Match Report UCL&UEL

ရာယာ သူရဲကောင်းဖြစ်ခဲ့ပြီး ၁၄ နှစ်အကြာမှာ ကွာတားကို ပြန်လည်တက်လှမ်းနိုင်ခဲ့တဲ့ ဂန်းနားများ

အာဆင်နယ်နဲ့ ပေါ်တိုတို့ ကစားခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်မှာ အိမ်ရှင်တွေက အမ်းမရိတ်စ်မှာ ၁-၀ နဲ့ အနိင်ရရှိခဲ့တာကြောင့် ၂ ကျော့ပေါင်း တစ်ဖက် ၁-၁ စီ ညီမျှနေခဲ့ပြီးနောက် ပင်နယ်တီမှာ ဒေးဗစ် ရာယာရဲ့ သူရဲကောင်းဆန်တဲ့ လက်စွမ်းနဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်

ဒဏ်ရာရနေတဲ့ မာတီနယ်လီနေရာမှာ ပွဲထွက်ကစားပေးခဲ့တဲ့ ထရော့ဆာ့ဒ်က ပထမပိုင်းမပြီးဆုံးခင် ၄ မိနစ်မှာ မာတင် အော်ဒီဂွါဒ်ရဲ့ လှပသေသပ်တဲ့ ပေးပို့မှုကနေတဆင့် ဘောလုံးလက်ခံပြီးနောက် ဂိုးထောင့်ထဲကို အနိမ့်ဘောကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်းအလယ်မှာ အော်ဒီဂွါဒ်ရဲ့ သွင်းဂိုးကို ကွင်းလယ်ဒိုင် ကလီးမင့် တာပင်က တိုက်စစ်စတင်ချိန်မှာ ကိုင် ဟာဗတ်ဇ်က ပီပီရဲ့ ရှပ်ကို ဆွဲထားခဲ့တယ်ဆိုပြီး အငြင်းပွားဖွယ် ပယ်ဖျက်ခဲ့ပြီးနောက် အချိန်ပိုအထိ ဆက်ကစားခဲ့ရပြီး အနိုင်အရှုံးမပေါ်တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာ ဒေးဗစ် ရာယာက ပေါ်တိုအသင်းကန်သွင်းခဲ့တဲ့ ပင်နယ်တီ ၂ လုံးအထိ ကာကွယ်နိုင်ခဲ့ပြီးနောက် အိမ်ရှင်တွေအတွက် သူရဲကောင်းဖြစ်ခဲ့ပြီး ဂန်းနားတွေဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နဲ႔ ေပၚတိုတို႔ ကစားခဲ့တဲ့ အဂၤါေန႔ညပြဲစဥ္မွာ အိမ္ရွင္ေတြက အမ္းမရိတ္စ္မွာ ၁-၀ နဲ႔ အနိင္ရရွိခဲ့တာေၾကာင့္ ၂ ေက်ာ့ေပါင္း တစ္ဖက္ ၁-၁ စီ ညီမွ်ေနခဲ့ၿပီးေနာက္ ပင္နယ္တီမွာ ေဒးဗစ္ ရာယာရဲ႕ သူရဲေကာင္းဆန္တဲ့ လက္စြမ္းနဲ႔ ကြာတားဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္

ဒဏ္ရာရေနတဲ့ မာတီနယ္လီေနရာမွာ ပြဲထြက္ကစားေပးခဲ့တဲ့ ထေရာ့ဆာ့ဒ္က ပထမပိုင္းမၿပီးဆုံးခင္ ၄ မိနစ္မွာ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ လွပေသသပ္တဲ့ ေပးပို႔မႈကေနတဆင့္ ေဘာလုံးလက္ခံၿပီးေနာက္ ဂိုးေထာင့္ထဲကို အနိမ့္ေဘာကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒုတိယပိုင္းအလယ္မွာ ေအာ္ဒီဂြါဒ္ရဲ႕ သြင္းဂိုးကို ကြင္းလယ္ဒိုင္ ကလီးမင့္ တာပင္က တိုက္စစ္စတင္ခ်ိန္မွာ ကိုင္ ဟာဗတ္ဇ္က ပီပီရဲ႕ ရွပ္ကို ဆြဲထားခဲ့တယ္ဆိုၿပီး အျငင္းပြားဖြယ္ ပယ္ဖ်က္ခဲ့ၿပီးေနာက္ အခ်ိန္ပိုအထိ ဆက္ကစားခဲ့ရၿပီး အႏိုင္အရႈံးမေပၚတာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရပါတယ္။

ပင္နယ္တီ အဆုံးအျဖတ္မွာ ေဒးဗစ္ ရာယာက ေပၚတိုအသင္းကန္သြင္းခဲ့တဲ့ ပင္နယ္တီ ၂ လုံးအထိ ကာကြယ္ႏိုင္ခဲ့ၿပီးေနာက္ အိမ္ရွင္ေတြအတြက္ သူရဲေကာင္းျဖစ္ခဲ့ၿပီး ဂန္းနားေတြဟာ ၂၀၁၀ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.