Match Report Premier League

ရမ်းစ်ဒေးလ်မြွေဖမ်းခဲ့ပေမယ့် ဟာဗတ်ဇ် ကယ်တင်ခဲ့လို့ ဇယားထိပ်တက်နိုင်ခဲ့တဲ့ အာဆင်နယ်

စနေနေ့ည ၁၂ နာရီမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဘရန့်တ်ဖို့ဒ်တို့ရဲ့ပွဲစဉ်မှာ ကိုင် ဟာဗတ်ဇ်ရဲ့ နောက်ကျ ခေါင်းတိုက်သွင်းဂိုးကြောင့် အာတီတာရဲ့အသင်းဟာ ၂-၁ နဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီတက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကလန် ရိုက်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် ဂန်းနားတွေဟာ ဘရန့်တ်ဖို့ဒ်ကို အမ်းမရိတ်စ်မှာ ပွဲအစောပိုင်းကတည်းက ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အာရွန် ရမ်းစ်ဒေးလ်ရဲ့ ဆိုးရွားတဲ့ အမှားကြောင့် ယိုအန်း ဝစ်ဆာက ပထမပိုင်းနာကျင်အချိန်ပိုမှာ ချေပဂိုး သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ပြန်ရခဲ့တဲ့ ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းထက်မြက်မှုအပေါ်မှာ ပရိသတ်တွေ သံသယရှိခဲ့တဲ့အတိုင်းပဲ အင်္ဂလန်ဂိုးသမားက ဆိုးဆိုးရွားရွား အမှားလုပ်ခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ဟာ ယိုအန်း ဝစ်ဆာ အနားကပ်လာချိန်မှာ ဘောလုံးကို ရှင်းထုတ်လိုက်ရုံပဲ ရှိပေမယ့် တွန့်ဆုတ်နေခဲ့တာကြောင့် ဘရန့်တ်ဖို့ဒ်တိုက်စစ်မှူးက ပိတ်ဆို့နိုင်ခဲ့ပြီး လမ်းကြောင်းပြောင်းပြီး ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဒုတိယပိုင်းမှာ တိုက်စစ်အပြင်းအထန်ဆင်ခဲ့ပြီး ဘန် ဝှိုက်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ကိုင် ဟာဗတ်ဇ်က ၈၆ မိနစ်မှာ အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကြောင့် အိမ်ရှင်ဂန်းနားတို့ အမှတ်ပေးဇယားထိပ်ကို ယာယီတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဟာဗတ်ဇ်နဲ့ ဒီကလန် ရိုက်စ်တို့ဟာ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်ကို ပြုလုပ်ပြခဲ့ပေမယ့်လည်း နှစ်ဦးစလုံးကို ဘန် ဝှိုက်ကပဲ ဂိုးဖန်တီးပေးခဲ့တာဖြစ်ပြီး ဂန်းနားနောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက ထူးခြားကောင်းမွန်တဲ့ခြေစွမ်းပြသခဲ့တာဖြစ်ပြီး အခုဆိုရင် ဒီလနှောင်းပိုင်း ဘရာဇီးလ်၊ ဘယ်လ်ဂျီယမ်တို့နဲ့ကစားမယ့် အင်္ဂလန်လူစာရင်းထဲ ပါဝင်ဖို့ လုံလောက်တဲ့စွမ်းဆောင်ရည်ပြသထားနိင်ခဲ့ပြီးလို့ ဆိုရမှာဖြစ်ပါတယ်။

လာမယ့်နွေရာသီမှာ အာဆင်နယ်ကို ပြောင်းဖို့ သတင်းထွက်နေတဲ့ တိုနီအတွက် အမ်းမရိတ်စ်ကပွဲစဉ်ဟာ လူတွေ့စစ်ဆေးမှုလို့ဆိုရမှာဖြစ်ပေမယ့်လည်း ၅၅ မိနစ်က ဂိုးကန်သွင်းချက်မတိုင်ခင်အထိ ဘရန့်တ်ဖို့ဒ်တိုက်စစ်မှူးဟာ ဂန်းနားတွေကို မခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။

တိုနီဟာ ပထမပိုင်းမှာ ဆာလီဘာနဲ့ ရုပ်ပိုင်းဆိုင်ရာတိုက်ပွဲဝင်ခဲ့ရာမှာ မယှဉ်နိုင်ခဲ့ဘဲ မြက်ခင်းပြင်ပေါ်မှာပဲ လဲကျနေခဲ့တာကို အာတီတာအပါအဝင် ပရိသတ်တွေလည်း သတိပြုမိခဲ့ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စေနေန႔ည ၁၂ နာရီမွာ ကစားခဲ့တဲ့ အာဆင္နယ္နဲ႔ ဘရန႔္တ္ဖို႔ဒ္တို႔ရဲ႕ပြဲစဥ္မွာ ကိုင္ ဟာဗတ္ဇ္ရဲ႕ ေနာက္က် ေခါင္းတိုက္သြင္းဂိုးေၾကာင့္ အာတီတာရဲ႕အသင္းဟာ ၂-၁ နဲ႔ အႏိုင္ရခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးကို ယာယီတက္လွမ္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္ရဲ႕ ေခါင္းတိုက္သြင္းဂိုးေၾကာင့္ ဂန္းနားေတြဟာ ဘရန႔္တ္ဖို႔ဒ္ကို အမ္းမရိတ္စ္မွာ ပြဲအေစာပိုင္းကတည္းက ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ ဆိုး႐ြားတဲ့ အမွားေၾကာင့္ ယိုအန္း ဝစ္ဆာက ပထမပိုင္းနာက်င္အခ်ိန္ပိုမွာ ေခ်ပဂိုး သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ႏိုဝင္ဘာလေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပြဲထြက္ကစားခြင့္ျပန္ရခဲ့တဲ့ ရမ္းစ္ေဒးလ္ရဲ႕ လက္စြမ္းထက္ျမက္မႈအေပၚမွာ ပရိသတ္ေတြ သံသယရွိခဲ့တဲ့အတိုင္းပဲ အဂၤလန္ဂိုးသမားက ဆိုးဆိုး႐ြား႐ြား အမွားလုပ္ခဲ့တာျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္ဟာ ယိုအန္း ဝစ္ဆာ အနားကပ္လာခ်ိန္မွာ ေဘာလုံးကို ရွင္းထုတ္လိုက္႐ုံပဲ ရွိေပမယ့္ တြန႔္ဆုတ္ေနခဲ့တာေၾကာင့္ ဘရန႔္တ္ဖို႔ဒ္တိုက္စစ္မႉးက ပိတ္ဆို႔ႏိုင္ခဲ့ၿပီး လမ္းေၾကာင္းေျပာင္းၿပီး ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ဒုတိယပိုင္းမွာ တိုက္စစ္အျပင္းအထန္ဆင္ခဲ့ၿပီး ဘန္ ဝႈိက္ရဲ႕ ျဖတ္တင္ေပးပို႔မႈကေန ကိုင္ ဟာဗတ္ဇ္က ၈၆ မိနစ္မွာ အႏိုင္ဂိုးကို ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္ဂန္းနားတို႔ အမွတ္ေပးဇယားထိပ္ကို ယာယီတက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဟာဗတ္ဇ္နဲ႔ ဒီကလန္ ႐ိုက္စ္တို႔ဟာ အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္ကို ျပဳလုပ္ျပခဲ့ေပမယ့္လည္း ႏွစ္ဦးစလုံးကို ဘန္ ဝႈိက္ကပဲ ဂိုးဖန္တီးေပးခဲ့တာျဖစ္ၿပီး ဂန္းနားေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြကတည္းက ထူးျခားေကာင္းမြန္တဲ့ေျခစြမ္းျပသခဲ့တာျဖစ္ၿပီး အခုဆိုရင္ ဒီလေႏွာင္းပိုင္း ဘရာဇီးလ္၊ ဘယ္လ္ဂ်ီယမ္တို႔နဲ႔ကစားမယ့္ အဂၤလန္လူစာရင္းထဲ ပါဝင္ဖို႔ လုံေလာက္တဲ့စြမ္းေဆာင္ရည္ျပသထားနိင္ခဲ့ၿပီးလို႔ ဆိုရမွာျဖစ္ပါတယ္။

လာမယ့္ေႏြရာသီမွာ အာဆင္နယ္ကို ေျပာင္းဖို႔ သတင္းထြက္ေနတဲ့ တိုနီအတြက္ အမ္းမရိတ္စ္ကပြဲစဥ္ဟာ လူေတြ႕စစ္ေဆးမႈလို႔ဆိုရမွာျဖစ္ေပမယ့္လည္း ၅၅ မိနစ္က ဂိုးကန္သြင္းခ်က္မတိုင္ခင္အထိ ဘရန႔္တ္ဖို႔ဒ္တိုက္စစ္မႉးဟာ ဂန္းနားေတြကို မၿခိမ္းေျခာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

တိုနီဟာ ပထမပိုင္းမွာ ဆာလီဘာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာတိုက္ပြဲဝင္ခဲ့ရာမွာ မယွဥ္ႏိုင္ခဲ့ဘဲ ျမက္ခင္းျပင္ေပၚမွာပဲ လဲက်ေနခဲ့တာကို အာတီတာအပါအဝင္ ပရိသတ္ေတြလည္း သတိျပဳမိခဲ့ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.