Match Report Saudi League

ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့ ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာ

ညက ကစားခဲ့တဲ့ အယ်လ်အိန်းနဲ့ အာရှချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ အယ်လ်နာဆာတို့ ၄-၃ နဲ့ အနိုင်ရခဲ့ပေမယ့် ၂ ကျော့ပေါင်း ၄-၄ သရေဖြစ်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ရှုံးနိမ့်ခဲ့ပါတယ်။

အယ်လ်အိန်းက ဦးဆောင်ဂိုး ၂ ဂိုးသွင်းခဲ့လို့ အယ်လ်နာဆာတို့ ဒုတိယပိုင်းမှာ ၃ ဂိုး ပြန်လိုက်သွင်းခဲ့ရပြီး အချိန်ပို ဆက်ကန်ခဲ့ရပါတယ်။

အချိန်ပိုမှာ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ အာမက် အနီကတ်နဲ့ အထုတ်ခံရပြီး အယ်လ်နာဆာတို့ ဦးဆောင်ဂိုးထပ်အသွင်းခံရပေမယ့် အချိန်ပို ဒုတိယပိုင်း ပြီးခါနီး ၂ မိနစ်မှာ ပင်နယ်တီရလို့ ရော်နယ်ဒိုက ပြန်ချေပနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူရပါတယ်။

ပင်နယ်တီမှာတော့ တဲလက်စ်၊ ဘရိုဇိုဗစ်၊ အိုတာဗီယိုတို့အကုန် စိတ်ပျက်ဖွယ် လွဲချော်ခဲ့ပြီး ရော်နယ်ဒိုတဦးတည်းသာ ဂိုးဝင်ခဲ့တာပါ။

ရော်နယ်ဒိုကတော့ ပွဲချိန်အတွင်းမှာ အပိုင်အလုံးတွေကို လွဲခဲ့ပြီးတော့ နောက်ဆုံးမှာတော့ ဖလားတလုံးနဲ့ပါ လွဲချော်သွားခဲ့ရပြန်ပါပြီ။

ဆီမီးဖိုင်နယ်ကို တက်မယ်လို့ ရော်နယ်ဒိုက အလေးအနက်ပြောခဲ့ပေမယ့် ကြိုးစားခဲ့သမျှ အရာမထင်ခဲ့လေတော့ ပေါ်တူဂီဂန္တဝင်ကြီးတစ်ယောက် ယူကျုံးမရ အပူလုံးကြွခဲ့ရပါတော့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ညက ကစားခဲ့တဲ့ အယ္လ္အိန္းနဲ႔ အာရွခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့မွာ အယ္လ္နာဆာတို႔ ၄-၃ နဲ႔ အႏိုင္ရခဲ့ေပမယ့္ ၂ ေက်ာ့ေပါင္း ၄-၄ သေရျဖစ္ခဲ့လို႔ ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရၿပီး ရႈံးနိမ့္ခဲ့ပါတယ္။

အယ္လ္အိန္းက ဦးေဆာင္ဂိုး ၂ ဂိုးသြင္းခဲ့လို႔ အယ္လ္နာဆာတို႔ ဒုတိယပိုင္းမွာ ၃ ဂိုး ျပန္လိုက္သြင္းခဲ့ရၿပီး အခ်ိန္ပို ဆက္ကန္ခဲ့ရပါတယ္။

အခ်ိန္ပိုမွာ ဒုတိယပိုင္းမွာ လူစားဝင္လာတဲ့ အာမက္ အနီကတ္နဲ႔ အထုတ္ခံရၿပီး အယ္လ္နာဆာတို႔ ဦးေဆာင္ဂိုးထပ္အသြင္းခံရေပမယ့္ အခ်ိန္ပို ဒုတိယပိုင္း ၿပီးခါနီး ၂ မိနစ္မွာ ပင္နယ္တီရလို႔ ေရာ္နယ္ဒိုက ျပန္ေခ်ပႏိုင္ခဲ့ၿပီး ပင္နယ္တီအဆုံးအျဖတ္ခံယူရပါတယ္။

ပင္နယ္တီမွာေတာ့ တဲလက္စ္၊ ဘ႐ိုဇိုဗစ္၊ အိုတာဗီယိုတို႔အကုန္ စိတ္ပ်က္ဖြယ္ လြဲေခ်ာ္ခဲ့ၿပီး ေရာ္နယ္ဒိုတဦးတည္းသာ ဂိုးဝင္ခဲ့တာပါ။

ေရာ္နယ္ဒိုကေတာ့ ပြဲခ်ိန္အတြင္းမွာ အပိုင္အလုံးေတြကို လြဲခဲ့ၿပီးေတာ့ ေနာက္ဆုံးမွာေတာ့ ဖလားတလုံးနဲ႔ပါ လြဲေခ်ာ္သြားခဲ့ရျပန္ပါၿပီ။

ဆီမီးဖိုင္နယ္ကို တက္မယ္လို႔ ေရာ္နယ္ဒိုက အေလးအနက္ေျပာခဲ့ေပမယ့္ ႀကိဳးစားခဲ့သမွ် အရာမထင္ခဲ့ေလေတာ့ ေပၚတူဂီဂႏၲဝင္ႀကီးတစ္ေယာက္ ယူက်ဳံးမရ အပူလုံးႂကြခဲ့ရပါေတာ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.