Match Report UCL&UEL

အင်တာကို အကြိတ်အနယ်ကစားပြီး ပင်နယ်တီနဲ့ ကွာတားတက်တဲ့ အက်သလက်တီကို မက်ဒရစ်

အက်သလက်တီကို မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့ညက ပြီးခဲ့တဲ့ရာသီ ဒုတိယရခဲ့တဲ့ အင်တာမီလန်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အင်တာမီလန်အတွက် နီကိုလို ဘာရယ်လာက ၃၃ မိနစ်မှာပဲ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း အက်သလက်တီကို မက်ဒရစ်အတွက် ဂရစ်ဇ်မန်းက နောက်ထပ် ၂ မိနစ်အကြာမှာပဲ ပြန်လည်ချေပသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အတွက် တစ်ဖက် ၂ ဂိုးစီ ညီမျှပြီး အချိန်ပိုအထိ ဆက်သွားနိုင်စေမယ့် နောက်ကျ အနိုင်ဂိုးကို မန်းဖစ် ဒီပိုင်းက ပွဲပြီးဆုံးခါနီး ၃ မိနစ်မှာ ကိုကီရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အချိန်ပို မိနစ် ၃၀ မှာလည်း အက်သလက်တီကို မက်ဒရစ်နဲ့ အင်တာတို့ နောက်ထပ် သွင်းဂိုးတွေ မသွင်းယူနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး အက်သလက်တီကို မက်ဒရစ်ဘက်က ဆာအူးလ် နီဂယ်တစ်ဦးတည်းသာ လွဲချော်ခဲ့ပေမယ့် အင်တာဘက်က အလက်ဆစ် ဆန်းချက်ဇ်၊ ကလက်ဆန်၊ လော်တာရို မာတီနက်ဇ်တို့ လွဲချော်ခဲ့တာကြောင့် ဆီမြွန်နီရဲ့အသင်းက ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်ဂိုးသမား ဂျန် အော့ဘလက်ဟာ ဆန်းချက်ဇ်နဲ့ ကလက်ဆန်တို့ရဲ့ ကန်ချက်ကို အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုနဲ့ သူရဲကောင်းဖြစ်ခဲ့ပြီး လော်တာရို မာတီနက်ဇ်ရဲ့ ကန်ချက်ကတော့ ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။

ဆီမြွန်နီရဲ့ အက်သလက်တီကို မက်ဒရစ်ဟာ ဘယ်တုန်းကမှ ဥရောပဖလား(သို့)ချန်ပီယံလိဂ်ဖလားကိုရရှိခဲ့ဖူးခြင်းမရှိတဲ့အသင်းဖြစ်ပြီး ၁၉၇၄၊ ၂၀၁၄၊ ၂၀၁၆ ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ၂၀၂၄ ခုနှစ်အတွင်း ရှုံးပွဲမရှိသေးတဲ့ အင်တာကို အနိုင်ယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် ချန်ပီယံလိဂ်ဖလားမျှော်လင့်ချက်ကို အသက်ဆက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္သလက္တီကို မက္ဒရစ္ဟာ ဗုဒၶဟူးေန႔ညက ၿပီးခဲ့တဲ့ရာသီ ဒုတိယရခဲ့တဲ့ အင္တာမီလန္ကို ပင္နယ္တီ အဆုံးအျဖတ္မွာ အႏိုင္ယူၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

အင္တာမီလန္အတြက္ နီကိုလို ဘာရယ္လာက ၃၃ မိနစ္မွာပဲ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း အက္သလက္တီကို မက္ဒရစ္အတြက္ ဂရစ္ဇ္မန္းက ေနာက္ထပ္ ၂ မိနစ္အၾကာမွာပဲ ျပန္လည္ေခ်ပသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အတြက္ တစ္ဖက္ ၂ ဂိုးစီ ညီမွ်ၿပီး အခ်ိန္ပိုအထိ ဆက္သြားႏိုင္ေစမယ့္ ေနာက္က် အႏိုင္ဂိုးကို မန္းဖစ္ ဒီပိုင္းက ပြဲၿပီးဆုံးခါနီး ၃ မိနစ္မွာ ကိုကီရဲ႕ ဖန္တီးေပးပို႔မႈကေနတဆင့္ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အခ်ိန္ပို မိနစ္ ၃၀ မွာလည္း အက္သလက္တီကို မက္ဒရစ္နဲ႔ အင္တာတို႔ ေနာက္ထပ္ သြင္းဂိုးေတြ မသြင္းယူႏိုင္ခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ခံယူခဲ့ရၿပီး အက္သလက္တီကို မက္ဒရစ္ဘက္က ဆာအူးလ္ နီဂယ္တစ္ဦးတည္းသာ လြဲေခ်ာ္ခဲ့ေပမယ့္ အင္တာဘက္က အလက္ဆစ္ ဆန္းခ်က္ဇ္၊ ကလက္ဆန္၊ ေလာ္တာ႐ို မာတီနက္ဇ္တို႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ ဆီႁမြန္နီရဲ႕အသင္းက ၃-၂ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ဂိုးသမား ဂ်န္ ေအာ့ဘလက္ဟာ ဆန္းခ်က္ဇ္နဲ႔ ကလက္ဆန္တို႔ရဲ႕ ကန္ခ်က္ကို အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈနဲ႔ သူရဲေကာင္းျဖစ္ခဲ့ၿပီး ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ ကန္ခ်က္ကေတာ့ ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။

ဆီႁမြန္နီရဲ႕ အက္သလက္တီကို မက္ဒရစ္ဟာ ဘယ္တုန္းကမွ ဥေရာပဖလား(သို႔)ခ်န္ပီယံလိဂ္ဖလားကိုရရွိခဲ့ဖူးျခင္းမရွိတဲ့အသင္းျဖစ္ၿပီး ၁၉၇၄၊ ၂၀၁၄၊ ၂၀၁၆ ဗိုလ္လုပြဲေတြမွာ ရႈံးနိမ့္ခဲ့ေပမယ့္လည္း ဒီရာသီမွာေတာ့ ၂၀၂၄ ခုႏွစ္အတြင္း ရႈံးပြဲမရွိေသးတဲ့ အင္တာကို အႏိုင္ယူႏိုင္တဲ့ ပထမဆုံးအသင္းအျဖစ္ ခ်န္ပီယံလိဂ္ဖလားေမွ်ာ္လင့္ခ်က္ကို အသက္ဆက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.