UCL&UEL

ကွာတားမှာ ဂန်းနားတွေမတွေ့ချင်မယ့် ၂ သင်းကို ပြောပြခဲ့တဲ့ အွန်နရီ

အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီက သောကြာနေ့မှာ ကျင်းပပြုလုပ်သွားမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မဲခွဲပွဲမတိုင်ခင် မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ သောကြာနေ့ မဲခွဲပွဲမှာ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်၊ ဘိုင်ယန်၊ ဒေါ့မွန်၊ ပီအက်စ်ဂျီတို့နဲ့အတူ ပါဝင်သွားမှာဖြစ်ပါတယ်။

ဂန်းနားဂန္တဝင် အွန်နရီက ပြိုင်ပွဲဒီအဆင့်မှာ ဘယ်အသင်းနဲ့ကျကျ လွယ်မှာမဟုတ်ဘူးလို့ ယုံကြည်နေပြီး အာဆင်နယ်အတွက်တော့ ရီးရဲလ်မက်ဒရစ်က အခက်ခဲဆုံး ပြိုင်ဘက်ဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မဲခွဲပွဲမှာ ဒေါ့မွန်က အားနည်းတဲ့အသင်းလို့ မြင်လားလို့ မေးမြန်းခံခဲ့ရချိန်မှာ အွန်နရီက “ကျွန်တော် ကစားသမားတစ်ယောက်အနေနဲ့ လူတွေက ကျွန်တော်တို့အာဆင်နယ်နဲ့ မကစားချင်တဲ့အခြေအနေမျိုး ကြုံခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ခပ်ဝေးဝေး မသွားနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ဗိုလ်လုပွဲတက်ခဲ့တဲ့အချိန်တုန်းက ရှိခဲ့တဲ့အသင်းကလည်း အကောင်းဆုံးအသင်းဖြစ်ခဲ့တယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်နဲ့ သွားကျတော့ အားလုံးက ရယ်မောခဲ့ကြတာကို မှတ်မိပါသေးတယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ်က အသင်းတိုင်း ကျချင်တဲ့အသင်းမို့လို့တဲ့။ ကျွန်တော်တို့ ဂျူဗင်တပ်နဲ့ကျတော့လည်း အားလုံးက ဂျူဗင်တပ်တော့ ပွဲချောင်ပြီလို့ ပြောခဲ့ကြတယ်။ ပြီးတော့ ကျွန်တော်တို့ အဲဒီအချိန်တုန်းက တကယ်ကောင်းတဲ့အသင်းဖြစ်နေခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ကျတော့လည်း အာဆင်နယ်နဲ့ ကစားရမှာဆိုတော့ ကောင်းတာပေါ့တဲ့။ ပြီးတော့ ကျွန်တော်တို့ ဗိုလ်လုပွဲမှာ အနိုင်မရခဲ့တာ ခင်ဗျားလည်း အသိပဲ။ ကျွန်တော် ပြောချင်တာက ခင်ဗျား ဥရောပမှာ ဘယ်သူ့ကိုမှ မလေးမစားလုပ်လို့မရပါဘူး”

“ဆရာကြီးအထာဖမ်းလို့ရနိုင်တဲ့အသင်း ၂ သင်းရှိတယ်။ အဲဒါက ရီးရဲလ်မက်ဒရစ်နဲ့မန်စီးတီးပဲ။ ကျန်တဲ့အသင်းတွေထဲက ခင်ဗျား ကစားနိုင်မယ့်အသင်းကို ရွေးလို့ရတယ်။ မန်စီးတီးက ကျွန်တော့်အတွက်တော့ အနိုင်ရယူမယ့်အသင်းဖြစ်နေသေးတယ်လို့ ထင်ပါတယ်။ ကျွန်တော် ပပ်ကို သိတယ်။ သူကတော့ အဲဒီလို သဘောထားမှာမဟုတ်ပါဘူး။ ကျွန်တော်က ကျွန်တော့်အမြင်ကို ပြောပြတာပါ။ကျွန်တော် ကစားသမားဘဝတုန်းက ကစားဖို့လွယ်တယ်လို့ ပြောကြတဲ့အသင်းတွေနဲ့ ကစားရင် တစ်ခါတလေ ထင်သလောက်မလွယ်တဲ့ အခြေအနေမျိုး အများကြီးကြုံဖူးတယ်။ ခင်ဗျား ကွင်းထဲရောက်လာတော့ လူတွေက မင်းကတော့ အေးဆေးနိုင်မှာပါကွာလို့ ထင်ကြတယ်။ အဲဒီလို တကယ်မဖြစ်ခဲ့ပါဘူး။ အဲဒီတော့ ချန်ပီယံတွေကတော့ မန်စီးတီး။ ပြီးတော့ ရီးရဲလ်မက်ဒရစ်ပါ။ ကျွန်တော်တို့ သူတို့တွေမှာ တခြားအသင်းတွေထက် ဖလား ၁၄ လုံးလောက် ရပြီးသားဆိုတာသိပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ကြတာပေါ့။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ သီယာရီ အြန္နရီက ေသာၾကာေန႔မွာ က်င္းပျပဳလုပ္သြားမယ့္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မဲခြဲပြဲမတိုင္ခင္ မန္စီးတီးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ဟာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးျဖစ္တယ္လို႔ သတ္မွတ္ခဲ့ပါတယ္။

အာဆင္နယ္ဟာ ေသာၾကာေန႔ မဲခြဲပြဲမွာ မန္စီးတီး၊ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ အက္သလက္တီကို မက္ဒရစ္၊ ဘိုင္ယန္၊ ေဒါ့မြန္၊ ပီအက္စ္ဂ်ီတို႔နဲ႔အတူ ပါဝင္သြားမွာျဖစ္ပါတယ္။

ဂန္းနားဂႏၲဝင္ အြန္နရီက ၿပိဳင္ပြဲဒီအဆင့္မွာ ဘယ္အသင္းနဲ႔က်က် လြယ္မွာမဟုတ္ဘူးလို႔ ယုံၾကည္ေနၿပီး အာဆင္နယ္အတြက္ေတာ့ ရီးရဲလ္မက္ဒရစ္က အခက္ခဲဆုံး ၿပိဳင္ဘက္ျဖစ္လာလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္မဲခြဲပြဲမွာ ေဒါ့မြန္က အားနည္းတဲ့အသင္းလို႔ ျမင္လားလို႔ ေမးျမန္းခံခဲ့ရခ်ိန္မွာ အြန္နရီက “ကြၽန္ေတာ္ ကစားသမားတစ္ေယာက္အေနနဲ႔ လူေတြက ကြၽန္ေတာ္တို႔အာဆင္နယ္နဲ႔ မကစားခ်င္တဲ့အေျခအေနမ်ိဳး ႀကဳံခဲ့ဖူးပါတယ္။ ကြၽန္ေတာ္တို႔ ခပ္ေဝးေဝး မသြားႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္တို႔ ဗိုလ္လုပြဲတက္ခဲ့တဲ့အခ်ိန္တုန္းက ရွိခဲ့တဲ့အသင္းကလည္း အေကာင္းဆုံးအသင္းျဖစ္ခဲ့တယ္လို႔ မထင္ပါဘူး။ ကြၽန္ေတာ္တို႔ ရီးရဲလ္မက္ဒရစ္နဲ႔ သြားက်ေတာ့ အားလုံးက ရယ္ေမာခဲ့ၾကတာကို မွတ္မိပါေသးတယ္။ ဘာလို႔လဲဆိုေတာ့ အာဆင္နယ္က အသင္းတိုင္း က်ခ်င္တဲ့အသင္းမို႔လို႔တဲ့။ ကြၽန္ေတာ္တို႔ ဂ်ဴဗင္တပ္နဲ႔က်ေတာ့လည္း အားလုံးက ဂ်ဴဗင္တပ္ေတာ့ ပြဲေခ်ာင္ၿပီလို႔ ေျပာခဲ့ၾကတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ အဲဒီအခ်ိန္တုန္းက တကယ္ေကာင္းတဲ့အသင္းျဖစ္ေနခဲ့တဲ့ ဗီလာရီးရဲလ္နဲ႔ က်ေတာ့လည္း အာဆင္နယ္နဲ႔ ကစားရမွာဆိုေတာ့ ေကာင္းတာေပါ့တဲ့။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဗိုလ္လုပြဲမွာ အႏိုင္မရခဲ့တာ ခင္ဗ်ားလည္း အသိပဲ။ ကြၽန္ေတာ္ ေျပာခ်င္တာက ခင္ဗ်ား ဥေရာပမွာ ဘယ္သူ႔ကိုမွ မေလးမစားလုပ္လို႔မရပါဘူး”

“ဆရာႀကီးအထာဖမ္းလို႔ရႏိုင္တဲ့အသင္း ၂ သင္းရွိတယ္။ အဲဒါက ရီးရဲလ္မက္ဒရစ္နဲ႔မန္စီးတီးပဲ။ က်န္တဲ့အသင္းေတြထဲက ခင္ဗ်ား ကစားႏိုင္မယ့္အသင္းကို ေ႐ြးလို႔ရတယ္။ မန္စီးတီးက ကြၽန္ေတာ့္အတြက္ေတာ့ အႏိုင္ရယူမယ့္အသင္းျဖစ္ေနေသးတယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္ ပပ္ကို သိတယ္။ သူကေတာ့ အဲဒီလို သေဘာထားမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္က ကြၽန္ေတာ့္အျမင္ကို ေျပာျပတာပါ။ကြၽန္ေတာ္ ကစားသမားဘဝတုန္းက ကစားဖို႔လြယ္တယ္လို႔ ေျပာၾကတဲ့အသင္းေတြနဲ႔ ကစားရင္ တစ္ခါတေလ ထင္သေလာက္မလြယ္တဲ့ အေျခအေနမ်ိဳး အမ်ားႀကီးႀကဳံဖူးတယ္။ ခင္ဗ်ား ကြင္းထဲေရာက္လာေတာ့ လူေတြက မင္းကေတာ့ ေအးေဆးႏိုင္မွာပါကြာလို႔ ထင္ၾကတယ္။ အဲဒီလို တကယ္မျဖစ္ခဲ့ပါဘူး။ အဲဒီေတာ့ ခ်န္ပီယံေတြကေတာ့ မန္စီးတီး။ ၿပီးေတာ့ ရီးရဲလ္မက္ဒရစ္ပါ။ ကြၽန္ေတာ္တို႔ သူတို႔ေတြမွာ တျခားအသင္းေတြထက္ ဖလား ၁၄ လုံးေလာက္ ရၿပီးသားဆိုတာသိပါတယ္။ ဘာေတြျဖစ္လာမလဲဆိုတာကို ၾကည့္ၾကတာေပါ့။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.