Match Report Premier League

ရှောင်ဒိုက်ကို မှောင်မိုက်မှာ ငိုရှိုက်စေခဲ့တဲ့ သရဲနီများ သို့ မန်ချက်စတာယူနိုက်တက်

ဒီနေ့ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင်တွေက ပထမပိုင်း သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပထမပိုင်းမှာ မန်ချက်စတာယူနိုက်တက်ကစားပုံက သိပ်မကောင်းခဲ့ဘဲ ဗာရွမ်း၊ ကက်စမီရို၊ အီဗန်စ်တို့လို ဝါရင့်ကစားသမားတွေ ဘောလုံးပေးပို့မှု အမှားတွေကြောင့် တိုက်စစ် မစနိုင်ခဲ့ဘဲ အဲဗာတန်ရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် ဂိုးသမား အိုနာနာရဲ့ လက်စွမ်းပြ ကာကွယ်နေမှုကြောင့် အဲဗာတန်ရဲ့ ခြိမ်းခြောက်မှုက အရာမထင်ခဲ့တာဖြစ်ပြီး ပထမပိုင်း ပြီးခါနီး အချိန်ပိုမှာ ဂါနာချို နောက်ထပ် ပင်နယ်တီတစ်လုံး ယူပေးနိုင်တဲ့အခြေအနေရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒိုင်က ဘရန့်သ်ဝိတ် ဘောလုံးကို လက်နဲ့ထိခဲ့တာက လဲကျသွားတဲ့အခြေအနေမှာဖြစ်လို့ Natural Position ဆိုပြီး ပင်နယ်တီမပေးခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာ လင်ဒီလော့ဖ်ရဲ့ ကန်ချက်ကလည်း တော်တော်လေး ကောင်းခဲ့ပြီး ပစ်ဖို့ဒ် နေရာယူမှန်မှန်နဲ့ ကာကွယ်နိုင်ခဲ့လို့သာ နောက်ထပ် ဦးဆောင်ဂိုး မရခဲ့တာဖြစ်သလို နောက်ဆုံးမိနစ်မှာ ဂါနာချို တန်ပြန်တိုက်စစ်ကနေ နောက်ထပ် ဦးဆောင်ဂိုး သွင်းယူနိုင်တဲ့အခွင့်အရေးရခဲ့ပေမယ့် တွန့်ဆုတ်နေခဲ့လို့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာ အပြန်အလှန် ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘဲ ပထမပိုင်းက ဂိုးရလဒ်အတိုင်း ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီပွဲမှာ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး အဲဗာတန်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲအထိ နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ စံချိန်ဆိုးကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ည ၇ နာရီမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အဲဗာတန္တို႔ရဲ႕ ပြဲစဥ္မွာ အိမ္ရွင္ေတြက ပထမပိုင္း သြင္းဂိုးေတြေၾကာင့္ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ပထမပိုင္းမွာ မန္ခ်က္စတာယူႏိုက္တက္ကစားပုံက သိပ္မေကာင္းခဲ့ဘဲ ဗာ႐ြမ္း၊ ကက္စမီ႐ို၊ အီဗန္စ္တို႔လို ဝါရင့္ကစားသမားေတြ ေဘာလုံးေပးပို႔မႈ အမွားေတြေၾကာင့္ တိုက္စစ္ မစႏိုင္ခဲ့ဘဲ အဲဗာတန္ရဲ႕ ၿခိမ္းေျခာက္မႈကို ခံခဲ့ရပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ ဂိုးသမား အိုနာနာရဲ႕ လက္စြမ္းျပ ကာကြယ္ေနမႈေၾကာင့္ အဲဗာတန္ရဲ႕ ၿခိမ္းေျခာက္မႈက အရာမထင္ခဲ့တာျဖစ္ၿပီး ပထမပိုင္း ၿပီးခါနီး အခ်ိန္ပိုမွာ ဂါနာခ်ိဳ ေနာက္ထပ္ ပင္နယ္တီတစ္လုံး ယူေပးႏိုင္တဲ့အေျခအေနရွိခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ဒိုင္က ဘရန႔္သ္ဝိတ္ ေဘာလုံးကို လက္နဲ႔ထိခဲ့တာက လဲက်သြားတဲ့အေျခအေနမွာျဖစ္လို႔ Natural Position ဆိုၿပီး ပင္နယ္တီမေပးခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာ လင္ဒီေလာ့ဖ္ရဲ႕ ကန္ခ်က္ကလည္း ေတာ္ေတာ္ေလး ေကာင္းခဲ့ၿပီး ပစ္ဖို႔ဒ္ ေနရာယူမွန္မွန္နဲ႔ ကာကြယ္ႏိုင္ခဲ့လို႔သာ ေနာက္ထပ္ ဦးေဆာင္ဂိုး မရခဲ့တာျဖစ္သလို ေနာက္ဆုံးမိနစ္မွာ ဂါနာခ်ိဳ တန္ျပန္တိုက္စစ္ကေန ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူႏိုင္တဲ့အခြင့္အေရးရခဲ့ေပမယ့္ တြန႔္ဆုတ္ေနခဲ့လို႔ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာ အျပန္အလွန္ ဂိုးသြင္းခြင့္ေတြ ရခဲ့ေပမယ့္လည္း အဆုံးသတ္ပိုင္းမွာ လိုအပ္ခ်က္ေတြရွိေနခဲ့တာေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့ဘဲ ပထမပိုင္းက ဂိုးရလဒ္အတိုင္း ၂-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီပြဲမွာ အႏိုင္ရခဲ့တာေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ၿပီး အဲဗာတန္ကေတာ့ ေနာက္ဆုံးကစားခဲ့တဲ့ ၁၁ ပြဲအထိ ႏိုင္ပြဲေပ်ာက္ဆုံးခဲ့တဲ့ စံခ်ိန္ဆိုးကို ပိုင္ဆိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.