Premier League

လူစားလဲခံခဲ့ရလို့ ဂွါဒီယိုလာနဲ့ စကားများခဲ့တဲ့ ဒီဘရိုင်းနား

မန်စီးတီးကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားဟာ လီဗာပူးလ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း လူစားလဲခံခဲ့ရမှုကြောင့် နည်းပြ ဂွါဒီယိုလာနဲ့ စကားများခဲ့ပါတယ်။

မန်စီးတီးရဲ့ ဦးဆောင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ဒီဘရိုင်းနားဟာ ၆၉ မိနစ်မှာ ကိုဗာချစ်နဲ့ လူစားလဲခံခဲ့ရတာဖြစ်ပြီး ဂွါဒီယိုလာက လီဗာပူးလ်က ပွဲကို စတင်ထိန်းချုပ်လာမှုကြောင့် အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းနားနဲ့ အယ်လ်ဗာရက်ဇ်တို့ ၂ ဦးစလုံးဟာ လူစားလဲခံရမှုကြောင့် ကွင်းဘေးစည်းကို လာခဲ့ကြပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကတော့ အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မကျေနပ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းနားဟာ အရန်ခုံတန်းက ခုံမှာ သွားထိုင်ခဲ့ပြီး လက်တွေကို လေထဲမှာ မြှောက်ပြီး ဂွါဒီယိုလာကို ဒေါသထွက် စိတ်ပျက်ကြောင်း ပြသခဲ့ပြီးနောက် ဂွါဒီယိုလာက နည်းပြအဖွဲ့နဲ့အတူ လာပြန်ထိုင်ချိန်မှာလည်း လှမ်းအော်ခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကို ဂယ်ရီ နဗီးက မြင်တွေ့ခဲ့ပြီးနောက် “အင်း ဒါက ဒီပွဲကို လီဗာပူးလ် ဘယ်လောက်ထိန်းချုပ်ထားလဲဆိုတာကို စကားပြောနေတာပဲ။ သူက ဂွါဒီယိုလာကို မကျေမနပ်ညည်းတွားခဲ့တယ်။ အင်း တကယ်တော့ ကြီးမားတဲ့ ညည်းတွားမှုပဲ။ သူ ဆက်ပြီးတော့ပြောနေတုန်းပဲ ကြည့်လိုက်။ ဒီကွင်းက သူတို့ကို တစ်ခုခု လုပ်နိုင်တယ်။ မန်စီးတီးက ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော်တို့သိတယ်။ သူတို့တွေက ကမ္ဘာပေါ့် အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ ဒါပေမယ့် အန်းဖီးက သူတို့အတွက် ဘယ်တုန်းကမှ အဆင်ပြေပြေမဖြစ်ခဲ့ဘူး။ ဒီဒုတိယပိုင်းမှာ ကောင်းကောင်း မဖြစ်နေဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာနဲ့ ဒီဘရိုင်းနားဟာ မန်စီးတီးနည်းပြက ကြယ်ပွင့်ကစားသမားရဲ့ အရန်ခုံတန်းက ထိုင်ခုံဘေးမှာ လာထိုင်ချိန်မှာ လူစားလဲလှယ်တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆက်လက် အငြင်းအခုံဖြစ်ခဲ့ကြပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်က လက်အမူအရာတွေနဲ့ သူ့အမြင်ကို ရှင်းပြဖို့ ကြိုးစားခဲ့ပါတယ်။

ဂွါဒီယိုလာကတော့ ဒီဘရိုင်းနားရဲ့ နားနားကပ်ပြီး စကားအချို့ လျင်လျင်မြန်မြန် ပြောဆိုခဲ့ပြီးနောက် ကွင်းဘေးစည်းနေရာကို ပြန်သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္စီးတီးၾကယ္ပြင့္ ကီဗင္ ဒီဘ႐ိုင္းနားဟာ လီဗာပူးလ္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း လူစားလဲခံခဲ့ရမႈေၾကာင့္ နည္းျပ ဂြါဒီယိုလာနဲ႔ စကားမ်ားခဲ့ပါတယ္။

မန္စီးတီးရဲ႕ ဦးေဆာင္ဂိုးကို ဖန္တီးေပးခဲ့တဲ့ ဒီဘ႐ိုင္းနားဟာ ၆၉ မိနစ္မွာ ကိုဗာခ်စ္နဲ႔ လူစားလဲခံခဲ့ရတာျဖစ္ၿပီး ဂြါဒီယိုလာက လီဗာပူးလ္က ပြဲကို စတင္ထိန္းခ်ဳပ္လာမႈေၾကာင့္ အေျပာင္းအလဲလုပ္ခဲ့တာျဖစ္ပါတယ္။ ဒီဘ႐ိုင္းနားနဲ႔ အယ္လ္ဗာရက္ဇ္တို႔ ၂ ဦးစလုံးဟာ လူစားလဲခံရမႈေၾကာင့္ ကြင္းေဘးစည္းကို လာခဲ့ၾကၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကေတာ့ အဲဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး မေက်နပ္ေၾကာင္း ရွင္းရွင္းလင္းလင္း ျပသခဲ့တာျဖစ္ပါတယ္။

ဒီဘ႐ိုင္းနားဟာ အရန္ခုံတန္းက ခုံမွာ သြားထိုင္ခဲ့ၿပီး လက္ေတြကို ေလထဲမွာ ေျမႇာက္ၿပီး ဂြါဒီယိုလာကို ေဒါသထြက္ စိတ္ပ်က္ေၾကာင္း ျပသခဲ့ၿပီးေနာက္ ဂြါဒီယိုလာက နည္းျပအဖြဲ႕နဲ႔အတူ လာျပန္ထိုင္ခ်ိန္မွာလည္း လွမ္းေအာ္ခဲ့တာျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္ကို ဂယ္ရီ နဗီးက ျမင္ေတြ႕ခဲ့ၿပီးေနာက္ “အင္း ဒါက ဒီပြဲကို လီဗာပူးလ္ ဘယ္ေလာက္ထိန္းခ်ဳပ္ထားလဲဆိုတာကို စကားေျပာေနတာပဲ။ သူက ဂြါဒီယိုလာကို မေက်မနပ္ညည္းတြားခဲ့တယ္။ အင္း တကယ္ေတာ့ ႀကီးမားတဲ့ ညည္းတြားမႈပဲ။ သူ ဆက္ၿပီးေတာ့ေျပာေနတုန္းပဲ ၾကည့္လိုက္။ ဒီကြင္းက သူတို႔ကို တစ္ခုခု လုပ္ႏိုင္တယ္။ မန္စီးတီးက ဘယ္ေလာက္ေကာင္းလဲဆိုတာ ကြၽန္ေတာ္တို႔သိတယ္။ သူတို႔ေတြက ကမာၻေပါ့္ အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းပါ။ ဒါေပမယ့္ အန္းဖီးက သူတို႔အတြက္ ဘယ္တုန္းကမွ အဆင္ေျပေျပမျဖစ္ခဲ့ဘူး။ ဒီဒုတိယပိုင္းမွာ ေကာင္းေကာင္း မျဖစ္ေနဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂြါဒီယိုလာနဲ႔ ဒီဘ႐ိုင္းနားဟာ မန္စီးတီးနည္းျပက ၾကယ္ပြင့္ကစားသမားရဲ႕ အရန္ခုံတန္းက ထိုင္ခုံေဘးမွာ လာထိုင္ခ်ိန္မွာ လူစားလဲလွယ္တဲ့ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ဆက္လက္ အျငင္းအခုံျဖစ္ခဲ့ၾကၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္က လက္အမူအရာေတြနဲ႔ သူ႔အျမင္ကို ရွင္းျပဖို႔ ႀကိဳးစားခဲ့ပါတယ္။

ဂြါဒီယိုလာကေတာ့ ဒီဘ႐ိုင္းနားရဲ႕ နားနားကပ္ၿပီး စကားအခ်ိဳ႕ လ်င္လ်င္ျမန္ျမန္ ေျပာဆိုခဲ့ၿပီးေနာက္ ကြင္းေဘးစည္းေနရာကို ျပန္သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.