Premier League

ဒီအပတ် ပွဲကြီးပွဲကောင်းတွေအတွက် ပေါလ် မာဆန်ရဲ့ ဟောကိန်းများ

လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ အန်းဖီးက ပွဲစဉ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကြီးမားဆုံးပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး ဒီလကုန်ခါနီးမှာ အာဆင်နယ်က အစ်တီဟတ်ကို သွားကစားရမယ့် ပွဲကြီးပွဲကောင်းလည်း ရှိနေပါသေးတယ်။

ဆုဖလားပြိုင်ပွဲက တဖြည်းဖြည်း အရှိန်တက်လာနေပြီး အန်းဖီးမှာ တနင်္ဂနွေနေ့ည ကစားမယ့်ပွဲက တကမ္ဘာလုံးက ဘောလုံးပရိသတ်တွေအတွက် အကြီးမားဆုံးပွဲစဉ်ဖြစ်လာမှာသေချာပြီး ဘောလုံးဝေဖန်သုံးသပ်သူ ပေါလ် မာဆန်က ဒီအပတ် ပွဲကြီးပွဲကောင်းတွေအတွက် ဟောကိန်းထုတ်ခဲ့ပါတယ်။

မန်ယူနိုက်တက်-အဲဗာတန်

ခင်ဗျားသာ အဲဗာတန်ဆို မန်ယူနိုက်တက်နဲ့ ကစားဖို့က အချိန်ကောင်းပဲ။ ဒါပေမယ့် တော်ဖီတွေက အခုအချိန်မှာ နိုင်ပွဲရနိုင်မယ့်ပုံမပေါ်သေးဘူး။ သူတို့တွေက ပရီးမီးယားလိဂ်မှာ ၁၀ ပွဲအထိ နိုင်ပွဲမရှိခဲ့ဘဲ အဲဒီပွဲတွေမှာ တစ်ဂိုးထက်ပိုသွင်းနိုင်တာဆိုလို့ တစ်ပွဲပဲရှိတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ မန်ယူနိုက်တက်ကို ပိုကြိုက်ပြီး အဲဗာတန်ဆီကနေ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ သိပ်မမြင်ပါဘူး။ မန်ယူနိုက်တက်က ကလင်းရှစ်တ်ထိန်းသိမ်းပြီး ဒီရာသီမှာ နည်းနည်း ပုံမှန်မဟုတ်တဲ့ သက်တောင့်သက်သာနိုင်ပွဲရသွားမှာပါ။ ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ INEOS တို့က တန်ဟက်ကို အချိန်မရွေး ထုတ်ပစ်လိုက်နိုင်ပေမယ့် ခက်ခဲတဲ့အပိုင်းက သူတို့တွေ တကယ်လိုချင်တဲ့နည်းပြကို ခေါ်ယူရတာပါ။ တန်ဟက်ရဲ့ အလုပ်က လုံးဝကို စိတ်ရတဲ့အနေအထားမှာရှိမနေတဲ့ပုံပေါ်ပြီး ရာသီကို ဘယ်လို ပိတ်သိမ်းနိုင်မလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်နေပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(မန်ယူနိုက်တက် ၂-၀ အဲဗာတန်)

အာဆင်နယ်-ဘရန့်တ်ဖို့ဒ်

အာဆင်နယ်က မယုံနိုင်လောက်စရာ ပုံစံကောင်းရနေပြီး သက်တောင့်သက်သာနိုင်ပွဲကလွဲပြီး ကျန်တာမမြင်မိပါဘူး။ သူတို့တွေ အနိုင် ၃ မှတ်ရယူနိုင်ရင် ဇယားထိပ် တက်နိုင်မှာဖြစ်ပြီး လီဗာပူးလ်သာ မန်စီးတီးနဲ့ပွဲမှာ ရမှတ်လျော့သွားရင် ဆက်နေနိုင်မှာပါ။ အဲဒီတော့ သူတို့အတွက် ဒီပွဲက အရေးကြီးတဲ့ပွဲပါ။ အာတီတာရဲ့အသင်းက ဒီရာသီပရီးမီးယားလိဂ်ဖလားကို အနိုင်ရနိုင်တဲ့ အခွင့်အရေးကြီးရှိနေပြီး သူတို့တွေ ဒီတိုင်းဆက်ထိန်းထားပြီး အပတ်တိုင်း မှန်ကန်တဲ့ ခံယူချက်ကို ပြသနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ပရီးမီးယားလိဂ်ဖလားကတော့ နောက်ဆုံး ပန်းတိုင်ပါ။ အဲဒီတော့ သူတို့တွေ ချန်ပီယံလိဂ်ပြိုင်ပွဲအကြောင်း မေ့ထားသင့်ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၄-၀ ဘရန့်တ်ဖို့ဒ်)

အက်စတန် ဗီလာ-စပါးစ်

စပါးစ်သာ ဒီပွဲရှုံးရင် သူတို့တွေ အက်စတန် ဗီလာနဲ့ ၈ မှတ်အထိ ကွာသွားမှာပါ။ သူတို့တွေက တစ်ပွဲကစားဖို့ ကျန်နေသေးပေမယ့် ဒီလိုပွဲမျိုးကတော့ ပိုစတီကိုဂလူနဲ့ သူ့အသင်းအတွက်တော့ မရှုံးရမယ့်ပွဲတစ်ပွဲဆိုတာမျိုးထက်ကို ပိုပါတယ်။ နှစ်သင်းစလုံးက အရမ်းရှေ့တက်ကစားတတ်ကြပြီး အရည်အချင်းရှိတဲ့ တိုက်စစ်ကစားသမားတွေအများကြီးရှိတယ်။ အဲဒီတော့ ဒီပွဲက ဖျော်ဖြေမှုပေးနိုင်တဲ့ပွဲဖြစ်လာမှာပါ။ ဗီလာသာ အနိုင်ရခဲ့ရင် သူတို့တွေ ထိပ်ဆုံး ၄ နေရာထဲ အေးဆေးနေနိုင်သွားမှာပါ။ ကျွန်တော် သူတို့လူစာရင်းနဲ့ ဒီရာသီ သူတို့ အခုအချိန်အထိ ကစားခဲ့တာတွေ ကြည့်လိုက်တော့ သူတို့နှစ်သင်းစလုံးက သူမသာ ကိုယ်မသာပါပဲ။

ခန့်မှန်းပွဲပြီးရလဒ်(အက်စတန်ဗီလာ ၂-၂ စပါးစ်)

လီဗာပူးလ်-မန်စီးတီး

မိုဟာမက် ဆာလား ပြန်ပါဝင်ကစားပေးနိုင်မလားဆိုတဲ့အပေါ်မှာ အားလုံးက မူတည်နေတယ်။ သူ လေ့ကျင့်ရေးအပြည့်ပြန်ဆင်းခဲ့ပြီး ကြံ့ခိုင်မှုရှိနေတယ်။ ပါဝင်ကစားပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော် လီဗာပူးလ်နိုင်မယ့်ဘက်က ရှိမှာပါ။ သူတို့တွေက အန်းဖီးမှာ လုံးဝကို ဖြိုဖျက်လို့မရနိုင်အောင် ခိုင်မာပြီး အယ်လစ်ဆန်၊ အာနိုး၊ ကာတစ်ဂျုံးစ်၊ ဂျိုတာတို့နဲ့ တခြား အဓိကကစားသမားတွေ နာနေပေမယ့် အားအကောင်းဆုံးလူစာရင်းကို ထုတ်သွားမှာပါ။ ကော်နာ ဘရက်ဒ်လီက အသင်းထဲကို ရောက်လာတဲ့အချိန်ကတည်းက အရမ်းထူးချွန်နေခဲ့ပြီး ညာနောက်ခံနေရာမှာ ပါလာနိုင်ပါတယ်။ သူ ဒိုကုနဲ့ ရင်ဆိုင်ရနိုင်ပေမယ့် ချာတိတ်လေးက အခုအအထိ သူ့ရဲ့ တိုတောင်းတဲ့ လီဗာပူးလ်ကစားသမားဘဝမှာ ကြီးကြီးမားမား အမှားမလုပ်ထားပါဘူး။ အဲဒီတော့ ကလော့ပ်အနေနဲ့ ဂျိုး ဂိုးမက်ဇ်အတွက် သူ့ကို အရန်ခုံထိုင်ခိုင်းမလားဆိုတာ ကျွန်တော် သံသယရှိပါတယ်။ အင်္ဂလန်နောက်ခံလူက ပိုပြီးတော့ စိတ်ချရတဲ့ ရွေးချယ်မှုဖြစ်ပေမယ့် ဘရက်ဒ်လီက ရှေ့တက်ကစားတာ ပိုကောင်းပြီး လီဗာပူးလ်အနေနဲ့ ပြိုင်ပွဲထဲမှာ သူတို့ရဲ့ တည်ရှိနေမှုကို ခံစားနိုင်ဖို့အတွက် ညာတောင်ပံတလွှားမှာ သူ့ရဲ့ အင်အားကို လိုအပ်ပါလိမ့်မယ်။ ဆာလားနဲ့ အကီ တိုက်ပွဲကလည်း စောင့်ကြည့်ရမယ့်တိုက်ပွဲတစ်ခုပါ။ အကီက ထူးခြားဆန်းကြယ်တဲ့ကစားသမားပါ။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က ဂါနာချိုနဲ့ ရင်ဆိုင်ရာမှာ သူ အိပ်မောကျနေခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးအတွက် ဘရူနို ဖာနန်ဒက်စ် လူမကျွံခဲ့တာလည်း သူ့တာဝန်ပါ။ ဘရက်ဒ်လီက ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ထင်တယ်။ သူ ကစားဖို့လိုပါတယ်။ သူက ဒိုကုနဲ့ ရင်ဆိုင်ကစားရနိုင်ပေမယ့် အဆင်ပြေပါတယ်။ ဆာလားနဲ့ အကီတိုက်ပွဲကတော့ အဓိကတိုက်ပွဲဖြစ်လာနိုင်ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(လီဗာပူးလ် ၂-၁ မန်စီးတီး)

ချဲလ်ဆီး-နယူးကာဆယ်

ချဲလ်ဆီးက တစ်ပွဲလျော့နဲ့ နယူးကာဆယ်နဲ့ ၄ မှတ်ကွာနေတယ်။ အဲဒီတော့ ဒီပွဲက သူတို့အတွက် ကြီးမားတဲ့ပွဲဖြစ်လာမှာပါ။ သူတို့တွေသာ ဒီပွဲမှာ အနိုင်ရခဲ့ရင် တော်တော်လေး အမှတ်ကွာသွားမှာဖြစ်ပြီး ရာသီကုန်မှာ သွေးသစ်ပြန်လောင်းဖို့ရှိနေတဲ့ အသင်းက ပိုချက်တီနိုအတွက်ကတော့ သန်းခေါင်ထက် ညပိုမနက်နိုင်တော့ပါဘူး။ ချဲလ်ဆီးက ဖြည်းဖြည်းချင်းနဲ့ ပိုကောင်းလာနေပေမယ့် သူတို့တွေ ပွဲစဉ်တွေအတွင်းမှာ အဆင့်တွေ အများကြီး လုပ်ဖို့ရှိနေတယ်။ သူတို့တွေ နိုင်ပွဲတွေ စပြီး ပိုရလာအောင် မိနစ် ၉၀ စလုံး ပိုပြီး ခြေစွမ်းတည်ငြိမ်ဖို့လိုတယ်။ ချဲလ်ဆီးအတွက် ပွဲကောင်းအချို့လည်း လာဖို့ရှိနေတယ်။ ရာသီကို ကောင်းကောင်း အဆုံးသတ်နိုင်မှာပါ။ အဲဒီတော့ ကျွန်တော်ကတော့ အိမ်ရှင်တွေ ၂-၁ နဲ့ အနိုင်ရမယ့်ဘက်မှာရှိပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(ချဲလ်ဆီး ၂-၁ နယူးကာဆယ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ရဲ႕ အန္းဖီးက ပြဲစဥ္ဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အႀကီးမားဆုံးပြဲစဥ္ျဖစ္လာမွာျဖစ္ၿပီး ဒီလကုန္ခါနီးမွာ အာဆင္နယ္က အစ္တီဟတ္ကို သြားကစားရမယ့္ ပြဲႀကီးပြဲေကာင္းလည္း ရွိေနပါေသးတယ္။

ဆုဖလားၿပိဳင္ပြဲက တျဖည္းျဖည္း အရွိန္တက္လာေနၿပီး အန္းဖီးမွာ တနဂၤေႏြေန႔ည ကစားမယ့္ပြဲက တကမာၻလုံးက ေဘာလုံးပရိသတ္ေတြအတြက္ အႀကီးမားဆုံးပြဲစဥ္ျဖစ္လာမွာေသခ်ာၿပီး ေဘာလုံးေဝဖန္သုံးသပ္သူ ေပါလ္ မာဆန္က ဒီအပတ္ ပြဲႀကီးပြဲေကာင္းေတြအတြက္ ေဟာကိန္းထုတ္ခဲ့ပါတယ္။

မန္ယူႏိုက္တက္-အဲဗာတန္

ခင္ဗ်ားသာ အဲဗာတန္ဆို မန္ယူႏိုက္တက္နဲ႔ ကစားဖို႔က အခ်ိန္ေကာင္းပဲ။ ဒါေပမယ့္ ေတာ္ဖီေတြက အခုအခ်ိန္မွာ ႏိုင္ပြဲရႏိုင္မယ့္ပုံမေပၚေသးဘူး။ သူတို႔ေတြက ပရီးမီးယားလိဂ္မွာ ၁၀ ပြဲအထိ ႏိုင္ပြဲမရွိခဲ့ဘဲ အဲဒီပြဲေတြမွာ တစ္ဂိုးထက္ပိုသြင္းႏိုင္တာဆိုလို႔ တစ္ပြဲပဲရွိတယ္။ ကြၽန္ေတာ္ကေတာ့ ဒီပြဲမွာ မန္ယူႏိုက္တက္ကို ပိုႀကိဳက္ၿပီး အဲဗာတန္ဆီကေန ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ သိပ္မျမင္ပါဘူး။ မန္ယူႏိုက္တက္က ကလင္းရွစ္တ္ထိန္းသိမ္းၿပီး ဒီရာသီမွာ နည္းနည္း ပုံမွန္မဟုတ္တဲ့ သက္ေတာင့္သက္သာႏိုင္ပြဲရသြားမွာပါ။ ဆာဂ်င္မ္ရက္ကလစ္ဖ္နဲ႔ INEOS တို႔က တန္ဟက္ကို အခ်ိန္မေ႐ြး ထုတ္ပစ္လိုက္ႏိုင္ေပမယ့္ ခက္ခဲတဲ့အပိုင္းက သူတို႔ေတြ တကယ္လိုခ်င္တဲ့နည္းျပကို ေခၚယူရတာပါ။ တန္ဟက္ရဲ႕ အလုပ္က လုံးဝကို စိတ္ရတဲ့အေနအထားမွာရွိမေနတဲ့ပုံေပၚၿပီး ရာသီကို ဘယ္လို ပိတ္သိမ္းႏိုင္မလဲဆိုတဲ့အေပၚမွာ အမ်ားႀကီးမူတည္ေနပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(မန္ယူႏိုက္တက္ ၂-၀ အဲဗာတန္)

အာဆင္နယ္-ဘရန႔္တ္ဖို႔ဒ္

အာဆင္နယ္က မယုံႏိုင္ေလာက္စရာ ပုံစံေကာင္းရေနၿပီး သက္ေတာင့္သက္သာႏိုင္ပြဲကလြဲၿပီး က်န္တာမျမင္မိပါဘူး။ သူတို႔ေတြ အႏိုင္ ၃ မွတ္ရယူႏိုင္ရင္ ဇယားထိပ္ တက္ႏိုင္မွာျဖစ္ၿပီး လီဗာပူးလ္သာ မန္စီးတီးနဲ႔ပြဲမွာ ရမွတ္ေလ်ာ့သြားရင္ ဆက္ေနႏိုင္မွာပါ။ အဲဒီေတာ့ သူတို႔အတြက္ ဒီပြဲက အေရးႀကီးတဲ့ပြဲပါ။ အာတီတာရဲ႕အသင္းက ဒီရာသီပရီးမီးယားလိဂ္ဖလားကို အႏိုင္ရႏိုင္တဲ့ အခြင့္အေရးႀကီးရွိေနၿပီး သူတို႔ေတြ ဒီတိုင္းဆက္ထိန္းထားၿပီး အပတ္တိုင္း မွန္ကန္တဲ့ ခံယူခ်က္ကို ျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ပရီးမီးယားလိဂ္ဖလားကေတာ့ ေနာက္ဆုံး ပန္းတိုင္ပါ။ အဲဒီေတာ့ သူတို႔ေတြ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအေၾကာင္း ေမ့ထားသင့္ပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၄-၀ ဘရန႔္တ္ဖို႔ဒ္)

အက္စတန္ ဗီလာ-စပါးစ္

စပါးစ္သာ ဒီပြဲရႈံးရင္ သူတို႔ေတြ အက္စတန္ ဗီလာနဲ႔ ၈ မွတ္အထိ ကြာသြားမွာပါ။ သူတို႔ေတြက တစ္ပြဲကစားဖို႔ က်န္ေနေသးေပမယ့္ ဒီလိုပြဲမ်ိဳးကေတာ့ ပိုစတီကိုဂလူနဲ႔ သူ႔အသင္းအတြက္ေတာ့ မရႈံးရမယ့္ပြဲတစ္ပြဲဆိုတာမ်ိဳးထက္ကို ပိုပါတယ္။ ႏွစ္သင္းစလုံးက အရမ္းေရွ႕တက္ကစားတတ္ၾကၿပီး အရည္အခ်င္းရွိတဲ့ တိုက္စစ္ကစားသမားေတြအမ်ားႀကီးရွိတယ္။ အဲဒီေတာ့ ဒီပြဲက ေဖ်ာ္ေျဖမႈေပးႏိုင္တဲ့ပြဲျဖစ္လာမွာပါ။ ဗီလာသာ အႏိုင္ရခဲ့ရင္ သူတို႔ေတြ ထိပ္ဆုံး ၄ ေနရာထဲ ေအးေဆးေနႏိုင္သြားမွာပါ။ ကြၽန္ေတာ္ သူတို႔လူစာရင္းနဲ႔ ဒီရာသီ သူတို႔ အခုအခ်ိန္အထိ ကစားခဲ့တာေတြ ၾကည့္လိုက္ေတာ့ သူတို႔ႏွစ္သင္းစလုံးက သူမသာ ကိုယ္မသာပါပဲ။

ခန႔္မွန္းပြဲၿပီးရလဒ္(အက္စတန္ဗီလာ ၂-၂ စပါးစ္)

လီဗာပူးလ္-မန္စီးတီး

မိုဟာမက္ ဆာလား ျပန္ပါဝင္ကစားေပးႏိုင္မလားဆိုတဲ့အေပၚမွာ အားလုံးက မူတည္ေနတယ္။ သူ ေလ့က်င့္ေရးအျပည့္ျပန္ဆင္းခဲ့ၿပီး ႀကံ့ခိုင္မႈရွိေနတယ္။ ပါဝင္ကစားေပးႏိုင္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ လီဗာပူးလ္ႏိုင္မယ့္ဘက္က ရွိမွာပါ။ သူတို႔ေတြက အန္းဖီးမွာ လုံးဝကို ၿဖိဳဖ်က္လို႔မရႏိုင္ေအာင္ ခိုင္မာၿပီး အယ္လစ္ဆန္၊ အာႏိုး၊ ကာတစ္ဂ်ဳံးစ္၊ ဂ်ိဳတာတို႔နဲ႔ တျခား အဓိကကစားသမားေတြ နာေနေပမယ့္ အားအေကာင္းဆုံးလူစာရင္းကို ထုတ္သြားမွာပါ။ ေကာ္နာ ဘရက္ဒ္လီက အသင္းထဲကို ေရာက္လာတဲ့အခ်ိန္ကတည္းက အရမ္းထူးခြၽန္ေနခဲ့ၿပီး ညာေနာက္ခံေနရာမွာ ပါလာႏိုင္ပါတယ္။ သူ ဒိုကုနဲ႔ ရင္ဆိုင္ရႏိုင္ေပမယ့္ ခ်ာတိတ္ေလးက အခုအအထိ သူ႔ရဲ႕ တိုေတာင္းတဲ့ လီဗာပူးလ္ကစားသမားဘဝမွာ ႀကီးႀကီးမားမား အမွားမလုပ္ထားပါဘူး။ အဲဒီေတာ့ ကေလာ့ပ္အေနနဲ႔ ဂ်ိဳး ဂိုးမက္ဇ္အတြက္ သူ႔ကို အရန္ခုံထိုင္ခိုင္းမလားဆိုတာ ကြၽန္ေတာ္ သံသယရွိပါတယ္။ အဂၤလန္ေနာက္ခံလူက ပိုၿပီးေတာ့ စိတ္ခ်ရတဲ့ ေ႐ြးခ်ယ္မႈျဖစ္ေပမယ့္ ဘရက္ဒ္လီက ေရွ႕တက္ကစားတာ ပိုေကာင္းၿပီး လီဗာပူးလ္အေနနဲ႔ ၿပိဳင္ပြဲထဲမွာ သူတို႔ရဲ႕ တည္ရွိေနမႈကို ခံစားႏိုင္ဖို႔အတြက္ ညာေတာင္ပံတလႊားမွာ သူ႔ရဲ႕ အင္အားကို လိုအပ္ပါလိမ့္မယ္။ ဆာလားနဲ႔ အကီ တိုက္ပြဲကလည္း ေစာင့္ၾကည့္ရမယ့္တိုက္ပြဲတစ္ခုပါ။ အကီက ထူးျခားဆန္းၾကယ္တဲ့ကစားသမားပါ။ ဒါေပမယ့္ ၿပီးခဲ့တဲ့အပတ္က ဂါနာခ်ိဳနဲ႔ ရင္ဆိုင္ရာမွာ သူ အိပ္ေမာက်ေနခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ရဲ႕ ဂိုးအတြက္ ဘ႐ူႏို ဖာနန္ဒက္စ္ လူမကြၽံခဲ့တာလည္း သူ႔တာဝန္ပါ။ ဘရက္ဒ္လီက ေကာင္းေကာင္း လုပ္ႏိုင္ခဲ့တယ္လို႔ ထင္တယ္။ သူ ကစားဖို႔လိုပါတယ္။ သူက ဒိုကုနဲ႔ ရင္ဆိုင္ကစားရႏိုင္ေပမယ့္ အဆင္ေျပပါတယ္။ ဆာလားနဲ႔ အကီတိုက္ပြဲကေတာ့ အဓိကတိုက္ပြဲျဖစ္လာႏိုင္ပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(လီဗာပူးလ္ ၂-၁ မန္စီးတီး)

ခ်ဲလ္ဆီး-နယူးကာဆယ္

ခ်ဲလ္ဆီးက တစ္ပြဲေလ်ာ့နဲ႔ နယူးကာဆယ္နဲ႔ ၄ မွတ္ကြာေနတယ္။ အဲဒီေတာ့ ဒီပြဲက သူတို႔အတြက္ ႀကီးမားတဲ့ပြဲျဖစ္လာမွာပါ။ သူတို႔ေတြသာ ဒီပြဲမွာ အႏိုင္ရခဲ့ရင္ ေတာ္ေတာ္ေလး အမွတ္ကြာသြားမွာျဖစ္ၿပီး ရာသီကုန္မွာ ေသြးသစ္ျပန္ေလာင္းဖို႔ရွိေနတဲ့ အသင္းက ပိုခ်က္တီႏိုအတြက္ကေတာ့ သန္းေခါင္ထက္ ညပိုမနက္ႏိုင္ေတာ့ပါဘူး။ ခ်ဲလ္ဆီးက ျဖည္းျဖည္းခ်င္းနဲ႔ ပိုေကာင္းလာေနေပမယ့္ သူတို႔ေတြ ပြဲစဥ္ေတြအတြင္းမွာ အဆင့္ေတြ အမ်ားႀကီး လုပ္ဖို႔ရွိေနတယ္။ သူတို႔ေတြ ႏိုင္ပြဲေတြ စၿပီး ပိုရလာေအာင္ မိနစ္ ၉၀ စလုံး ပိုၿပီး ေျခစြမ္းတည္ၿငိမ္ဖို႔လိုတယ္။ ခ်ဲလ္ဆီးအတြက္ ပြဲေကာင္းအခ်ိဳ႕လည္း လာဖို႔ရွိေနတယ္။ ရာသီကို ေကာင္းေကာင္း အဆုံးသတ္ႏိုင္မွာပါ။ အဲဒီေတာ့ ကြၽန္ေတာ္ကေတာ့ အိမ္ရွင္ေတြ ၂-၁ နဲ႔ အႏိုင္ရမယ့္ဘက္မွာရွိပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(ခ်ဲလ္ဆီး ၂-၁ နယူးကာဆယ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.