Premier League

အီဂျစ်နဲ့လီဗာပူးလ်တို့ စကားများနေခဲ့ချိန်မှာ ဝန်ကြီးနဲ့ တိုက်ရိုက်စကားပြောပြီး အညှာကိုင်ခဲ့တဲ့ ဆာလား

မိုဟာမက် ဆာလားဟာ လာမယ့် နိုင်ငံတကာပွဲစဉ်အားလပ်ရက်အတွက် အီဂျစ်လက်ရွေးစင်လူစာရင်းထဲကနေ ချန်လှပ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အီဂျစ်ဟာ လာမယ့် ၂ ပတ်အတွင်း အဘူဒါဘီမှာ နယူးဇီလန်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အဲဒီပွဲအပြီး တူနီးရှား၊ ခရိုအေးရှားတို့နဲ့ ကစားဖို့လည်း စီစဉ်ထားပြီးဖြစ်ပါတယ်။

ဒီနိုင်ငံတကာပွဲစဉ်အားလပ်ရက်ဟာ အာဖရိကဖလားပြိုင်ပွဲမှာ စိတ်ပျက်စရာစွမ်းဆောင်ရည် ပြသခဲ့ပြီးနောက် ၂ လအကြာမှာ ရောက်လာတာဖြစ်ပြီး အီဂျစ်ဟာ ၁၆ သင်းရှုံးထွက်မှာ ကွန်ဂိုရဲ့ ဖြုတ်ပစ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အီဂျစ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ အုပ်စုအဖွင့်ပွဲမှာပဲ ဒဏ်ရာရခဲ့လို့ လီဗာပူးလ်ကို ကုသမှုတွေ ခံယူဖို့ ပြန်လာခဲ့ရပြီး အီဂျစ်သာ ဗိုလ်လုပွဲတက်နိုင်ခဲ့ရင် ပြန်သွားကစားနိုင်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာလား မျှော်လင့်သလို ဖြစ်မလာခဲ့ဘဲ အီဂျစ်တိုက်စစ်မှူးကလည်း လီဗာပူးလ်အတွက် နောက်ဆုံး ၃ ပွဲစလုံးကို အရန်ခုံကနေ ပါဝင်ကစားပေးနိုင်ရုံလောက်သာ ကြံ့ခိုင်မှု ပြန်ရသေးတာဖြစ်ပါတယ်။

ဒဏ်ရာပြဿနာ အကင်းမသေသေးတာကြောင့် အီဂျစ်က မိုဟာမက် ဆာလားကို မတ်လ နိုင်ငံတကာပွဲစဉ်တွေအတွက် လူစာရင်းကနေ ချန်လှပ်ခဲ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်မှာ လီဗာပူးလ်ကြယ်ပွင့်က အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်ကြယ်ပွင့်ဟာ လက်ရွေးစင်အသင်းကို ကာလရှည် ကြံ့ခိုင်မှု ပြန်ရအောင် အရေးတကြီးမလိုအပ်သေးဘဲ မခေါ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ဆာလားနဲ့ နည်းပြသစ် ဟော့ဆန် ဟာဆန်နဲ့ ဆက်ဆံရေးက အေးခဲနေပေမယ့်လည်း အီဂျစ်အသင်းက လက်ခံခဲ့တာဖြစ်ပါတယ်။

ဟာဆန်ဟာ ရူအီ ဗီတိုးရီးယားရဲ့ နေရာမှာ နည်းပြသစ်အဖြစ် လွှဲပြောင်းလက်မခံခင် ကုသမှုခံယူဖို့ လီဗာပူးလ် ပြန်သွားခဲ့တဲ့ ဆာလားရဲ့ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်ပြီး လီဗာပူးလ်ကလည်း ကြယ်ပွင့်ကစားသမားကို မတ်လနိုင်ငံတကာပွဲတွေကနေ ကင်းလွတ်ခွင့်ပေးဖို့ အီဂျစ်အက်ဖ်အေကို စာရေးသားတောင်းဆိုခဲ့တာဖြစ်ပါတယ်။

အီဂျစ်အက်ဖ်အေက အစပိုင်းမှာ အဲဒီတောင်းဆိုမှုကို ငြင်းပယ်ခဲ့ပေမယ့်လည်း အချိန်အတော်ကြာ ပြောဆိုဆွေးနွေးခဲ့ပြီးနောက်မှာ ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့တာဖြစ်ပြီး နည်းပြ ဟာဆန်က ဆာလားကို ချန်လှပ်ခဲ့ဖို့ အလွန်အမင်း တွန့်ဆုတ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

နည်းပြ ဟာဆန်ကို အီဂျစ်အားကစားဝန်ကြီး အာရှရပ်ဖ် ဆိုဘီကိုယ်တိုင်က မိုဟာမက် ဆာလားဟာ ဒဏ်ရာကြောင့် လူစာရင်းထဲမှာ မခေါ်ဖို့ သူ့ကို တိုက်ရိုက်ပြောဆိုခဲ့တဲ့အကြောင်း ပြောပြပြီး ဖျောင်းဖျခဲ့လို့ နောက်ဆုံးမှာ သဘောတူလိုက်တာဖြစ်ပါတယ်။

အီဂျစ်အသင်းရဲ့ မတ်လပွဲစဉ်တွေအပြီး ကစားရမယ့်ပွဲတွေက ဇွန်လအစောပိုင်းမှဖြစ်ပြီး ဘာကီနာဖာဆို၊ ဂီနီယာတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မိုဟာမက္ ဆာလားဟာ လာမယ့္ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္အတြက္ အီဂ်စ္လက္ေ႐ြးစင္လူစာရင္းထဲကေန ခ်န္လွပ္ခံရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

အီဂ်စ္ဟာ လာမယ့္ ၂ ပတ္အတြင္း အဘူဒါဘီမွာ နယူးဇီလန္နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး အဲဒီပြဲအၿပီး တူနီးရွား၊ ခ႐ိုေအးရွားတို႔နဲ႔ ကစားဖို႔လည္း စီစဥ္ထားၿပီးျဖစ္ပါတယ္။

ဒီႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ဟာ အာဖရိကဖလားၿပိဳင္ပြဲမွာ စိတ္ပ်က္စရာစြမ္းေဆာင္ရည္ ျပသခဲ့ၿပီးေနာက္ ၂ လအၾကာမွာ ေရာက္လာတာျဖစ္ၿပီး အီဂ်စ္ဟာ ၁၆ သင္းရႈံးထြက္မွာ ကြန္ဂိုရဲ႕ ျဖဳတ္ပစ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ အီဂ်စ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားဟာ အုပ္စုအဖြင့္ပြဲမွာပဲ ဒဏ္ရာရခဲ့လို႔ လီဗာပူးလ္ကို ကုသမႈေတြ ခံယူဖို႔ ျပန္လာခဲ့ရၿပီး အီဂ်စ္သာ ဗိုလ္လုပြဲတက္ႏိုင္ခဲ့ရင္ ျပန္သြားကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆာလား ေမွ်ာ္လင့္သလို ျဖစ္မလာခဲ့ဘဲ အီဂ်စ္တိုက္စစ္မႉးကလည္း လီဗာပူးလ္အတြက္ ေနာက္ဆုံး ၃ ပြဲစလုံးကို အရန္ခုံကေန ပါဝင္ကစားေပးႏိုင္႐ုံေလာက္သာ ႀကံ့ခိုင္မႈ ျပန္ရေသးတာျဖစ္ပါတယ္။

ဒဏ္ရာျပႆနာ အကင္းမေသေသးတာေၾကာင့္ အီဂ်စ္က မိုဟာမက္ ဆာလားကို မတ္လ ႏိုင္ငံတကာပြဲစဥ္ေတြအတြက္ လူစာရင္းကေန ခ်န္လွပ္ခဲ့ဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး ဒီဆုံးျဖတ္ခ်က္မွာ လီဗာပူးလ္ၾကယ္ပြင့္က အဓိကက်တဲ့အခန္းက႑ကေန ပါဝင္ခဲ့တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

လီဗာပူးလ္ၾကယ္ပြင့္ဟာ လက္ေ႐ြးစင္အသင္းကို ကာလရွည္ ႀကံ့ခိုင္မႈ ျပန္ရေအာင္ အေရးတႀကီးမလိုအပ္ေသးဘဲ မေခၚဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ဆာလားနဲ႔ နည္းျပသစ္ ေဟာ့ဆန္ ဟာဆန္နဲ႔ ဆက္ဆံေရးက ေအးခဲေနေပမယ့္လည္း အီဂ်စ္အသင္းက လက္ခံခဲ့တာျဖစ္ပါတယ္။

ဟာဆန္ဟာ ႐ူအီ ဗီတိုးရီးယားရဲ႕ ေနရာမွာ နည္းျပသစ္အျဖစ္ လႊဲေျပာင္းလက္မခံခင္ ကုသမႈခံယူဖို႔ လီဗာပူးလ္ ျပန္သြားခဲ့တဲ့ ဆာလားရဲ႕ဆုံးျဖတ္ခ်က္ကို ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့သူျဖစ္ၿပီး လီဗာပူးလ္ကလည္း ၾကယ္ပြင့္ကစားသမားကို မတ္လႏိုင္ငံတကာပြဲေတြကေန ကင္းလြတ္ခြင့္ေပးဖို႔ အီဂ်စ္အက္ဖ္ေအကို စာေရးသားေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

အီဂ်စ္အက္ဖ္ေအက အစပိုင္းမွာ အဲဒီေတာင္းဆိုမႈကို ျငင္းပယ္ခဲ့ေပမယ့္လည္း အခ်ိန္အေတာ္ၾကာ ေျပာဆိုေဆြးေႏြးခဲ့ၿပီးေနာက္မွာ ဆုံးျဖတ္ခ်က္ကို ျပန္ျပင္ခဲ့တာျဖစ္ၿပီး နည္းျပ ဟာဆန္က ဆာလားကို ခ်န္လွပ္ခဲ့ဖို႔ အလြန္အမင္း တြန႔္ဆုတ္ခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

နည္းျပ ဟာဆန္ကို အီဂ်စ္အားကစားဝန္ႀကီး အာရွရပ္ဖ္ ဆိုဘီကိုယ္တိုင္က မိုဟာမက္ ဆာလားဟာ ဒဏ္ရာေၾကာင့္ လူစာရင္းထဲမွာ မေခၚဖို႔ သူ႔ကို တိုက္႐ိုက္ေျပာဆိုခဲ့တဲ့အေၾကာင္း ေျပာျပၿပီး ေဖ်ာင္းဖ်ခဲ့လို႔ ေနာက္ဆုံးမွာ သေဘာတူလိုက္တာျဖစ္ပါတယ္။

အီဂ်စ္အသင္းရဲ႕ မတ္လပြဲစဥ္ေတြအၿပီး ကစားရမယ့္ပြဲေတြက ဇြန္လအေစာပိုင္းမွျဖစ္ၿပီး ဘာကီနာဖာဆို၊ ဂီနီယာတို႔နဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲအတြက္ ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.