UCL&UEL

ကွာတားမှာ အာဆင်နယ်တို့ ဘယ်အသင်းနဲ့ တွေ့ဆုံနိုင်မလဲ

အာဆင်နယ်ဟာ အင်္ဂါနေ့ညနေက ပေါ်တိုကို ပင်နယ်တီနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ပေါ်တိုမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အာတီတာရဲ့အသင်းက အင်္ဂါနေ့ညက ဒုတိယအကျော့ပွဲစဉ်မှာ လီအန်ဒရို ထရော့ဆာ့ဒ်ရဲ့ ပထမပိုင်းသွင်းဂိုးကြောင့် ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂန်းနားတွေဟာ လက်ကျန်ပွဲကစားချိန်မှာရော အချိန်ပိုမှာပါ နောက်ထပ် အနိုင်ဂိုးတွေ ရှာမတွေ့ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး ဒေးဗစ် ရာယာက ပေါ်တိုရဲ့ ပင်နယ်တီ ၂ လုံးကို ကာကွယ်နိုင်ခဲ့မှုကြောင့် ၄-၂ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်ဟာ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မဲခွဲပွဲကို အာရုံစိုက်ရတော့မှာဖြစ်ပြီး ဂန်းနားတွေဟာ ပြိုင်ပွဲထဲမှာ ရှိနေသေးတဲ့ ဥရောပထိပ်တန်းအသင်းကြီးအများအပြားနဲ့ ကျရောက်ဖွယ်ရှိနေပါတယ်။

ပရီးမီးယားလိဂ်ဖလားပြိုင်ဘက် မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့အပတ်မှာ ကိုပင်ဟေဂင်ကို ဖြုတ်ချနိုင်ခဲ့ပြီးနောက် ပြိုင်ဘက်ဖြစ်လာနိုင်ခြေရှိပြီး ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဒီနေ့ည အင်တာနဲ့ ကစားရမယ့် အက်သလက်တီကို မက်ဒရစ်တို့ဟာ ဂန်းနားတွေအတွက် ပြိုင်ဘက်ဖြစ်လာနိုင်ခြေရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့အပတ်က လာဇီယိုကို အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းအဖြစ်ရှိနေဆဲဖြစ်ပြီး ပီအက်စ်ဂျီကလည်း ရီးရဲလ်ဆိုစီဒက်ကို ဖြုတ်ပစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ကို ဧပြီလ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ ကစားသွားမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကို ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့မှာ ကစားသွားမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ် မဲခွဲမှုမှာ ပါဝင်နေမယ့်အသင်းများ

အာဆင်နယ်
အက်သလက်တီကို မက်ဒရစ်(သို့)အင်တာ
ဒေါ့မွန်(သို့) ပီအက်စ်ဗွီ
ဘာစီလိုနာ
ဘိုင်ယန်
မန်စီးတီး
ပီအက်စ်ဂျီ
ရီးရဲလ်မက်ဒရစ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဟာ အဂၤါေန႔ညေနက ေပၚတိုကို ပင္နယ္တီနဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့လက ေပၚတိုမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အာတီတာရဲ႕အသင္းက အဂၤါေန႔ညက ဒုတိယအေက်ာ့ပြဲစဥ္မွာ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ရဲ႕ ပထမပိုင္းသြင္းဂိုးေၾကာင့္ ပထမအေက်ာ့ရႈံးေႂကြးကို ျပန္ဆပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂန္းနားေတြဟာ လက္က်န္ပြဲကစားခ်ိန္မွာေရာ အခ်ိန္ပိုမွာပါ ေနာက္ထပ္ အႏိုင္ဂိုးေတြ ရွာမေတြ႕ခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ခံယူခဲ့ရၿပီး ေဒးဗစ္ ရာယာက ေပၚတိုရဲ႕ ပင္နယ္တီ ၂ လုံးကို ကာကြယ္ႏိုင္ခဲ့မႈေၾကာင့္ ၄-၂ နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္ဟာ လာမယ့္ မတ္လ ၁၅ ရက္ေန႔မွာ က်င္းပမယ့္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မဲခြဲပြဲကို အာ႐ုံစိုက္ရေတာ့မွာျဖစ္ၿပီး ဂန္းနားေတြဟာ ၿပိဳင္ပြဲထဲမွာ ရွိေနေသးတဲ့ ဥေရာပထိပ္တန္းအသင္းႀကီးအမ်ားအျပားနဲ႔ က်ေရာက္ဖြယ္ရွိေနပါတယ္။

ပရီးမီးယားလိဂ္ဖလားၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးဟာ ၿပီးခဲ့တဲ့အပတ္မွာ ကိုပင္ေဟဂင္ကို ျဖဳတ္ခ်ႏိုင္ခဲ့ၿပီးေနာက္ ၿပိဳင္ဘက္ျဖစ္လာႏိုင္ေျခရွိၿပီး ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ ဒီေန႔ည အင္တာနဲ႔ ကစားရမယ့္ အက္သလက္တီကို မက္ဒရစ္တို႔ဟာ ဂန္းနားေတြအတြက္ ၿပိဳင္ဘက္ျဖစ္လာႏိုင္ေျခရွိေနပါတယ္။

ဘိုင္ယန္ျမဴးနစ္က ၿပီးခဲ့တဲ့အပတ္က လာဇီယိုကို အႏိုင္ရရွိခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းအျဖစ္ရွိေနဆဲျဖစ္ၿပီး ပီအက္စ္ဂ်ီကလည္း ရီးရဲလ္ဆိုစီဒက္ကို ျဖဳတ္ပစ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ကို ဧၿပီလ ၉ ရက္ေန႔နဲ႔ ၁၀ ရက္ေန႔ေတြမွာ ကစားသြားမွာျဖစ္ၿပီး ဒုတိယအေက်ာ့ပြဲစဥ္ေတြကို ၁၆ ရက္ေန႔နဲ႔ ၁၇ ရက္ေန႔တို႔မွာ ကစားသြားမွာျဖစ္ပါတယ္။

ကြာတားဖိုင္နယ္ မဲခြဲမႈမွာ ပါဝင္ေနမယ့္အသင္းမ်ား

အာဆင္နယ္
အက္သလက္တီကို မက္ဒရစ္(သို႔)အင္တာ
ေဒါ့မြန္(သို႔) ပီအက္စ္ဗြီ
ဘာစီလိုနာ
ဘိုင္ယန္
မန္စီးတီး
ပီအက္စ္ဂ်ီ
ရီးရဲလ္မက္ဒရစ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.