Premier League

ဗာရွန်နဲ့ ဖာနန်ဒက်စ်တို့ကို ထည့်သွင်းခဲ့ပြီး ဆိုးလ်ရှားပါဝင်မလာတဲ့ ဂယ်ရီ နဗီးလ်ရဲ့ ယူနိုက်တက်ပြည်ပကစားသမား XI

အဂ်လန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ညာနောက်ခံလူတဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်ဟာ သူ့ရဲ့စိတ်​ကြိုက်အဖြစ်ဆုံး ယူနိုက်တက်ပြည်ပကစားသမား XI ဦး​စာရင်း ရွေးချယ်မှုပြုလုပ်ခဲ့ပြီး ဒီရွေးချယ်မှုဟာ ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ဘောလုံးပရိသတ်တွေကြား အငြင်းပွားဖွယ်ရာအများအပြား ဖြစ်ပေါ်သွားစေခဲ့တာပါ။

သူ့ရဲ့ရွေးချယ်မှုမှာ ၂၀၀၁ ခုနှစ်က လာဇီယိုအသင်းကနေ ယူနိုက်တက်ကိုပြောင်းရွှေ့ကစားခဲ့တဲ့ တောင်အမေရိကကစားသမား ဗာရွန်ပါဝင်လာခဲ့ခြင်းက လူအများလက်မခံချင်စရာအဖြစ် ဝေဖန်မှုတွေကျယ်လောင်သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ အာဂျင်တီးနားကစားသမားဟာ ၂၀၀၃ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့ပေမဲ့ ၈၂ ပွဲမှာ ၁၁ ဂိုးသာသွင်းယူနိုင်ခဲ့လို့ ဒါဟာ သူ့ရဲ့ခြေစွမ်းပြသနိုင်မှုနဲ့ ချိန်ထိုးကြည့်ရင် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၈.၁ သန်းနဲ့ ထိုက်တန်ခြင်းမရှိသူအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

နောက်ထပ်အငြင်းဖွယ်ရာအဖြစ်ဆုံး ရွေးချယ်မှုကတော့ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ ယူနိုက်တက်အသင်းကိုရောက်ရှိလာခဲ့သူ ဘရူနိုဖာနန်ဒက်စ်ပါပဲ။ နဗီးလ်ဟာ ယူနိုက်တာမှာ ၂၈ ပွဲသာကစားထားရပြီး ၁၆ ဂိုးသွင်းယူထားခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်တိုက်စစ်ဖန်တီးသူ ဘရူနိုဖာနန်ဒက်စ်ကို သူ့စိတ်ကြိုက်အဖြစ်ဆုံး ယူနိုက်တက်ပြည်ပကစားသမား XI စာရင်းထဲ ထည့်သွင်းရွေးချယ်ခဲ့ခြင်းကတော့ ပရိသတ်တွေကပါ အံ့အားသင့်စရာ ဖြစ်စေခဲ့တာပါ။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဖိုင််နယ်သူရဲကောင်းဖြစ်ခဲ့ပြီး လက်ရှိ ယူနိုက်တက်နည်းပြအဖြစ်တာဝန်ယူထားတဲ့ အိုလေဂန်းနားဆိုးလ်ရှားဟာ ဒီစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိခဲ့တာက ပြောစမှတ်ဖြစ်ခဲ့ရပါတယ်။ ဂယ်ရီနဗီးလ်ရဲ့ လူစာရင်းမှာ ပတ်ဂျီဆန်လည်း ပါဝင်ခဲ့ခြင်းမရှိခဲ့ပေမယ့် ဂိုးသမားအဖြစ် ပီတာရှမိုက်ကယ်၊ နောက်ခံလူများအဖြစ် စတမ်း၊ ဗီဒစ်၊ ရာဖေးလ်၊ အီဗရာတို့ ပါဝင်လာခဲ့ပြီး ကွင်းလယ်မှာ ဗာရွန်နဲ့ ဘရူနိုဖာနန်ဒက်စ်၊ တောင်ပံနှစ်ဖက်မှာတော့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ကားလို့တီဗက်ဇ်၊ တိုက်စစ်မှူးများအဖြစ် အဲရစ်ကန်တိုနာနဲ့ ရုဒ်ဗန်နစ္စတယ်ရွိုင်းတို့ကို တွဲဖက်ရွေးချယ်သွားခဲ့တာကြောင့် အတိုင်းအတာတခုအထိတော့ ကျေနပ်စရာဖြစ်စေခဲ့ပါတယ်။

ZAWGYI:

အဂ္လန္အသင္းနဲ႕ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ဂႏၱဝင္ ညာေနာက္ခံလူတဦးျဖစ္တဲ့ ဂယ္ရီနဗီးလ္ဟာ သူ႕ရဲ႕စိတ္​ႀကိဳက္အျဖစ္ဆုံး ယူနိုက္တက္ျပည္ပကစားသမား XI ဦး​စာရင္း ေ႐ြးခ်ယ္မႈျပဳလုပ္ခဲ့ၿပီး ဒီေ႐ြးခ်ယ္မႈဟာ ေဘာလုံးေဝဖန္သုံးသပ္သူေတြနဲ႕ ေဘာလုံးပရိသတ္ေတြၾကား အျငင္းပြားဖြယ္ရာအမ်ားအျပား ျဖစ္ေပၚသြားေစခဲ့တာပါ။

သူ႕ရဲ႕ေ႐ြးခ်ယ္မႈမွာ ၂၀၀၁ ခုႏွစ္က လာဇီယိုအသင္းကေန ယူနိုက္တက္ကိုေျပာင္းေ႐ႊ႕ကစားခဲ့တဲ့ ေတာင္အေမရိကကစားသမား ဗာ႐ြန္ပါဝင္လာခဲ့ျခင္းက လူအမ်ားလက္မခံခ်င္စရာအျဖစ္ ေဝဖန္မႈေတြက်ယ္ေလာင္သြားခဲ့တာျဖစ္ပါတယ္။

အဆိုပါ အာဂ်င္တီးနားကစားသမားဟာ ၂၀၀၃ ခုႏွစ္မွာ ပရီးမီးယားလိဂ္ဖလားရယူနိုင္ခဲ့ေပမဲ့ ၈၂ ပြဲမွာ ၁၁ ဂိုးသာသြင္းယူနိုင္ခဲ့လို႔ ဒါဟာ သူ႕ရဲ႕ေျခစြမ္းျပသနိုင္မႈနဲ႕ ခ်ိန္ထိုးၾကည့္ရင္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၈.၁ သန္းနဲ႕ ထိုက္တန္ျခင္းမရွိသူအျဖစ္ သတ္မွတ္ခံထားရတာျဖစ္ပါတယ္။

ေနာက္ထပ္အျငင္းဖြယ္ရာအျဖစ္ဆုံး ေ႐ြးခ်ယ္မႈကေတာ့ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလကမွ ယူနိုက္တက္အသင္းကိုေရာက္ရွိလာခဲ့သူ ဘ႐ူနိုဖာနန္ဒက္စ္ပါပဲ။ နဗီးလ္ဟာ ယူနိုက္တာမွာ ၂၈ ပြဲသာကစားထားရၿပီး ၁၆ ဂိုးသြင္းယူထားခဲ့တဲ့ ေပၚတူဂီလက္ေ႐ြးစင္ကြင္းလယ္တိုက္စစ္ဖန္တီးသူ ဘ႐ူနိုဖာနန္ဒက္စ္ကို သူ႕စိတ္ႀကိဳက္အျဖစ္ဆုံး ယူနိုက္တက္ျပည္ပကစားသမား XI စာရင္းထဲ ထည့္သြင္းေ႐ြးခ်ယ္ခဲ့ျခင္းကေတာ့ ပရိသတ္ေတြကပါ အံ့အားသင့္စရာ ျဖစ္ေစခဲ့တာပါ။

ဒါ့အျပင္ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ၁၉၉၉ ခုႏွစ္ ခ်န္ပီယံလိဂ္ဖိုင္္နယ္သူရဲေကာင္းျဖစ္ခဲ့ၿပီး လက္ရွိ ယူနိုက္တက္နည္းျပအျဖစ္တာဝန္ယူထားတဲ့ အိုေလဂန္းနားဆိုးလ္ရွားဟာ ဒီစာရင္းမွာ ပါဝင္လာခဲ့ျခင္းမရွိခဲ့တာက ေျပာစမွတ္ျဖစ္ခဲ့ရပါတယ္။ ဂယ္ရီနဗီးလ္ရဲ႕ လူစာရင္းမွာ ပတ္ဂ်ီဆန္လည္း ပါဝင္ခဲ့ျခင္းမရွိခဲ့ေပမယ့္ ဂိုးသမားအျဖစ္ ပီတာရွမိုက္ကယ္၊ ေနာက္ခံလူမ်ားအျဖစ္ စတမ္း၊ ဗီဒစ္၊ ရာေဖးလ္၊ အီဗရာတို႔ ပါဝင္လာခဲ့ၿပီး ကြင္းလယ္မွာ ဗာ႐ြန္နဲ႕ ဘ႐ူနိုဖာနန္ဒက္စ္၊ ေတာင္ပံႏွစ္ဖက္မွာေတာ့ ခရစၥတီယာနိုေရာ္နယ္ဒိုနဲ႕ ကားလို႔တီဗက္ဇ္၊ တိုက္စစ္မႉးမ်ားအျဖစ္ အဲရစ္ကန္တိုနာနဲ႕ ႐ုဒ္ဗန္နစၥတယ္႐ြိုင္းတို႔ကို တြဲဖက္ေ႐ြးခ်ယ္သြားခဲ့တာေၾကာင့္ အတိုင္းအတာတခုအထိေတာ့ ေက်နပ္စရာျဖစ္ေစခဲ့ပါတယ္။

REF: Daily Mail
PHOTOS CREDIT TO OWNERS
SPORTS A2Z.