Match Report UCL&UEL

နာပိုလီကို အနိုင်ယူပြီး ၄ နှစ်အတွင်း ကွာတားပြန်တက်နိုင်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ စီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ နာပိုလီကို အင်္ဂါနေ့ညက နူးကမ့်မှာ ၃-၁ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ၂ ကျော့ပေါင်း ၄-၂ နဲ့ ကွာတားဖိုင်နယ်အဆင့်ကို ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

ဖာမင် လိုပက်ဇ်နဲ့ ကန်ဆယ်လိုတို့က အိမ်ရှင် ဘာစီလိုနာအတွက် ပထမပိုင်းမှာ ၁၅ မိနစ်ကနေ ၁၇ မိနစ်အတွင်း နှစ်ဂိုး ဆက်တိုက် သွင်းယူပေးခဲ့ပေမယ့်လည်း မိနစ် ၃၀ မှာ ရာမာနီက နာပိုလီအတွက် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအတွက် အနိုင်သေချာစေမယ့် နောက်ထပ် ဦးဆောင်ဂိုးကို ပွဲကစားချိန် ပြည့်ဖို့ ၇ မိနစ်အလိုမှာ ရောဘတ် လီဗန်ဒေါ့ဗ်စကီးက အနီးကပ် ပိတ်သွင်းယူပြီး သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ပထမပိုင်းပွဲကစားချိန် အစောပိုင်းမှာ ဖာမင် လိုပက်ဇ် ဂိုးသွင်းခွင့် ၂ ကြိမ်စလုံး အသုံးမချနိုင်ခဲ့လို့ ဦးဆောင်ဂိုး ရရှိမယ့်အခွင့်အရေး လွဲချော်ခဲ့တာဖြစ်ပြီး ၁၅ မိနစ်မှာတော့ ရာဖင်ညာရဲ့ ဘယ်တောင်ပံကနေ ပေးပို့ခဲ့တဲ့ဘောလုံးကို လီဗန်ဒေါ့ဗ်စကီး ကန်မလိုအယောင်ပြ လွှတ်ပေးခဲ့တာကို ဖာမင် လိုပက်ဇ်က ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ညာခြေနဲ့ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၁၇ မိနစ်မှာတော့ ဘာစီလိုနာက တန်ပြန်တိုက်စစ်ကနေတဆင့် လမိုင်း ယာမယ် နာပိုလီကွင်းဘက်ခြမ်းအထိ ဆွဲပြေးလာပြီးနောက် ဘယ်တောင်ပံမှာ လွတ်နေတဲ့ ရာဖင်ညာဆီ ပေးပို့ခဲ့ရာမှာ ဘရာဇီးလ်ကြယ်ပွင့်ရဲ့ ကန်ချက်က ညာဘက်ဂိုးတိုင်ထိပြီး ပြန်လျှံထွက်လာတာကို အနောက်ကနေ လိုက်ပါလာတဲ့ ကန်ဆယ်လိုက ညာခြေနဲ့ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နာပိုလီအတွက် ချေပဂိုးကို မိနစ် ၃၀ မှာ ပိုလီတာနို ညာတောင်ပံကနေ ချိုးပေးလိုက်တဲ့ဘောလုံးကို ပင်နယ်တီဧရိယာထဲမှာရှိနေတဲ့ ရာမာနီက ဘယ်ခြေနဲ့ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

နာပိုလီက နောက်ထပ်ချေပဂိုးတွေ သွင်းယူဖို့ တရစပ် ဖိအားပေး တိုက်စစ်ဆင်ခဲ့ပေမယ့်လည်း တာစတီဂျန် လက်စွမ်းပြ ကာကွယ်နေခဲ့လို့ ဘာစီလိုနာတို့ ချေပဂိုး ထပ်မပေးခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းမှာ အိမ်ရှင်တို့ရဲ့ အပိုင်ကန်သွင်းမှုတွေကိုလည်း နာပိုလီဂိုးသမား မီရတ်က လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။

၆၈ မိနစ်မှာ ဘာစီလိုနာတို့ နောက်ထပ်ဦးဆောင်ဂိုး ရခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း လမိုင်း ယာမယ် ပိတ်သွင်းခဲ့ချိန်မှာ လူကျွံနေခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုခြင်းမခံခဲ့ရတာဖြစ်ပြီး ပွဲကစားချိန် မိနစ် ၈၀ မှာ လင်းစထရွန်း အပိုင်ခေါင်းတိုက်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးညာဘက်တိုင်ဘေးနားကပ်ထွက်သွားခဲ့လို့ နာပိုလီတို့ နစ်နာခဲ့ရပါတယ်။

ပွဲပြီးဆုံးခါနီး ၈၃ မိနစ်မှာ ဘယ်တောင်ပံကနေ ရခဲ့တဲ့ လက်ပစ်ဘောကနေတဆင့် ဘာစီလိုနာတို့ တိုက်စစ်ဆင်လာခဲ့ပြီး ပင်နယ်တီဧရိယာထိပ်က ဂန်ဒိုဝမ်နဲ့ ဆာဂျီ ရော်ဘတ်တိုတို့ အပေးအယူလုပ်ပြီး ဘာစီလိုနာအသင်းခေါင်းဆောင်က ပြန်ခင်းပေးလိုက်တဲ့ ဘောလုံးကို လီဗန်ဒေါ့ဗ်စကီးက အနီးကပ်ပိတ်သွင်းယူပြီး ဘာစီလိုနာတို့ နောက်ထပ် ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ ဒီပွဲမှာ လူငယ်တွေနဲ့ အတွေ့အကြုံရင့်ကစားသမားတွေ ပေါင်းစပ်မှုနဲ့ နာပိုလီကို ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့တာဖြစ်ပြီး ၂၀၂၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာဟာ စီးရီးေအထိပ္သီးအသင္းႀကီးျဖစ္တဲ့ နာပိုလီကို အဂၤါေန႔ညက ႏူးကမ့္မွာ ၃-၁ နဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီးေနာက္ ၂ ေက်ာ့ေပါင္း ၄-၂ နဲ႔ ကြာတားဖိုင္နယ္အဆင့္ကို ၄ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ျပန္လည္တက္လွမ္းႏိုင္ခဲ့ပါတယ္။

ဖာမင္ လိုပက္ဇ္နဲ႔ ကန္ဆယ္လိုတို႔က အိမ္ရွင္ ဘာစီလိုနာအတြက္ ပထမပိုင္းမွာ ၁၅ မိနစ္ကေန ၁၇ မိနစ္အတြင္း ႏွစ္ဂိုး ဆက္တိုက္ သြင္းယူေပးခဲ့ေပမယ့္လည္း မိနစ္ ၃၀ မွာ ရာမာနီက နာပိုလီအတြက္ ေခ်ပဂိုး ျပန္လည္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအတြက္ အႏိုင္ေသခ်ာေစမယ့္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ပြဲကစားခ်ိန္ ျပည့္ဖို႔ ၇ မိနစ္အလိုမွာ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက အနီးကပ္ ပိတ္သြင္းယူၿပီး သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာဟာ ပထမပိုင္းပြဲကစားခ်ိန္ အေစာပိုင္းမွာ ဖာမင္ လိုပက္ဇ္ ဂိုးသြင္းခြင့္ ၂ ႀကိမ္စလုံး အသုံးမခ်ႏိုင္ခဲ့လို႔ ဦးေဆာင္ဂိုး ရရွိမယ့္အခြင့္အေရး လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ၁၅ မိနစ္မွာေတာ့ ရာဖင္ညာရဲ႕ ဘယ္ေတာင္ပံကေန ေပးပို႔ခဲ့တဲ့ေဘာလုံးကို လီဗန္ေဒါ့ဗ္စကီး ကန္မလိုအေယာင္ျပ လႊတ္ေပးခဲ့တာကို ဖာမင္ လိုပက္ဇ္က ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ညာေျခနဲ႔ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၁၇ မိနစ္မွာေတာ့ ဘာစီလိုနာက တန္ျပန္တိုက္စစ္ကေနတဆင့္ လမိုင္း ယာမယ္ နာပိုလီကြင္းဘက္ျခမ္းအထိ ဆြဲေျပးလာၿပီးေနာက္ ဘယ္ေတာင္ပံမွာ လြတ္ေနတဲ့ ရာဖင္ညာဆီ ေပးပို႔ခဲ့ရာမွာ ဘရာဇီးလ္ၾကယ္ပြင့္ရဲ႕ ကန္ခ်က္က ညာဘက္ဂိုးတိုင္ထိၿပီး ျပန္လွ်ံထြက္လာတာကို အေနာက္ကေန လိုက္ပါလာတဲ့ ကန္ဆယ္လိုက ညာေျခနဲ႔ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

နာပိုလီအတြက္ ေခ်ပဂိုးကို မိနစ္ ၃၀ မွာ ပိုလီတာႏို ညာေတာင္ပံကေန ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ပင္နယ္တီဧရိယာထဲမွာရွိေနတဲ့ ရာမာနီက ဘယ္ေျခနဲ႔ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

နာပိုလီက ေနာက္ထပ္ေခ်ပဂိုးေတြ သြင္းယူဖို႔ တရစပ္ ဖိအားေပး တိုက္စစ္ဆင္ခဲ့ေပမယ့္လည္း တာစတီဂ်န္ လက္စြမ္းျပ ကာကြယ္ေနခဲ့လို႔ ဘာစီလိုနာတို႔ ေခ်ပဂိုး ထပ္မေပးခဲ့ရတာျဖစ္ၿပီး ဒုတိယပိုင္းမွာ အိမ္ရွင္တို႔ရဲ႕ အပိုင္ကန္သြင္းမႈေတြကိုလည္း နာပိုလီဂိုးသမား မီရတ္က လက္စြမ္းျပကာကြယ္ခဲ့ပါတယ္။

၆၈ မိနစ္မွာ ဘာစီလိုနာတို႔ ေနာက္ထပ္ဦးေဆာင္ဂိုး ရခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္လည္း လမိုင္း ယာမယ္ ပိတ္သြင္းခဲ့ခ်ိန္မွာ လူကြၽံေနခဲ့တာေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳျခင္းမခံခဲ့ရတာျဖစ္ၿပီး ပြဲကစားခ်ိန္ မိနစ္ ၈၀ မွာ လင္းစထ႐ြန္း အပိုင္ေခါင္းတိုက္ပိတ္သြင္းခြင့္ရခဲ့ေပမယ့္ ဂိုးညာဘက္တိုင္ေဘးနားကပ္ထြက္သြားခဲ့လို႔ နာပိုလီတို႔ နစ္နာခဲ့ရပါတယ္။

ပြဲၿပီးဆုံးခါနီး ၈၃ မိနစ္မွာ ဘယ္ေတာင္ပံကေန ရခဲ့တဲ့ လက္ပစ္ေဘာကေနတဆင့္ ဘာစီလိုနာတို႔ တိုက္စစ္ဆင္လာခဲ့ၿပီး ပင္နယ္တီဧရိယာထိပ္က ဂန္ဒိုဝမ္နဲ႔ ဆာဂ်ီ ေရာ္ဘတ္တိုတို႔ အေပးအယူလုပ္ၿပီး ဘာစီလိုနာအသင္းေခါင္းေဆာင္က ျပန္ခင္းေပးလိုက္တဲ့ ေဘာလုံးကို လီဗန္ေဒါ့ဗ္စကီးက အနီးကပ္ပိတ္သြင္းယူၿပီး ဘာစီလိုနာတို႔ ေနာက္ထပ္ ဦးေဆာင္ဂိုးရရွိသြားခဲ့ပါတယ္။

ဘာစီလိုနာဟာ ဒီပြဲမွာ လူငယ္ေတြနဲ႔ အေတြ႕အႀကဳံရင့္ကစားသမားေတြ ေပါင္းစပ္မႈနဲ႔ နာပိုလီကို ေကာင္းေကာင္း တုံ႔ျပန္ႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၂၀ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကြာတားဖိုင္နယ္အဆင့္ကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.