Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၃.၁၀.၂၀၂၀

– ခံစစ္အင္အား ေလ်ာ့နည္းေနတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ အေျပာင္းအေရႊ႕ေဈးကြက္ပိတ္ထားခ်ိန္မွာ ဗလင္စီယာအသင္းကေန ထြက္ခြာထားခဲ့တဲ့ အသက္ ၃၄ ႏွစ္အရြယ္ အာဂ်င္တီးနား ဝါရင့္ေနာက္ခံလူ အီဇက္ကီးယဲလ္ ဂါ႐ိုင္းကို ေခၚယူဖို႔ ျပင္ဆင္ေန။

– ေနာက္တန္းမွာ အသင္းရဲ႕ မရွိမျဖစ္ကစားသမားတစ္ဦးျဖစ္ေနခဲ့တဲ့ ကြင္းလယ္အဖ်က္ကစားသမား ဖာဘင္ညဳိကို အျမန္ဆုံး စာခ်ဳပ္သစ္ ခ်ဳပ္ဆုိႏုိင္ဖို႔ လီဗာပူးလ္အသင္းတာဝန္ရွိသူေတြ စီစဥ္ေနၿပီး ႏွစ္ႏွစ္က်န္စာခ်ဳပ္ကို ထပ္မံတုိးျမႇင့္သြားဖို႔ရွိေန။

– ဂိုးသမား အယ္လစ္ဆန္ ဘက္ကာနဲ႔ ေနာက္ခံလူ ေကာ့စတတ္စ္ ဆီမီကတ္စ္တုိ႔ႏွစ္ဦးစလုံး ေလ့က်င့္ခန္းအစီအစဥ္ေတြကို ျပန္လည္ ဝင္ေရာက္ႏုိင္ေနၿပီျဖစ္ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ကေတာ့ ဘရာဇီးလ္သား ဂိုးသမားအတြက္ စိတ္ခ်ရေအာင္ စိတ္မေလာဘဲ ေစာင့္ဆုိင္းသြားမယ္လုိ႔ဆုိ။

– အက္စတန္ဗီလာပြဲနဲ႔ အုိင္းယက္စ္တုိ႔ရဲ႕ ပြဲမွာ ကြာျခားခဲ့တဲ့ ပုံစံက အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ရဲ႕ ဦးေဆာင္ႏုိင္စြမ္းပဲျဖစ္ၿပီး အမ္စတာဒမ္က ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဒုတိယပုိင္းမွာ သူပါဝင္လာခဲ့တဲ့ အသင္းရဲ႕ ကစားဟန္ကို ၾကည့္ရင္ သိႏုိင္တယ္လုိ႔ ပရိသတ္ ဝက္ဘ္ဆုိက္တစ္ခု သုံးသပ္။

– လီဗာပူးလ္ပရိသတ္ေတြ စြပ္စြဲေနၾကတဲ့ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ကို အဲဗာတန္ဂိုးသမား ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္က ဖ်က္ထုတ္ခဲ့တာဟာ ရည္ရြယ္ခ်က္ရွိရွိ က်ဴးလြန္ခဲ့တဲ့ လုပ္ရပ္မ်ဳိး မဟုတ္ေၾကာင္းနဲ႔ ပရမ္းပတာျဖစ္သြားခဲ့တာပဲရွိၿပီး နားလည္ေပးၾကဖို႔ အသင္းေနာက္ခံလူေဟာင္း ကာေရဂါ ေတာင္းဆုိသြား။

– အဓိက ေနာက္ခံလူ ဗန္ဒိုက္ ဒဏ္ရာရရွိေနခ်ိန္ဟာ ေနာက္ခံလူ ဂ်ဳိးဂိုမက္ဇ္အတြက္ေတာ့ သူ႕ရဲ႕ ကစားသမားဘဝအတြက္ သက္ေသျပရမယ့္ အခိုက္အတန္႔ျဖစ္လာခဲ့ၿပီး ယာဂန္ ကေလာ့ပ္ရဲ႕ စီနီယာအက်ဆုံးနဲ႔ ႀကံ့ခိုင္မွဳအရွိဆုံးေနာက္ခံလူအေနနဲ႔ ယုံၾကည္မွဳ ရယူဖို႔ လုပ္ေဆာင္ရဖြယ္ရွိ။

– လက္ေထာက္အသင္းေခါင္းေဆာင္ ဂ်ိမ္းစ္ မီလ္နာက သူတုိ႔ လီဗာပူးလ္အသင္းအေနနဲ႔ ဒီရာသီမွာ ႀကဳံေတြ႕ခဲ့ရသမွ် မတရားခံရမွဳေတြကို ေလာင္စာအျဖစ္ အသုံးျပဳၿပီး လာမယ့္ပြဲေတြမွာ ေပါက္ကြဲကစားသြားမွာျဖစ္ေၾကာင္း ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ခံစစ်အင်အား လျော့နည်းနေတဲ့ လီဗာပူးလ်အသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်ပိတ်ထားချိန်မှာ ဗလင်စီယာအသင်းကနေ ထွက်ခွာထားခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနား ဝါရင့်နောက်ခံလူ အီဇက်ကီးယဲလ် ဂါရိုင်းကို ခေါ်ယူဖို့ ပြင်ဆင်နေ။

– နောက်တန်းမှာ အသင်းရဲ့ မရှိမဖြစ်ကစားသမားတစ်ဦးဖြစ်နေခဲ့တဲ့ ကွင်းလယ်အဖျက်ကစားသမား ဖာဘင်ညိုကို အမြန်ဆုံး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေ စီစဉ်နေပြီး နှစ်နှစ်ကျန်စာချုပ်ကို ထပ်မံတိုးမြှင့်သွားဖို့ရှိနေ။

– ဂိုးသမား အယ်လစ်ဆန် ဘက်ကာနဲ့ နောက်ခံလူ ကော့စတတ်စ် ဆီမီကတ်စ်တို့နှစ်ဦးစလုံး လေ့ကျင့်ခန်းအစီအစဉ်တွေကို ပြန်လည် ဝင်ရောက်နိုင်နေပြီဖြစ်ပြီး နည်းပြ ယာဂန် ကလော့ပ်ကတော့ ဘရာဇီးလ်သား ဂိုးသမားအတွက် စိတ်ချရအောင် စိတ်မလောဘဲ စောင့်ဆိုင်းသွားမယ်လို့ဆို။

– အက်စတန်ဗီလာပွဲနဲ့ အိုင်းယက်စ်တို့ရဲ့ ပွဲမှာ ကွာခြားခဲ့တဲ့ ပုံစံက အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ရဲ့ ဦးဆောင်နိုင်စွမ်းပဲဖြစ်ပြီး အမ်စတာဒမ်က ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒုတိယပိုင်းမှာ သူပါဝင်လာခဲ့တဲ့ အသင်းရဲ့ ကစားဟန်ကို ကြည့်ရင် သိနိုင်တယ်လို့ ပရိသတ် ဝက်ဘ်ဆိုက်တစ်ခု သုံးသပ်။

– လီဗာပူးလ်ပရိသတ်တွေ စွပ်စွဲနေကြတဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကို အဲဗာတန်ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်က ဖျက်ထုတ်ခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်မျိုး မဟုတ်ကြောင်းနဲ့ ပရမ်းပတာဖြစ်သွားခဲ့တာပဲရှိပြီး နားလည်ပေးကြဖို့ အသင်းနောက်ခံလူဟောင်း ကာရေဂါ တောင်းဆိုသွား။

– အဓိက နောက်ခံလူ ဗန်ဒိုက် ဒဏ်ရာရရှိနေချိန်ဟာ နောက်ခံလူ ဂျိုးဂိုမက်ဇ်အတွက်တော့ သူ့ရဲ့ ကစားသမားဘဝအတွက် သက်သေပြရမယ့် အခိုက်အတန့်ဖြစ်လာခဲ့ပြီး ယာဂန် ကလော့ပ်ရဲ့ စီနီယာအကျဆုံးနဲ့ ကြံ့ခိုင်မှုအရှိဆုံးနောက်ခံလူအနေနဲ့ ယုံကြည်မှု ရယူဖို့ လုပ်ဆောင်ရဖွယ်ရှိ။

– လက်ထောက်အသင်းခေါင်းဆောင် ဂျိမ်းစ် မီလ်နာက သူတို့ လီဗာပူးလ်အသင်းအနေနဲ့ ဒီရာသီမှာ ကြုံတွေ့ခဲ့ရသမျှ မတရားခံရမှုတွေကို လောင်စာအဖြစ် အသုံးပြုပြီး လာမယ့်ပွဲတွေမှာ ပေါက်ကွဲကစားသွားမှာဖြစ်ကြောင်း ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.