Match Report UCL&UEL

ဆန်ချိုနဲ့ ရွိုက်စ်တို့အစွမ်းနဲ့ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ကွာတားတက်နိုင်ခဲ့တဲ့ ဒေါ့မွန်

ဒေါမွန်ဟာ ဗုဒ္ဓဟူးနေ့ညက ပီအက်စ်ဗွီနဲ့ ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ဂျေဒန် ဆန်ချိုနဲ့ မာကို ရွိုက်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ ကျော့ပေါင်း ၃-၁ နဲ့ အနိုင်ရခဲ့ပြီး ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ပထမပိုင်းစပြီး ၃ မိနစ်မှာပဲ ဂျေဒန် ဆန်ချိုက ပင်နယ်တီဧရိယာထိပ်ကနေ မြေလှိမ့်ဘော အပြင်းကန်သွင်းယူပေးခဲ့မှုကြောင့် ဒေါ့မွန်တို့ စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး အီဒင် တာဇစ်ရဲ့အသင်းရဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးဟာ ဖားခရုဂျ် တိုက်စစ်စချိန်မှာ လူကျွံနေခဲ့တယ်ဆိုပြီး ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။

လူစားဝင်ကစားပေးခဲ့တဲ့ အသင်းခေါင်းဆောင် မာကို ရွိုက်စ်က နာကျင်အချိန်ပိုမှာ ပီအက်စ်ဗွီ အမှားကနေတဆင့် ဂိုးသမား ဘင်နီတက်ဇ်နဲ့ တစ်ဦးချင်း ကန်သွင်းယူပြီး ဒေါ့မွန်အတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဗွီအတွက် အကောင်းဆုံးအခွင့်အရေးဟာ ဒေါ့မွန်ရဲ့ နောက်ကျ ဒုတိယမြောက် ဦးဆောင်ဂိုးမတိုင်ခင် မိနစ်အနည်းငယ်အလိုမှာ ရရှိခဲ့တာဖြစ်ပြီး လုခ် ဒီယုံးက ဝမ်းတူးရိုက်ပြီး ကန်သွင်းလိုက်တဲ့ အနီးကပ်ကန်ချက်က ဂိုးဘားတန်းပေါ်ကျော်သွားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်အသင်းဟာ ပွဲစစချင်းမှာပဲ ချဲလ်ဆီးကနေ အငှားနဲ့ လာကစားနေတဲ့ အီယန် မတ်ဆန်ရဲ့ ကန်ချက်ကို ဘင်နီတက်ဇ် ပုတ်ထုတ်ကာကွယ်နိုင်လိုက်တာကြောင့် စောစောစီးစီး ဦးဆောင်ဂိုး မရခဲ့တာဖြစ်ပေမယ့် မကြာမီမှာပဲ ဆန်ချိုက ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ မန်ချက်စတာယူနိုက်တက်ကနေ ဒေါ့မွန်ကို အငှားနဲ့ ပြန်လာခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ကြယ်ပွင့်ဟာ ဒုတိယပိုင်း ၇၅ မိနစ်မှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရပေမယ့်လည်း ပထမပိုင်းက သွင်းဂိုးနဲ့ လူစားလဲမခံရခင်အထိ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဒါမြန္ဟာ ဗုဒၶဟူးေန႔ညက ပီအက္စ္ဗြီနဲ႔ ကစားခဲ့တဲ့ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ မာကို ႐ြိဳက္စ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂ ေက်ာ့ေပါင္း ၃-၁ နဲ႔ အႏိုင္ရခဲ့ၿပီး ၃ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ကြာတားဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

ပထမပိုင္းစၿပီး ၃ မိနစ္မွာပဲ ေဂ်ဒန္ ဆန္ခ်ိဳက ပင္နယ္တီဧရိယာထိပ္ကေန ေျမလွိမ့္ေဘာ အျပင္းကန္သြင္းယူေပးခဲ့မႈေၾကာင့္ ေဒါ့မြန္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး အီဒင္ တာဇစ္ရဲ႕အသင္းရဲ႕ ဒုတိယေျမာက္ဦးေဆာင္ဂိုးဟာ ဖားခ႐ုဂ်္ တိုက္စစ္စခ်ိန္မွာ လူကြၽံေနခဲ့တယ္ဆိုၿပီး ျငင္းပယ္ခံခဲ့ရတာျဖစ္ပါတယ္။

လူစားဝင္ကစားေပးခဲ့တဲ့ အသင္းေခါင္းေဆာင္ မာကို ႐ြိဳက္စ္က နာက်င္အခ်ိန္ပိုမွာ ပီအက္စ္ဗြီ အမွားကေနတဆင့္ ဂိုးသမား ဘင္နီတက္ဇ္နဲ႔ တစ္ဦးခ်င္း ကန္သြင္းယူၿပီး ေဒါ့မြန္အတြက္ အႏိုင္ေသခ်ာေစမယ့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဗြီအတြက္ အေကာင္းဆုံးအခြင့္အေရးဟာ ေဒါ့မြန္ရဲ႕ ေနာက္က် ဒုတိယေျမာက္ ဦးေဆာင္ဂိုးမတိုင္ခင္ မိနစ္အနည္းငယ္အလိုမွာ ရရွိခဲ့တာျဖစ္ၿပီး လုခ္ ဒီယုံးက ဝမ္းတူး႐ိုက္ၿပီး ကန္သြင္းလိုက္တဲ့ အနီးကပ္ကန္ခ်က္က ဂိုးဘားတန္းေပၚေက်ာ္သြားခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္အသင္းဟာ ပြဲစစခ်င္းမွာပဲ ခ်ဲလ္ဆီးကေန အငွားနဲ႔ လာကစားေနတဲ့ အီယန္ မတ္ဆန္ရဲ႕ ကန္ခ်က္ကို ဘင္နီတက္ဇ္ ပုတ္ထုတ္ကာကြယ္ႏိုင္လိုက္တာေၾကာင့္ ေစာေစာစီးစီး ဦးေဆာင္ဂိုး မရခဲ့တာျဖစ္ေပမယ့္ မၾကာမီမွာပဲ ဆန္ခ်ိဳက ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလကမွ မန္ခ်က္စတာယူႏိုက္တက္ကေန ေဒါ့မြန္ကို အငွားနဲ႔ ျပန္လာခဲ့တာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္ၾကယ္ပြင့္ဟာ ဒုတိယပိုင္း ၇၅ မိနစ္မွာ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရေပမယ့္လည္း ပထမပိုင္းက သြင္းဂိုးနဲ႔ လူစားလဲမခံရခင္အထိ ျပသခဲ့တဲ့ ေျခစြမ္းေၾကာင့္ ပြဲစဥ္တေလွ်ာက္အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.