UCL&UEL

သူရမ်ရဲ့ လော်ကိုင်ခဲ့တဲ့ကိစ္စကို တုံ့ပြန်လိုက်တဲ့ ဆားဗစ်

စတီဖန် ဆားဗစ်ဟာ အက်သလက်တီကို မက်ဒရစ်က အင်တာမီလန်ကို အနိုင်ရခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အတွင်း ၎င်းရဲ့ ငယ်ပါကို ကိုင်ဆွဲခဲ့တဲ့ မားကပ်စ် သူရမ်ရဲ့ ထူးဆန်းတဲ့ ဆုံးဖြတ်ချက်ကို ရယ်မောခဲ့ပြီး အရမ်း မရေးကြီးဘူးလို့ ပြောဆိုခဲ့ပါတယ်။

ပထမအကျော့က ၁-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတဲ့ အက်သလက်တီကို မက်ဒရစ်ဟာ ဒီမာကိုရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ပြန်လည်ချေပဖို့ ၂ ဂိုးအထိ လိုအပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂရစ်ဇ်မန်းက လျင်လျင်မြန်မြန်ပဲ ချေပဂိုး ပြန်လည်သွင်းယူသွားတာကြောင့် အိမ်ရှင်တွေအတွက် အားတက်စရာ ဖြစ်လာခဲ့ပြီး မန်းဖစ်ဒီပိုင်းက ပွဲပြီးဆုံးခါနီးမှာ အချိန်ပိုအထိ ဆက်ကစားရစေမယ့် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်နောက်ခံလူဟာ အမြဲတမ်း ပြိုင်ဘက်ကစားသမားတွေကို ဘောင်ထဲကနေ ညစ်လေ့ရှိပေမယ့်လည်း ပထမပိုင်း နာကျင်အချိန်ပိုမှာတော့ ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်စားခဲ့ရတာဖြစ်ပါတယ်။ အင်တာမီလန် တိုက်စစ်မှူး မားကပ်စ် သူရမ်ဟာ လက်ပစ်ဘောကနေ ဘောလုံးလက်ခံဖို့ ကြိုးပမ်းနေချိန်မှာ အနောက်ကနေ အတင်းလူလိုက်ကပ်နေတဲ့ ဆားဗစ်ရဲ့ ငယ်ပါကို ညှစ်လိုက်တာဖြစ်ပါတယ်။

ဆားဗစ်က နာကျင်မှုကြောင့် လဲကျသွားခဲ့ပေမယ့်လည်း သူရမ်ရဲ့ ခါးအောက်ပိုင်း တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ အပြစ်ပေး အရေးယူခြင်းမခံခဲ့ရဘဲ ပွဲအပြီးမှာတော့ အက်သလက်တီကိုမက်ဒရစ်နောက်ခံလူက အဲဒီဖြစ်စဉ်ကို အရေးမကြီးဟန်နဲ့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အဲဒါက ထူးဆန်းတဲ့အခြေအနေပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီလိုမျိုး ဖြစ်နေကျမဟုတ်လို့ပါ။ ဒါပေမယ့် အဆင်ပြေပါတယ်။ ပွဲထဲမှာ အဲဒီလိုမျိုးက ဖြစ်တတ်ပါတယ်။ အဆင်ပြေပါတယ်။ ကျွန်တော်တို့ အဲဒီကိစ္စအပြီးမှာ ရယ်မောခဲ့ကြတယ်။ ဘာလို့အဲဒီလိုလုပ်လိုက်တာလဲ ကျွန်တော် မသိဘူး။ အဲဒါက ထူးဆန်းတဲ့အခြေအနေဆိုပေမယ့် အရေးမကြီးပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စတီဖန္ ဆားဗစ္ဟာ အက္သလက္တီကို မက္ဒရစ္က အင္တာမီလန္ကို အႏိုင္ရခဲ့တဲ့ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္အတြင္း ၎ရဲ႕ ငယ္ပါကို ကိုင္ဆြဲခဲ့တဲ့ မားကပ္စ္ သူရမ္ရဲ႕ ထူးဆန္းတဲ့ ဆုံးျဖတ္ခ်က္ကို ရယ္ေမာခဲ့ၿပီး အရမ္း မေရးႀကီးဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ပထမအေက်ာ့က ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့မႈေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရတဲ့ အက္သလက္တီကို မက္ဒရစ္ဟာ ဒီမာကိုရဲ႕ အဖြင့္ဂိုးကို ခြင့္ျပဳခဲ့ရၿပီးေနာက္ ျပန္လည္ေခ်ပဖို႔ ၂ ဂိုးအထိ လိုအပ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂရစ္ဇ္မန္းက လ်င္လ်င္ျမန္ျမန္ပဲ ေခ်ပဂိုး ျပန္လည္သြင္းယူသြားတာေၾကာင့္ အိမ္ရွင္ေတြအတြက္ အားတက္စရာ ျဖစ္လာခဲ့ၿပီး မန္းဖစ္ဒီပိုင္းက ပြဲၿပီးဆုံးခါနီးမွာ အခ်ိန္ပိုအထိ ဆက္ကစားရေစမယ့္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ေနာက္ခံလူဟာ အၿမဲတမ္း ၿပိဳင္ဘက္ကစားသမားေတြကို ေဘာင္ထဲကေန ညစ္ေလ့ရွိေပမယ့္လည္း ပထမပိုင္း နာက်င္အခ်ိန္ပိုမွာေတာ့ ကိုယ္ေဖာ္တဲ့ေဆး ကိုယ္ျပန္စားခဲ့ရတာျဖစ္ပါတယ္။ အင္တာမီလန္ တိုက္စစ္မႉး မားကပ္စ္ သူရမ္ဟာ လက္ပစ္ေဘာကေန ေဘာလုံးလက္ခံဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ အေနာက္ကေန အတင္းလူလိုက္ကပ္ေနတဲ့ ဆားဗစ္ရဲ႕ ငယ္ပါကို ညႇစ္လိုက္တာျဖစ္ပါတယ္။

ဆားဗစ္က နာက်င္မႈေၾကာင့္ လဲက်သြားခဲ့ေပမယ့္လည္း သူရမ္ရဲ႕ ခါးေအာက္ပိုင္း တိုက္ခိုက္တဲ့ လုပ္ရပ္ဟာ အျပစ္ေပး အေရးယူျခင္းမခံခဲ့ရဘဲ ပြဲအၿပီးမွာေတာ့ အက္သလက္တီကိုမက္ဒရစ္ေနာက္ခံလူက အဲဒီျဖစ္စဥ္ကို အေရးမႀကီးဟန္နဲ႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အဲဒါက ထူးဆန္းတဲ့အေျခအေနပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ အဲဒီလိုမ်ိဳး ျဖစ္ေနက်မဟုတ္လို႔ပါ။ ဒါေပမယ့္ အဆင္ေျပပါတယ္။ ပြဲထဲမွာ အဲဒီလိုမ်ိဳးက ျဖစ္တတ္ပါတယ္။ အဆင္ေျပပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီကိစၥအၿပီးမွာ ရယ္ေမာခဲ့ၾကတယ္။ ဘာလို႔အဲဒီလိုလုပ္လိုက္တာလဲ ကြၽန္ေတာ္ မသိဘူး။ အဲဒါက ထူးဆန္းတဲ့အေျခအေနဆိုေပမယ့္ အေရးမႀကီးပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.