပပ ကန်သွင်းယူပြီး တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

၃ ဂိုးအထိ ပေးခဲ့ရပြီးနောက်မှာ ဖရိုင်းဘာ့ဂ်က ချေပဂိုးပြန်ရဖို့ အပြင်းအထန်တိုက်စစ်ဆင်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ အများအပြား ပြုလုပ်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

၇၇ မိနစ်မှာတော့ ဖရိုင်းဘာ့ဂ်တို့ ဝက်စ်ဟမ်းကွင်းဘက်ခြမ်းမှာ တိုက်စစ်ပုံဖော်နေရင်း မိုဟာမက် ကူးဒက်စ်က ကြားဝင်ရယူပြီး တစ်ကိုယ်တော်အစွမ်းနဲ့ ပြိုင်ဘက်နောက်ခံလူတွေကြားကနေ ထိုးဖော်ပြေးလွှားပြီး ဂိုးညာဘက်အောက်ထောင့်ကို မြေလှိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီး ၅ မိနစ်အလိုမှာ မိုဟာမက် ကူးဒက်စ်ကပဲ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ဘိုဝင်နဲ့ ဝမ်းတူးရိုက်ပြီးနောက် ပင်နယ်တီဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဒးဗစ္ မိုရက္စ္ရဲ႕ ဝက္စ္ဟမ္းဟာ ၾကာသပေတးေန႔ညက ကစားခဲ့တဲ့ ဖ႐ိုင္းဘာ့ဂ္နဲ႔ပြဲစဥ္မွာ ၅-၀ နဲ႔ ဂိုးျပတ္ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အိမ္ရွင္ဝက္စ္ဟမ္းဟာ ပထမပိုင္း ၉ မိနစ္မွာ လူးကပ္စ္ ပါကယ္တာက ေထာင့္ကန္ေဘာကေန ခရက္စ္ဝဲလ္ ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဆူးခ်က္ ေခါင္းတိုက္ ခ်ေပးလိုက္တာကို ေလွ်ာထိုးၿပီး အနီးကပ္ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၃၂ မိနစ္မွာ ဘိုဝင္က ဆူးခ်က္ ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဂိုးဧရိယာထိပ္ကို ဆြဲေျပးၿပီး ဖိအားလိုက္ေပးေနတဲ့ ဂန္တာကို လဲက်သြားေအာင္ လုပ္ခဲ့ၿပီးေနာက္ ဘယ္ေျခနဲ႔ ဂိုးညာဘက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ဖ႐ိုင္းဘာ့ဂ္ကလည္း တန္ျပန္တိုက္စစ္ကေန ဝက္စ္ဟမ္းခံစစ္ကို ၿခိမ္းေျခာက္မႈအမ်ားအျပား ျပဳလုပ္ႏိုင္ခဲ့ၿပီး အပိုင္ကန္သြင္းခ်က္ေတြကို အာရီယိုလာ ကာကြယ္ႏိုင္ခဲ့လို႔သာ ဂိုးေတြ ျပန္မေပးခဲ့ရတာျဖစ္ပါတယ္။ ဒုတိယပိုင္းျပန္စၿပီး ၅၂ မိနစ္မွာ ခရက္စ္ဝဲလ္က ပင္နယ္တီဧရိယာအစြန္ကေန ေဘာလုံးရယူၿပီးေနာက္ ဘယ္ေျခနဲ႔ ဂိုးညာဘက္ေထာင့္ထဲကို လွလွပပ ကန္သြင္းယူၿပီး တတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

၃ ဂိုးအထိ ေပးခဲ့ရၿပီးေနာက္မွာ ဖ႐ိုင္းဘာ့ဂ္က ေခ်ပဂိုးျပန္ရဖို႔ အျပင္းအထန္တိုက္စစ္ဆင္လာခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ အမ်ားအျပား ျပဳလုပ္ႏိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

၇၇ မိနစ္မွာေတာ့ ဖ႐ိုင္းဘာ့ဂ္တို႔ ဝက္စ္ဟမ္းကြင္းဘက္ျခမ္းမွာ တိုက္စစ္ပုံေဖာ္ေနရင္း မိုဟာမက္ ကူးဒက္စ္က ၾကားဝင္ရယူၿပီး တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ၿပိဳင္ဘက္ေနာက္ခံလူေတြၾကားကေန ထိုးေဖာ္ေျပးလႊားၿပီး ဂိုးညာဘက္ေအာက္ေထာင့္ကို ေျမလွိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးဆုံးခါနီး ၅ မိနစ္အလိုမွာ မိုဟာမက္ ကူးဒက္စ္ကပဲ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ဘိုဝင္နဲ႔ ဝမ္းတူး႐ိုက္ၿပီးေနာက္ ပင္နယ္တီဧရိယာထိပ္ကေန ဘယ္ေျခနဲ႔ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.