Match Report UCL&UEL

ချန်ပီယံလိဂ် မကစားရလို့ ယူရိုပါမှာ ၁၁ ဂိုးသွင်းပြီး ပေါက်ကွဲပြတဲ့ လီဗာပူး

ညက ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ စတာပါ ပရက်ဂ်တို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်တွေက ၆-၁ နဲ့ နောက်ထပ်တစ်ကြိမ် ဂိုးပြတ်နိုင်ပွဲနဲ့အတူ ၂ ကျော့ပေါင်း ၁၁-၂ နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

လီဗာပူးလ်နောက်ခံလူ ကော်နာ ဘရက်ဒ်လီက လီဗာပူးလ်ဟာ ရာသီကုန်မှာ ခွဲခွာရတော့မယ့် နည်းပြ ယာဂန် ကလော့ပ်အတွက် ရနိုင်သမျှ ဆုဖလားအားလုံးကို ရယူပေးသွားချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါဝင်နူးညက်ဇ်က ပထမပိုင်း ၇ မိနစ်အတွင်း သွင်းယူခဲ့တဲ့ ၄ ဂိုးထဲက ပထမဆုံး ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး လီဗာပူးလ်ဟာ ချက်ကလပ်ကို အန်းဖီးမှာ အသက်ရှူခွင့်တောင်မပေးဘဲ တရကြမ်းထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ စပါတာဂရက်ဂ်ကို ၂ ကျော့ပေါင်း ဂိုးဒါဇင်ဝက်နီးပါး သွင်းယူနိုင်ခဲ့တာကြောင့် ဆယ်စုနှစ် ၄ ခုအတွင်း အကြီးမားဆုံးသော ဥရောပနိုင် ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ၁၉၈၀-၁၉၈၁ ခုနှစ်တုန်းက ဥရောပဖလားပြိုင်ပွဲ ပထမအကျော့မှာ ဖင်လန်ကလပ် အူလွန် ပယ်လိုဆီရာကို ၁၁-၂ နဲ့ အနိုင်ရခဲ့တဲ့ စံချိန်ကို လိုက်မီခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၇ မိနစ်မှာ ဒိုမီနစ် ဆဘော့ဇ်ဆလိုင်း ချိုးပေးလိုက်တဲ့ ဘောလုံးကို ဒါဝင်နူးညက်ဇ်က ဂိုးညာဘက်အောက်ထောင့်ထဲကို မြေလှိမ့်ဘော ကန်သွင်းယူပြီး ၁၁ ပွဲမှာ ၉ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည်တွေရဲ့ ခံစစ်ကနေ ဆိုးရွားတဲ့ ကစားပုံစတင်မှုကြောင့် လီဗာပူးလ်ရဲ့ တောက်ပတဲ့ စတင်မှုအတွက် နောက်ထပ် အရှိန်အဟုန် ရရှိစေခဲ့တာဖြစ်ပြီး ပထမဆုံးအကျိုးခံစားခဲ့ရသူဖြစ်တဲ့ ဘော်ဘီ ကလာ့ခ်က နောက်ထပ် ၆၈ စက္ကန့်အကြာမှာ သူ့ရဲ့ ပထမဆုံး ဥရောပ ပွဲထွက်ပါဝင်ကစားခွင့်ရတဲ့ပွဲမှာ ပထမဆုံး စီနီယာသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မိုဟာမက် ဆာလားက တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဒီရာသီ သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့ပြီး အသင်းသမိုင်းတလျှောက် ၇ ရာသီဆက်တိုက် ဂိုး ၂၀ ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်ရေးထိုးနိုင်ခဲ့ပါတယ်။

အီဂျစ်တိုက်စစ်မှူးဟာ လီဗာပူးလ်ရဲ့ စတုတ္ထမြောက်သွင်းဂိုးအတွက်လည်း ကိုဒီ ဂတ်ခ်ပို ဂိုးသွငး်ယူနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပြီး ၄၂ မိနစ်မှာ ဧည့်သည်တွေအတွက် ဘာမန်ဆီဗစ်က ချေပဂိုး တစ်ဂိုး ပြန်သွင်းယူပေးသွားခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတင်ပြီး ၃ မိနစ်အကြာမှာ ဆဘော့ဇ်ဆလိုင်းရဲ့ ကန်ချက်က လူထိမှန်လမ်းကြောင်းပြောင်းပြီး ဂိုးထဲဝင်သွားခဲ့တာကြောင့် လီဗာပူးလ်တို့ ပဉ္စမမြောက်ဦးဆောင်ဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အတွက် နောက်ဆုံးသွင်းဂိုးဖြစ်တဲ့ ဆဌမမြောက်ဂိုးကိုတော့ ဟာဗီး အဲလီးယော့တ်ရဲ့ ကန်ချက်ကနေ ဂတ်ခ်ပို လမ်းကြောင်းပြောင်းပေးပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ညက ကစားခဲ့တဲ့ လီဗာပူးလ္နဲ႔ စတာပါ ပရက္ဂ္တို႔ရဲ႕ပြဲစဥ္မွာ အိမ္ရွင္ေတြက ၆-၁ နဲ႔ ေနာက္ထပ္တစ္ႀကိမ္ ဂိုးျပတ္ႏိုင္ပြဲနဲ႔အတူ ၂ ေက်ာ့ေပါင္း ၁၁-၂ နဲ႔ အႏိုင္ရၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

လီဗာပူးလ္ေနာက္ခံလူ ေကာ္နာ ဘရက္ဒ္လီက လီဗာပူးလ္ဟာ ရာသီကုန္မွာ ခြဲခြာရေတာ့မယ့္ နည္းျပ ယာဂန္ ကေလာ့ပ္အတြက္ ရႏိုင္သမွ် ဆုဖလားအားလုံးကို ရယူေပးသြားခ်င္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါဝင္ႏူးညက္ဇ္က ပထမပိုင္း ၇ မိနစ္အတြင္း သြင္းယူခဲ့တဲ့ ၄ ဂိုးထဲက ပထမဆုံး ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး လီဗာပူးလ္ဟာ ခ်က္ကလပ္ကို အန္းဖီးမွာ အသက္ရႉခြင့္ေတာင္မေပးဘဲ တရၾကမ္းထိုးစစ္ဆင္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ေတြဟာ စပါတာဂရက္ဂ္ကို ၂ ေက်ာ့ေပါင္း ဂိုးဒါဇင္ဝက္နီးပါး သြင္းယူႏိုင္ခဲ့တာေၾကာင့္ ဆယ္စုႏွစ္ ၄ ခုအတြင္း အႀကီးမားဆုံးေသာ ဥေရာပႏိုင္ ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ၁၉၈၀-၁၉၈၁ ခုႏွစ္တုန္းက ဥေရာပဖလားၿပိဳင္ပြဲ ပထမအေက်ာ့မွာ ဖင္လန္ကလပ္ အူလြန္ ပယ္လိုဆီရာကို ၁၁-၂ နဲ႔ အႏိုင္ရခဲ့တဲ့ စံခ်ိန္ကို လိုက္မီခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း ၇ မိနစ္မွာ ဒိုမီနစ္ ဆေဘာ့ဇ္ဆလိုင္း ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ဒါဝင္ႏူးညက္ဇ္က ဂိုးညာဘက္ေအာက္ေထာင့္ထဲကို ေျမလွိမ့္ေဘာ ကန္သြင္းယူၿပီး ၁၁ ပြဲမွာ ၉ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ေတြရဲ႕ ခံစစ္ကေန ဆိုး႐ြားတဲ့ ကစားပုံစတင္မႈေၾကာင့္ လီဗာပူးလ္ရဲ႕ ေတာက္ပတဲ့ စတင္မႈအတြက္ ေနာက္ထပ္ အရွိန္အဟုန္ ရရွိေစခဲ့တာျဖစ္ၿပီး ပထမဆုံးအက်ိဳးခံစားခဲ့ရသူျဖစ္တဲ့ ေဘာ္ဘီ ကလာ့ခ္က ေနာက္ထပ္ ၆၈ စကၠန႔္အၾကာမွာ သူ႔ရဲ႕ ပထမဆုံး ဥေရာပ ပြဲထြက္ပါဝင္ကစားခြင့္ရတဲ့ပြဲမွာ ပထမဆုံး စီနီယာသြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

မိုဟာမက္ ဆာလားက တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ ဒီရာသီ သြင္းဂိုး ၂၀ ျပည့္ေျမာက္ခဲ့ၿပီး အသင္းသမိုင္းတေလွ်ာက္ ၇ ရာသီဆက္တိုက္ ဂိုး ၂၀ ျပည့္ေျမာက္တဲ့ ပထမဆုံးကစားသမားအျဖစ္ စံခ်ိန္ေရးထိုးႏိုင္ခဲ့ပါတယ္။

အီဂ်စ္တိုက္စစ္မႉးဟာ လီဗာပူးလ္ရဲ႕ စတုတၳေျမာက္သြင္းဂိုးအတြက္လည္း ကိုဒီ ဂတ္ခ္ပို ဂိုးသြငး္ယူႏိုင္ေအာင္ ဖန္တီးေပးႏိုင္ခဲ့ၿပီး ၄၂ မိနစ္မွာ ဧည့္သည္ေတြအတြက္ ဘာမန္ဆီဗစ္က ေခ်ပဂိုး တစ္ဂိုး ျပန္သြင္းယူေပးသြားခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စတင္ၿပီး ၃ မိနစ္အၾကာမွာ ဆေဘာ့ဇ္ဆလိုင္းရဲ႕ ကန္ခ်က္က လူထိမွန္လမ္းေၾကာင္းေျပာင္းၿပီး ဂိုးထဲဝင္သြားခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ ပၪၥမေျမာက္ဦးေဆာင္ဂိုးကို ရရွိခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အတြက္ ေနာက္ဆုံးသြင္းဂိုးျဖစ္တဲ့ ဆဌမေျမာက္ဂိုးကိုေတာ့ ဟာဗီး အဲလီးေယာ့တ္ရဲ႕ ကန္ခ်က္ကေန ဂတ္ခ္ပို လမ္းေၾကာင္းေျပာင္းေပးၿပီး သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.