Premier League

အသင်းကြီးယောင်ဆောင်တဲ့ဗီလာကို ဂိုးပြတ်အနိုင်ယူပြီး အဆင့်မှန်သိအောင် ပြလိုက်တဲ့ စပါးစ်

ဒီနေ့ည ၇ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စတန် ဗီလာနဲ့ စပါးစ်တို့ရဲ့ပွဲစဉ်မှာ ဧည့်သည်တွေက ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ၄-၀ နဲ့ အနိုင်ရခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ပွဲအတွက် အရေးကြီးတဲ့ နိုင်ပွဲရရှိစေဖို့ ဂျိမ်းစ် မက်ဒီဆင်နဲ့ ဘရန်နန် ဂျွန်ဆင်တို့က ဒုတိယပိုင်းမှာ သွင်းဂိုးတွေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အက်စတန် ဗီလာဟာ ၆၅ မိနစ်မှာ အူဒိုဂီကို အဆင်အခြင်မဲ့ ဖျက်ထုတ်မှုကြောင့် အသင်းခေါင်းဆောင် ဂျွန် မက်ဂင်း ထုတ်ပယ်ခံခဲ့ရမှုကြောင့် အထိနာခဲ့ပြီး နာကျင်အချိန်ပိုမှာ ဆွန်ဟောင်မင်နဲ့ တီမို ဗာနာရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ပိုစတီကိုဂလူရဲ့ စပါးစ်ဟာ တစ်ပွဲကစားဖို့ ကျန်ရှိနေသေးချိန်မှာ အူနိုင်း အမ်မရီရဲ့အသင်းနဲ့ ၂ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီနေ့ည ၇ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စတန် ဗီလာနဲ့ စပါးစ်တို့ရဲ့ပွဲစဉ်မှာ ဧည့်သည်တွေက ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ၄-၀ နဲ့ အနိုင်ရခဲ့ပါတယ်။




REF: INTERNET SOURCES
SPORTS A2Z.