Premier League

ကိုင် ဟာဗတ်ဇ် ဘာကြောင့် အနီနဲ့ထုတ်ပယ်မခံခဲ့ရလဲဆိုတာ ရှင်းပြခဲ့တဲ့ ဒိုင်လူကြီးဟောင်း

ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဒါးမော့ ဂယ်လေဂါက ကိုင် ဟာဗတ်ဇ်ဟာ ဘရန့်တ်ဖို့ဒ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ စနေနေ့ညပွဲမှာ ဒုတိယအဝါကတ်ပြားနဲ့ အနီကတ်ပြထုတ်ပယ်ခံရဖို့ မထိုက်တန်ခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဂန်းနားတွေဟာ ၈၆ မိနစ်မှာ ကိုင် ဟာဗတ်ဇ်က ဘန် ဝှိုက်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ခေါင်းတိုက်ပြီး နောက်ကျအနိုင်ဂိုး မသွင်းယူခင်အထိ ဆုဖလားပြိုင်ပွဲမှာ အဖိုးတန်တဲ့ ရမှတ် ၂ မှတ်လျော့ကျတော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။ ဘရန့်တ်ဖို့ဒ်ဟာ ဟာဗတ်ဇ်ရဲ့ သွင်းဂိုးဟာ တရားဝင်မှု မရှိဘူးလို့ ယုံကြည်နေပြီး နည်းပြ သောမတ်စ် ဖရန့်ခ်က ဂျာမန်ကြယ်ပွင့်ဟာ ဒုတိယပိုင်းအစောပိုင်းကတည်းက အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရသင့်တယ်လို့ ခံစားခဲ့ရတာ ဖြစ်ပါတယ်။

အဝါကတ်ပြား ပြသခြင်းခံထားရပြီးဖြစ်တဲ့ ဟာဗတ်ဇ်ဟာ ၆၅ မိနစ်မှာ နေသန် ကောလင်းစ်ရဲ့ ဖျက်ထုတ်မှုအပြီး ပင်နယ်တီဧရိယာထဲမှာ လဲကျသွားခဲ့ပြီး ပင်နယ်တီတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံအနှေးပြကွက်တွေအရ ထိတွေ့မှုက အနည်းငယ်လောက်သာ ရှိခဲ့ပြီး ဖရန့်ခ်က ချဲလ်ဆီးကြယ်ပွင့်ဟောင်းကို ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“သူတို့တွေ(ကစားသမားတွေ)အရမ်း ဒေါသထွက်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ဟာဗတ်ဇ်ရဲ့ ပင်နယ်တီ တောင်းဆိုမှုနဲ့ပတ်သက်ပြီး သူတို့တွေ မမျှမတ ဆုံးဖြတ်ခံခဲ့ရတယ်လို့ ခံစားခဲ့ရလို့ပါ။ ခင်ဗျား ရှုထောင့်တွေအားလုံးကနေ မြင်နိုင်ပါတယ်။ အဲဒါက လုံးဝကို ဒိုင်ဗင်ထိုးတာ ရှင်းနေတာပဲ။ ဒါက ဒုတိယအဝါကတ်ပြရမှာပါ။ အဲဒီလိုဆိုရင် ၁၀ ယောက်နဲ့ ၁၁ ယောက်ဖြစ်သွားခဲ့မှာပါ။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဒါးမော့ ဂယ်လေဂါက ကွင်းလယ်ဒိုင် ရော့ဘ် ဂျုံးစ်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပြီး ဒီလိုအခင်းအကျင်းမျိုးမှာ ကြားဝင်ဖို့ VAR ရဲ့အလုပ်မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

“ဒိုင်လူကြီးက အဝါကတ်ပြဖို့သာ ဆုံးဖြတ်ခဲ့တယ်လို့ ခင်ဗျား တွေးကြည့်လိုက်ပါ။ VAR က ပြသင့်တယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ ဒုတိယအဝါကတ်တွေအတွက် VAR က ကြားဝင်နိုင်လားဆိုတာနဲ့ပတ်သက်ပြီး ပြောနေတာပါ။ ကျွန်တော်တို့အားလုံး တိုက်ရိုက်အနီကတ်တွေနဲ့ပတ်သက်ပြီး သိကြပါတယ်။ ကျွန်တော့်အတွက်ကတော့ ထိတွေ့မှုအချို့ရှိခဲ့ပြီး ဒါကပဲသူ့ကို ကယ်တင်သွားခဲ့တာပါ။ အဲဒါက ကမ္ဘာပေါ်မှာ လုပ်ဖို့ အကောင်းဆုံးအရာမဟုတ်ပါဘူး(ပင်နယ်တီတောင်းတာ)။ အထူးသဖြင့် ခင်ဗျားက အဝါကတ်ပြသခံထားရတဲ့အချိန်မှာပေါ့။ ဒိုင်လူကြီးရှိတဲ့နေရာကို ကြည့်လိုက်ရင်လည်း သူက ကောလင်းစ်ဖျက်ထုတ်လိုက်တာကို မြင်ပြီး ဘောလုံးက ညာဘက်ရောက်သွားတာကို တွေ့လိုက်ပါတယ်။ ဒိုင်လူကြီးအတွက် သဲလွန်စက ဘောလုံးသွားတဲ့နေရာနဲ့ ဟာဗတ်ဇ်ဆီကနေ ဘောလုံး ထွက်သွားတာပါ။ အဲဒီတော့ ဒိုင်လူကြီးက သူ့နေရာကနေ သူ့စိတ်ထဲမှာ တွေးပါလိမ့်မယ်။ ဘောလုံးကို သူ အဲဒီမှာ မြင်လိုက်ရပြီး ကောလင်းစ်က ဘောလုံးကို ရသွားတယ်။ အဲဒါကြောင့်ပဲ သူ ပြစ်ဒဏ်ဘောမပေးခဲ့တာပါ။ သူက ပြစ်ဒဏ်ဘောမဟုတ်၊ ဒိုင်ဗင်ထိုးတာမဟုတ်ဘူးလို့ ပြောလိမ့်မယ်။ ဒိုင်လူကြီးက ဒိုင်ဗင်ထိုးတယ်ဆိုတာ လုံးဝသေချာမှရမယ်။ ဘာလို့လဲဆိုတော့ အဲဒါက အနီကတ်ပြရမယ့်ကိစ္စဖြစ်နေလို့ပါ။ ခင်ဗျားသာ ဒိုင်ဗင်ထိုးတယ်ဆိုပြီး တစ်စုံတယောက်ကို ထုတ်ပယ်ချင်ရင် အဲဒီမှာ လုံးဝကို ထိတွေ့မှုမရှိဘဲ မြေကြီးပေါ် အတင်းပစ်လှဲတာမျိုး ဖြစ်မှရပါမယ်”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း ဒါးေမာ့ ဂယ္ေလဂါက ကိုင္ ဟာဗတ္ဇ္ဟာ ဘရန႔္တ္ဖို႔ဒ္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ စေနေန႔ညပြဲမွာ ဒုတိယအဝါကတ္ျပားနဲ႔ အနီကတ္ျပထုတ္ပယ္ခံရဖို႔ မထိုက္တန္ခဲ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ဂန္းနားေတြဟာ ၈၆ မိနစ္မွာ ကိုင္ ဟာဗတ္ဇ္က ဘန္ ဝႈိက္ရဲ႕ ျဖတ္တင္ေပးပို႔မႈကေန ေခါင္းတိုက္ၿပီး ေနာက္က်အႏိုင္ဂိုး မသြင္းယူခင္အထိ ဆုဖလားၿပိဳင္ပြဲမွာ အဖိုးတန္တဲ့ ရမွတ္ ၂ မွတ္ေလ်ာ့က်ေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ပါတယ္။ ဘရန႔္တ္ဖို႔ဒ္ဟာ ဟာဗတ္ဇ္ရဲ႕ သြင္းဂိုးဟာ တရားဝင္မႈ မရွိဘူးလို႔ ယုံၾကည္ေနၿပီး နည္းျပ ေသာမတ္စ္ ဖရန႔္ခ္က ဂ်ာမန္ၾကယ္ပြင့္ဟာ ဒုတိယပိုင္းအေစာပိုင္းကတည္းက အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရသင့္တယ္လို႔ ခံစားခဲ့ရတာ ျဖစ္ပါတယ္။

အဝါကတ္ျပား ျပသျခင္းခံထားရၿပီးျဖစ္တဲ့ ဟာဗတ္ဇ္ဟာ ၆၅ မိနစ္မွာ ေနသန္ ေကာလင္းစ္ရဲ႕ ဖ်က္ထုတ္မႈအၿပီး ပင္နယ္တီဧရိယာထဲမွာ လဲက်သြားခဲ့ၿပီး ပင္နယ္တီေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။ ႐ုပ္သံအေႏွးျပကြက္ေတြအရ ထိေတြ႕မႈက အနည္းငယ္ေလာက္သာ ရွိခဲ့ၿပီး ဖရန႔္ခ္က ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းကို ဒိုင္ဗင္ထိုးခဲ့တယ္လို႔ စြပ္စြဲေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“သူတို႔ေတြ(ကစားသမားေတြ)အရမ္း ေဒါသထြက္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ဟာဗတ္ဇ္ရဲ႕ ပင္နယ္တီ ေတာင္းဆိုမႈနဲ႔ပတ္သက္ၿပီး သူတို႔ေတြ မမွ်မတ ဆုံးျဖတ္ခံခဲ့ရတယ္လို႔ ခံစားခဲ့ရလို႔ပါ။ ခင္ဗ်ား ရႈေထာင့္ေတြအားလုံးကေန ျမင္ႏိုင္ပါတယ္။ အဲဒါက လုံးဝကို ဒိုင္ဗင္ထိုးတာ ရွင္းေနတာပဲ။ ဒါက ဒုတိယအဝါကတ္ျပရမွာပါ။ အဲဒီလိုဆိုရင္ ၁၀ ေယာက္နဲ႔ ၁၁ ေယာက္ျဖစ္သြားခဲ့မွာပါ။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း ဒါးေမာ့ ဂယ္ေလဂါက ကြင္းလယ္ဒိုင္ ေရာ့ဘ္ ဂ်ဳံးစ္က မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့တာျဖစ္တယ္လို႔ အခိုင္အမာ ေျပာဆိုခဲ့ၿပီး ဒီလိုအခင္းအက်င္းမ်ိဳးမွာ ၾကားဝင္ဖို႔ VAR ရဲ႕အလုပ္မဟုတ္ဘူးလို႔ အတည္ျပဳခဲ့ပါတယ္။

“ဒိုင္လူႀကီးက အဝါကတ္ျပဖို႔သာ ဆုံးျဖတ္ခဲ့တယ္လို႔ ခင္ဗ်ား ေတြးၾကည့္လိုက္ပါ။ VAR က ျပသင့္တယ္လို႔ မထင္ပါဘူး။ ကြၽန္ေတာ္တို႔ ဒုတိယအဝါကတ္ေတြအတြက္ VAR က ၾကားဝင္ႏိုင္လားဆိုတာနဲ႔ပတ္သက္ၿပီး ေျပာေနတာပါ။ ကြၽန္ေတာ္တို႔အားလုံး တိုက္႐ိုက္အနီကတ္ေတြနဲ႔ပတ္သက္ၿပီး သိၾကပါတယ္။ ကြၽန္ေတာ့္အတြက္ကေတာ့ ထိေတြ႕မႈအခ်ိဳ႕ရွိခဲ့ၿပီး ဒါကပဲသူ႔ကို ကယ္တင္သြားခဲ့တာပါ။ အဲဒါက ကမာၻေပၚမွာ လုပ္ဖို႔ အေကာင္းဆုံးအရာမဟုတ္ပါဘူး(ပင္နယ္တီေတာင္းတာ)။ အထူးသျဖင့္ ခင္ဗ်ားက အဝါကတ္ျပသခံထားရတဲ့အခ်ိန္မွာေပါ့။ ဒိုင္လူႀကီးရွိတဲ့ေနရာကို ၾကည့္လိုက္ရင္လည္း သူက ေကာလင္းစ္ဖ်က္ထုတ္လိုက္တာကို ျမင္ၿပီး ေဘာလုံးက ညာဘက္ေရာက္သြားတာကို ေတြ႕လိုက္ပါတယ္။ ဒိုင္လူႀကီးအတြက္ သဲလြန္စက ေဘာလုံးသြားတဲ့ေနရာနဲ႔ ဟာဗတ္ဇ္ဆီကေန ေဘာလုံး ထြက္သြားတာပါ။ အဲဒီေတာ့ ဒိုင္လူႀကီးက သူ႔ေနရာကေန သူ႔စိတ္ထဲမွာ ေတြးပါလိမ့္မယ္။ ေဘာလုံးကို သူ အဲဒီမွာ ျမင္လိုက္ရၿပီး ေကာလင္းစ္က ေဘာလုံးကို ရသြားတယ္။ အဲဒါေၾကာင့္ပဲ သူ ျပစ္ဒဏ္ေဘာမေပးခဲ့တာပါ။ သူက ျပစ္ဒဏ္ေဘာမဟုတ္၊ ဒိုင္ဗင္ထိုးတာမဟုတ္ဘူးလို႔ ေျပာလိမ့္မယ္။ ဒိုင္လူႀကီးက ဒိုင္ဗင္ထိုးတယ္ဆိုတာ လုံးဝေသခ်ာမွရမယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက အနီကတ္ျပရမယ့္ကိစၥျဖစ္ေနလို႔ပါ။ ခင္ဗ်ားသာ ဒိုင္ဗင္ထိုးတယ္ဆိုၿပီး တစ္စုံတေယာက္ကို ထုတ္ပယ္ခ်င္ရင္ အဲဒီမွာ လုံးဝကို ထိေတြ႕မႈမရွိဘဲ ေျမႀကီးေပၚ အတင္းပစ္လွဲတာမ်ိဳး ျဖစ္မွရပါမယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.