Premier League

၂၄.၁၀.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ သီတင္းကၽြတ္လဆန္း ၈ ရက္၊ စေနေန႔။

၂၄.၁၀.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ သီတင္းကၽြတ္လဆန္း ၈ ရက္၊ စေနေန႔၊ ရက္ပုပ္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၇:၅၈ အထိ တိထီ ၈ လုံး။ ေက်ာ္လွ်င္ ၉ လုံး။ ၉ လုံးတြင္ သိဒၶိယုဂ္ႏွင့္ ေလာင္ကၽြမ္းယုဂ္၊ ေအာင္ျမင္ၿပီးေျမာက္ေစလိုေသာ၊ ထင္ထင္ရွားရွား သက္ေရာက္ေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၃:၃၆ အထိ သရဝဏ္နကၡတ္။ ေက်ာ္လွ်င္ ဓနသိဒၶိနကၡတ္။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၁:၃၉ အထိ သူလယုဂ္၊ နာက်င္ခံစားရျခင္း၊ ျငင္းခုံရျခင္း၊ ေဆြးေႏြးမွဳမ်ား၊ သေဘာတူညီမွဳမ်ား ျပဳလုပ္ျခင္းမ်ဳိး ေရွာင္ၾကဥ္ပါ။ ေက်ာ္လွ်င္ ဂ႑ယုဂ္၊ အႏၲရာယ္၊ အတားအဆီး၊ အဖ်က္ႏွင့္ ႀကဳံမည္။ မိမိ၏ မေကာင္းေသာ ဝါသနာမ်ား၊ စြဲလမ္းမွဳမ်ားေၾကာင့္ အလုပ္ ထိခိုက္တတ္၍ ဆႏၵကို သိကၡာျဖင့္ ထိန္းပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၇:၅၈ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ည ၂၀:၁၅ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသိုင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
နံနက္ ၇:၅၈ အထိ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။ ေက်ာ္လွ်င္ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၄.၁၀.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက်၊ စနေနေ့၊ ရက်ပုပ်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၇:၅၈ အထိ တိထီ ၈ လုံး။ ကျော်လျှင် ၉ လုံး။ ၉ လုံးတွင် သိဒ္ဓိယုဂ်နှင့် လောင်ကျွမ်းယုဂ်၊ အောင်မြင်ပြီးမြောက်စေလိုသော၊ ထင်ထင်ရှားရှား သက်ရောက်စေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၃:၃၆ အထိ သရဝဏ်နက္ခတ်။ ကျော်လျှင် ဓနသိဒ္ဓိနက္ခတ်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၃၉ အထိ သူလယုဂ်၊ နာကျင်ခံစားရခြင်း၊ ငြင်းခုံရခြင်း၊ ဆွေးနွေးမှုများ၊ သဘောတူညီမှုများ ပြုလုပ်ခြင်းမျိုး ရှောင်ကြဉ်ပါ။ ကျော်လျှင် ဂဏ္ဍယုဂ်၊ အန္တရာယ်၊ အတားအဆီး၊ အဖျက်နှင့် ကြုံမည်။ မိမိ၏ မကောင်းသော ဝါသနာများ၊ စွဲလမ်းမှုများကြောင့် အလုပ် ထိခိုက်တတ်၍ ဆန္ဒကို သိက္ခာဖြင့် ထိန်းပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၇:၅၈ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ည ၂၀:၁၅ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၇:၅၈ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ ကျော်လျှင် အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)