UCL&UEL

လီဗာပူးလ်က ယူရိုပါလိဂ်မှာ ရှိမနေခဲ့သင့်ဘူးလို့ ပြောလိုက်တဲ့ စပါတာပရက်ဂ်နည်းပြ

စပါတာပရက်ဂ်နည်းပြ ဘရီယန် ပရစ်စကီက ဖန်တီးမှာ ၆-၁ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်ဟာ ယူရိုပါလိဂ်မှာ မကစားသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာပြီးခဲ့တဲ့အပတ် ပထမအကျော့ပွဲစဉ်တုန်းက စပါတာ ပရက်ဂ်ကို ၅-၁ နဲ့ ဂိုးပြတ် ချေမှုန်းခဲ့ပြီးနောက် ကြာသပတေးနေ့ည အန်းဖီးမှာလည်း ၆-၁ နဲ့ နောက်ထပ်တစ်ကြိမ် ဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပရစ်စကီက ၎င်းရဲ့အသင်းဟာ လီဗာပူးလ်လို အဆင့်အတန်းမျိုးနဲ့အသင်းကို ဘယ်တုန်းကမှ ရင်မဆိုင်ခဲ့ဖူးဘူးလို့ ဝန်ခံခဲ့ပြီး ကလော့ပ်ရဲ့အသင်းက ချန်ပီယံလိဂ်မှာပဲ ယှဉ်ပြိုင်နေခဲ့သင့်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ကမ္ဘာ့အဆင့်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ လီဗာပူးလ် ဒီ ၂ ကျော့စလုံးမှာ ကစားသွားတဲ့ပုံစံကို အကြီးကြီးလေးစားမိပါတယ်။ သူတို့တွေ ပွဲကို ချဉ်းကပ်တဲ့ပုံနဲ့ သူတို့မှာ ရှိနေတဲ့ စစ်မှန်တဲ့အရည်အသွေးတွေထည့်ပြီး ကစားသွားပါတယ်။ ဟုတ်တာပေါ့။ ကျွန်တော်ရော အသင်းသားတွေပါ တစ်ဦးချင်း လုပ်ခဲ့တဲ့ အမှားတွေအတွက် စိတ်ပျက်ခဲ့တယ်။ ပထမပွဲမှာရော ဒီပွဲမှာပါ ပထမဆုံးမိနစ် ၂၀ စလုံး အမှားတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ထပ်ပြောရရင် ကျွန်တော်တို့ ဒီနေ့မှာ ကမ္ဘာ့အဆင့်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ကျွန်တော့်အတွက် အရေးအကြီးဆုံး ပြောချင်တဲ့အရာက ခင်ဗျားတို့ရော ချက်ဘောလုံးပရိသတ်တွေပါ စပါတာနဲ့ လီဗာပူးလ်တို့ရဲ့ အဆင့်အတန်းက ကြီးကြီးမားမား ကွာဟနေတယ်ဆိုတာကို သိလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဆိုတာပါပဲ”

“သေချာတာတော့ ကျွန်တော်တို့ မဲခွဲတာကို မြင်လိုက်ရတဲ့အချိန်ကတည်းက ခက်ခဲတော့မယ်ဆိုတာ သိခဲ့တယ်ဆိုတာပါပဲ။ ကျွန်တော်တို့ ပထမပွဲမှာ ပိုကောင်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့တယ်လို့ ခံစားခဲ့ရပေမယ့် ၂ ပွဲစလုံးခြုံပြောရရင်တော့ သူတို့က ကျွန်တော်တို့ထက် အများကြီးကို သာလွန်နေခဲ့ပါတယ်။ ကျွန်တော်တို့ပိုင်ဆိုင်ခဲ့တဲ့ ဥရောပ ခရီးစဉ်ကို အသင်းတစ်သင်းအနေနဲ့ရော ကလပ်အသင်းတစ်ခုအနေနဲ့ပါ ယူဆောင်မသွားနိုင်ပါဘူး။ ဒါကို အိမ်မှာ ကျန်နေခဲ့တဲ့ ပရိသတ်တွေ သိမယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ကစားသမားတွေကို သူတို့လုပ်ခဲ့တာတွေအတွက် အသိအမှတ်ပြုချီးကျူးပါတယ်။ ဒီ ၂ ပွဲအပေါ်မှာ သူတို့ကို မတိုင်းတာစေချင်ပါဘူး။ ကျွန်တော် ပြောခဲ့သလိုပဲ ဒီရာသီမှာ ကျွန်တော်တို့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့အသင်းတွေက လုံးဝကို မတူညီတဲ့အဆင့်အတန်းရှိတဲ့အသင်းတွေပါ”

“ကျွန်တော်တို့ အသင်းကောင်းတွေနဲ့ ကစားခဲ့ရတယ်။ ဘက်တစ်၊ ရိန်းဂျားစ်၊နောက်ဆုံးရှုံးထွက်အဆင့်မှာ ဂလာတာဆာရေး။ ဒါပေမယ့် လီဗာပူးလ်ကတော့ လုံးဝကို မတူညီတဲ့အဆင့်အတန်းတစ်ခုပါ။ လုံးဝ မတူညီတဲ့အဆင့်အတန်းပါ။ ကျွန်တော်တို့ ဒီလိုအသင်းမျိုးနဲ့ ဘယ်တုန်းကမှ မရင်ဆိုင်ခဲ့ရဖူးဘူး။ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ဒါကို ထပ်မလုပ်ခင် အချိန်အချို့ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်က ချန်ပီယံလိဂ်အသင်းပါ။ သူတို့တွေက ချန်ပီယံလိဂ်မှာပဲ ရှိနေသင့်ပါတယ်။ သူတို့တွေက ဆီမီးဖိုင်နယ်မှာ ရှိနေရမှာဖြစ်ပါလိမ့်မယ်။ သူတို့တွေက လာမယ့် ၂ လအတွင်း ပရီးမီးယားလိဂ်ချန်ပီယံတွေဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ တစ်ဦးချင်းအရည်အသွေးကို မြင်ခဲ့ရတယ်။ အဲဒါက မတူညီတဲ့အဆင့်ပါ။လီဗာပူးလ်ကစားသမားတွေနဲ့ နည်းပြအဖွဲ့တွေအားလုံးကို အကြီးကြီး လေးစားမိပါတယ်။ တခြားရှုထောင့်ကနေ ပြောရမယ်ဆိုရင်တော့ တွေ့ရတာ ဝမ်းသာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
စပါတာပရက္ဂ္နည္းျပ ဘရီယန္ ပရစ္စကီက ဖန္တီးမွာ ၆-၁ နဲ႔ ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးေနာက္ လီဗာပူးလ္ဟာ ယူ႐ိုပါလိဂ္မွာ မကစားသင့္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာၿပီးခဲ့တဲ့အပတ္ ပထမအေက်ာ့ပြဲစဥ္တုန္းက စပါတာ ပရက္ဂ္ကို ၅-၁ နဲ႔ ဂိုးျပတ္ ေခ်မႈန္းခဲ့ၿပီးေနာက္ ၾကာသပေတးေန႔ည အန္းဖီးမွာလည္း ၆-၁ နဲ႔ ေနာက္ထပ္တစ္ႀကိမ္ ဂိုးျပတ္အႏိုင္ယူခဲ့ၿပီးေနာက္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရစ္စကီက ၎ရဲ႕အသင္းဟာ လီဗာပူးလ္လို အဆင့္အတန္းမ်ိဳးနဲ႔အသင္းကို ဘယ္တုန္းကမွ ရင္မဆိုင္ခဲ့ဖူးဘူးလို႔ ဝန္ခံခဲ့ၿပီး ကေလာ့ပ္ရဲ႕အသင္းက ခ်န္ပီယံလိဂ္မွာပဲ ယွဥ္ၿပိဳင္ေနခဲ့သင့္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ကမာၻ႔အဆင့္အသင္းနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။ လီဗာပူးလ္ ဒီ ၂ ေက်ာ့စလုံးမွာ ကစားသြားတဲ့ပုံစံကို အႀကီးႀကီးေလးစားမိပါတယ္။ သူတို႔ေတြ ပြဲကို ခ်ဥ္းကပ္တဲ့ပုံနဲ႔ သူတို႔မွာ ရွိေနတဲ့ စစ္မွန္တဲ့အရည္အေသြးေတြထည့္ၿပီး ကစားသြားပါတယ္။ ဟုတ္တာေပါ့။ ကြၽန္ေတာ္ေရာ အသင္းသားေတြပါ တစ္ဦးခ်င္း လုပ္ခဲ့တဲ့ အမွားေတြအတြက္ စိတ္ပ်က္ခဲ့တယ္။ ပထမပြဲမွာေရာ ဒီပြဲမွာပါ ပထမဆုံးမိနစ္ ၂၀ စလုံး အမွားေတြ လုပ္ခဲ့တယ္။ ဒါေပမယ့္ ထပ္ေျပာရရင္ ကြၽန္ေတာ္တို႔ ဒီေန႔မွာ ကမာၻ႔အဆင့္အသင္းနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။ ကြၽန္ေတာ့္အတြက္ အေရးအႀကီးဆုံး ေျပာခ်င္တဲ့အရာက ခင္ဗ်ားတို႔ေရာ ခ်က္ေဘာလုံးပရိသတ္ေတြပါ စပါတာနဲ႔ လီဗာပူးလ္တို႔ရဲ႕ အဆင့္အတန္းက ႀကီးႀကီးမားမား ကြာဟေနတယ္ဆိုတာကို သိလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ဆိုတာပါပဲ”

“ေသခ်ာတာေတာ့ ကြၽန္ေတာ္တို႔ မဲခြဲတာကို ျမင္လိုက္ရတဲ့အခ်ိန္ကတည္းက ခက္ခဲေတာ့မယ္ဆိုတာ သိခဲ့တယ္ဆိုတာပါပဲ။ ကြၽန္ေတာ္တို႔ ပထမပြဲမွာ ပိုေကာင္းေကာင္း ယွဥ္ၿပိဳင္ႏိုင္ခဲ့တယ္လို႔ ခံစားခဲ့ရေပမယ့္ ၂ ပြဲစလုံးၿခဳံေျပာရရင္ေတာ့ သူတို႔က ကြၽန္ေတာ္တို႔ထက္ အမ်ားႀကီးကို သာလြန္ေနခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ပိုင္ဆိုင္ခဲ့တဲ့ ဥေရာပ ခရီးစဥ္ကို အသင္းတစ္သင္းအေနနဲ႔ေရာ ကလပ္အသင္းတစ္ခုအေနနဲ႔ပါ ယူေဆာင္မသြားႏိုင္ပါဘူး။ ဒါကို အိမ္မွာ က်န္ေနခဲ့တဲ့ ပရိသတ္ေတြ သိမယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္တယ္။ ကစားသမားေတြကို သူတို႔လုပ္ခဲ့တာေတြအတြက္ အသိအမွတ္ျပဳခ်ီးက်ဴးပါတယ္။ ဒီ ၂ ပြဲအေပၚမွာ သူတို႔ကို မတိုင္းတာေစခ်င္ပါဘူး။ ကြၽန္ေတာ္ ေျပာခဲ့သလိုပဲ ဒီရာသီမွာ ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့အသင္းေတြက လုံးဝကို မတူညီတဲ့အဆင့္အတန္းရွိတဲ့အသင္းေတြပါ”

“ကြၽန္ေတာ္တို႔ အသင္းေကာင္းေတြနဲ႔ ကစားခဲ့ရတယ္။ ဘက္တစ္၊ ရိန္းဂ်ားစ္၊ေနာက္ဆုံးရႈံးထြက္အဆင့္မွာ ဂလာတာဆာေရး။ ဒါေပမယ့္ လီဗာပူးလ္ကေတာ့ လုံးဝကို မတူညီတဲ့အဆင့္အတန္းတစ္ခုပါ။ လုံးဝ မတူညီတဲ့အဆင့္အတန္းပါ။ ကြၽန္ေတာ္တို႔ ဒီလိုအသင္းမ်ိဳးနဲ႔ ဘယ္တုန္းကမွ မရင္ဆိုင္ခဲ့ရဖူးဘူး။ ကြၽန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ ဒါကို ထပ္မလုပ္ခင္ အခ်ိန္အခ်ိဳ႕ရွိေကာင္းရွိႏိုင္ပါတယ္။ ဒါေပမယ့္ လီဗာပူးလ္က ခ်န္ပီယံလိဂ္အသင္းပါ။ သူတို႔ေတြက ခ်န္ပီယံလိဂ္မွာပဲ ရွိေနသင့္ပါတယ္။ သူတို႔ေတြက ဆီမီးဖိုင္နယ္မွာ ရွိေနရမွာျဖစ္ပါလိမ့္မယ္။ သူတို႔ေတြက လာမယ့္ ၂ လအတြင္း ပရီးမီးယားလိဂ္ခ်န္ပီယံေတြျဖစ္ေကာင္းျဖစ္ႏိုင္ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ တစ္ဦးခ်င္းအရည္အေသြးကို ျမင္ခဲ့ရတယ္။ အဲဒါက မတူညီတဲ့အဆင့္ပါ။လီဗာပူးလ္ကစားသမားေတြနဲ႔ နည္းျပအဖြဲ႕ေတြအားလုံးကို အႀကီးႀကီး ေလးစားမိပါတယ္။ တျခားရႈေထာင့္ကေန ေျပာရမယ္ဆိုရင္ေတာ့ ေတြ႕ရတာ ဝမ္းသာပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.