Match Report Premier League

အန်းဖီးမှာ ဖျော်ဖြေမှုရသအပြည့်နဲ့ အမှတ်ခွဲဝေယူခဲ့ပြီး ဂန်းနားတွေကို ဇယားထိပ် နန်းတင်ခဲ့တဲ့ လီဗာပူးလ်နဲ့ မန်စီးတီး

တနင်္ဂနွေနေ့ည ၁၀ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ပထမပိုင်းစတင်ချိန်ကတည်းက တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့ အကြိတ်အနယ်ရှိခဲ့ကြပြီး ၂၃ မိနစ်မှာ မန်စီးတီးက ထောင့်ကန်ဘောကန်ခွင့်ရခဲ့ရာမှာ ကီဗင် ဒီဘရိုင်းနားရဲ့ ပါးပါးနပ်နပ် လျင်လျင်မြန်မြန် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂျွန်စတုန်းစ်က ပိတ်သွင်းယူပြီး မန်စီးတီးတို့ အဖွင့်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် လီဗာပူးလ်တို့ ချေပဂိုး ပြန်လည်သွင်းယူဖို့အတွက် တရစပ်ဖိအားပေး တိုက်စစ်ဆင်ခဲ့ပေမယ့် မန်စီးတီးနောက်ခံလူတွေက ကြံ့ကြံ့ခံကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးမရရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စတာနဲ့ အိမ်ရှင် လီဗာပူးလ်တို့က ဆက်လက်ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး ၄၇ မိနစ်မှာ ဒါဝင် နူးညက်ဇ်နဲ့ အီဒါဆန်တို့ ဘောလုံးယှဉ်လုချိန်မှာ မန်စီးတီးဂိုးသမားရဲ့ ရှင်းထုတ်မှုက လီဗာပူးလ်တိုက်စစ်မှူးကိုသာ လှဲချသလိုဖြစ်ခဲ့တာကြောင့် အိမ်ရှင်တို့ ပင်နယ်တီရရှိခဲ့ပါတယ်။

ပင်နယ်တီပြစ်ဒဏ်ဘောကို မက္ကယ်လစ္စတာက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး အီဒါဆန် ဒိုင်ဗင်ပစ်တာ ဘက်မှန်ခဲ့ပေမယ့်လည်း မကာကွယ်နိုင်ခဲ့တာကြောင့် လီဗာပူးလ်တို့ ချေပဂိုး ရရှိသွားခဲ့ပါတယ်။

မန်စီးတီးဟာ ချေပဂိုး ပေးခဲ့ရပြီးနောက် လီဗာပူးလ်ကို သတိကြီးကြီးနဲ့ ကစားခဲ့ပြီး ၅၆ မိနစ်မှာ အီဒါဆန် နူးညက်ဇ်နဲ့ ထိခိုက်မိခဲ့တဲ့ဒဏ်ရာကြောင့် ဆက်မကစားနိုင်တော့လို့ အော်တေဂါနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။

မန်စီးတီးရဲ့ အပိုင်ကန်သွင်းမှုတွေကို ကယ်လီဟာ လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး မိုဟာမက် ဆာလား ၆၁ မိနစ်မှာ လူစားဝင်လာခဲ့ပြီးနောက် လျင်လျင်မြန်မြန်ပဲ ဒီယက်ဇ်အတွက် အပိုင်ကန်သွင်းခွင့်ဖန်တီးနိုင်ခဲ့ပေမယ့် ကိုလံဘီယာကြယ်ပွင့်ရဲ့ ကန်သွင်းချက်က ဂိုးတိုင်ဘေး ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

မိုဟာမက် ဆာလား ဝင်လာပြီးကတည်းက လီဗာပူးလ်ရဲ့ တိုက်စစ်က ပိုမိုအသက်ဝင်လာခဲ့ပြီး ၇၁ မိနစ်မှာ ရောဘတ်ဆန်ရဲ့ ဘယ်တောင်ပံက ဖြတ်တင်ပေးပို့မှုကို နူးညက်ဇ်ပိတ်သွင်းခဲ့ပေမယ့်လည်း အော်တေဂါက နေရာယူမှန်မှန်နဲ့ ကာကွယ်သွားနိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ ဦးဆောင်ဂိုးရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။

၇၃ မိနစ်မှာ မန်စီးတီးတို့ ဦးဆောင်ဂိုး ရခဲ့ပြီထင်ခဲ့ပေမယ့်လည်း အကီရဲ့ ဘယ်တောင်ပံကနေ ဖြတ်တင်ပေးပို့မှုကို ကယ်လီဟာ ပုတ်ထုတ်ခဲ့မှုက ဖိုဒန်နဲ့ထိပြီးနောက် ဂိုးဘားတန်းနဲ့ထိပြီး ဂိုးလွန်ဘောဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ၇၉ မိနစ်မှာ ကွမ်ဆာက ပင်နယ်တီဧရိယာအပြင်ဘက်ကနေ အလစ်အငိုက် ကန်သွင်းခဲ့ပေမယ့်လည်း အော်တေဂါက နေရာယူမှန်မှန်နဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် လီဗာပူးလ်တို့ ဦးဆောင်ဂိုး မရရှိခဲ့တာဖြစ်ပါတယ်။

၈၈ မိနစ်မှာ မန်စီးတီးက တန်ပြန်တိုက်စစ်ကနေတဆင့် ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပြီး ဒိုကုရဲ့ကန်ချက်က ဂိုးညာဘက်တိုင်ကို ထိမှန်ပြီး ကယ်လီဟာလက်ထဲ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီး အချိန်တွေမှာ လီဗာပူးလ်က ဖိအားပေးတိုက်စစ်ဆင်ခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီး ခံစစ်နဲ့ အော်တေဂါတို့က အကောင်းဆုံးပုံစံနဲ့ ကာကွယ်နိုင် ခဲ့တာကြောင့် နောက်ထပ် ဦးဆောင်ဂိုးတွေ မသွင်းယူနိုင်ခဲ့ဘဲ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် လီဗာပူးလ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ရမှတ် ၆၄ မှတ်တူ ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာသာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး မန်စီးတီးက ၁ မှတ်အကွာ တတိယနေရာမှာ ရပ်တည်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တနဂၤေႏြေန႔ည ၁၀ နာရီ ၁၅ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ပြဲမွာ တစ္ဖက္တစ္ဂိုးစီ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။

ပထမပိုင္းစတင္ခ်ိန္ကတည္းက တစ္ဖက္နဲ႔ တစ္ဖက္ အျပန္အလွန္ ထိုးေဖာက္တိုက္စစ္ဆင္မႈေတြနဲ႔ အႀကိတ္အနယ္ရွိခဲ့ၾကၿပီး ၂၃ မိနစ္မွာ မန္စီးတီးက ေထာင့္ကန္ေဘာကန္ခြင့္ရခဲ့ရာမွာ ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ ပါးပါးနပ္နပ္ လ်င္လ်င္ျမန္ျမန္ ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဂြၽန္စတုန္းစ္က ပိတ္သြင္းယူၿပီး မန္စီးတီးတို႔ အဖြင့္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ လီဗာပူးလ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူဖို႔အတြက္ တရစပ္ဖိအားေပး တိုက္စစ္ဆင္ခဲ့ေပမယ့္ မန္စီးတီးေနာက္ခံလူေတြက ႀကံ့ႀကံ့ခံကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ဂိုးမရရွိခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စတာနဲ႔ အိမ္ရွင္ လီဗာပူးလ္တို႔က ဆက္လက္ဖိအားေပးတိုက္စစ္ဆင္ခဲ့ၿပီး ၄၇ မိနစ္မွာ ဒါဝင္ ႏူးညက္ဇ္နဲ႔ အီဒါဆန္တို႔ ေဘာလုံးယွဥ္လုခ်ိန္မွာ မန္စီးတီးဂိုးသမားရဲ႕ ရွင္းထုတ္မႈက လီဗာပူးလ္တိုက္စစ္မႉးကိုသာ လွဲခ်သလိုျဖစ္ခဲ့တာေၾကာင့္ အိမ္ရွင္တို႔ ပင္နယ္တီရရွိခဲ့ပါတယ္။

ပင္နယ္တီျပစ္ဒဏ္ေဘာကို မကၠယ္လစၥတာက အမွားအယြင္းမရွိ ကန္သြင္းယူခဲ့ၿပီး အီဒါဆန္ ဒိုင္ဗင္ပစ္တာ ဘက္မွန္ခဲ့ေပမယ့္လည္း မကာကြယ္ႏိုင္ခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ ေခ်ပဂိုး ရရွိသြားခဲ့ပါတယ္။

မန္စီးတီးဟာ ေခ်ပဂိုး ေပးခဲ့ရၿပီးေနာက္ လီဗာပူးလ္ကို သတိႀကီးႀကီးနဲ႔ ကစားခဲ့ၿပီး ၅၆ မိနစ္မွာ အီဒါဆန္ ႏူးညက္ဇ္နဲ႔ ထိခိုက္မိခဲ့တဲ့ဒဏ္ရာေၾကာင့္ ဆက္မကစားႏိုင္ေတာ့လို႔ ေအာ္ေတဂါနဲ႔ လူစားလဲလွယ္ခဲ့ရပါတယ္။

မန္စီးတီးရဲ႕ အပိုင္ကန္သြင္းမႈေတြကို ကယ္လီဟာ လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ၿပီး မိုဟာမက္ ဆာလား ၆၁ မိနစ္မွာ လူစားဝင္လာခဲ့ၿပီးေနာက္ လ်င္လ်င္ျမန္ျမန္ပဲ ဒီယက္ဇ္အတြက္ အပိုင္ကန္သြင္းခြင့္ဖန္တီးႏိုင္ခဲ့ေပမယ့္ ကိုလံဘီယာၾကယ္ပြင့္ရဲ႕ ကန္သြင္းခ်က္က ဂိုးတိုင္ေဘး ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

မိုဟာမက္ ဆာလား ဝင္လာၿပီးကတည္းက လီဗာပူးလ္ရဲ႕ တိုက္စစ္က ပိုမိုအသက္ဝင္လာခဲ့ၿပီး ၇၁ မိနစ္မွာ ေရာဘတ္ဆန္ရဲ႕ ဘယ္ေတာင္ပံက ျဖတ္တင္ေပးပို႔မႈကို ႏူးညက္ဇ္ပိတ္သြင္းခဲ့ေပမယ့္လည္း ေအာ္ေတဂါက ေနရာယူမွန္မွန္နဲ႔ ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္တို႔ ဦးေဆာင္ဂိုးရမယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

၇၃ မိနစ္မွာ မန္စီးတီးတို႔ ဦးေဆာင္ဂိုး ရခဲ့ၿပီထင္ခဲ့ေပမယ့္လည္း အကီရဲ႕ ဘယ္ေတာင္ပံကေန ျဖတ္တင္ေပးပို႔မႈကို ကယ္လီဟာ ပုတ္ထုတ္ခဲ့မႈက ဖိုဒန္နဲ႔ထိၿပီးေနာက္ ဂိုးဘားတန္းနဲ႔ထိၿပီး ဂိုးလြန္ေဘာျဖစ္သြားခဲ့တာျဖစ္ပါတယ္။ ၇၉ မိနစ္မွာ ကြမ္ဆာက ပင္နယ္တီဧရိယာအျပင္ဘက္ကေန အလစ္အငိုက္ ကန္သြင္းခဲ့ေပမယ့္လည္း ေအာ္ေတဂါက ေနရာယူမွန္မွန္နဲ႔ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ ဦးေဆာင္ဂိုး မရရွိခဲ့တာျဖစ္ပါတယ္။

၈၈ မိနစ္မွာ မန္စီးတီးက တန္ျပန္တိုက္စစ္ကေနတဆင့္ ထိုးေဖာက္တိုက္စစ္ဆင္ခဲ့ၿပီး ဒိုကုရဲ႕ကန္ခ်က္က ဂိုးညာဘက္တိုင္ကို ထိမွန္ၿပီး ကယ္လီဟာလက္ထဲ ေရာက္သြားခဲ့တာ ျဖစ္ပါတယ္။

ပြဲၿပီးဆုံးခါနီး အခ်ိန္ေတြမွာ လီဗာပူးလ္က ဖိအားေပးတိုက္စစ္ဆင္ခဲ့ေပမယ့္လည္း မန္ခ်က္စတာစီးတီး ခံစစ္နဲ႔ ေအာ္ေတဂါတို႔က အေကာင္းဆုံးပုံစံနဲ႔ ကာကြယ္ႏိုင္ ခဲ့တာေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ မသြင္းယူႏိုင္ခဲ့ဘဲ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ လီဗာပူးလ္ဟာ အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္နဲ႔ ရမွတ္ ၆၄ မွတ္တူ ဂိုးကြာျခားခ်က္ေၾကာင့္ ဒုတိယေနရာမွာသာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ၿပီး မန္စီးတီးက ၁ မွတ္အကြာ တတိယေနရာမွာ ရပ္တည္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.