Premier League

နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု – ၂၃.၁၀.၂၀၂၀

မနက်ဖြန်ည ၁၁ နာရီအချိန် အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားရမယ့် မန်ယူအသင်းနဲ့ပွဲစဉ်မှာ ဝါရင့်အဓိက ဗဟိုနောက်ခံလူ သီယာဂိုဆေးလ်ဗား ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ပါဝင်နိုင်ခြင်းရှိမရှိ ချယ်လ်ဆီးနည်းပြလမ်းပတ်စိုးရိမ်နေပြီး သီယာဂိုဆေးလ်ဗားဟာ ဆီဗီလာအသင်းနဲ့ပွဲစဉ်မှာ တင်ပါးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရ။

လမ်းပတ်ရဲ့ ဝက်စ်ဟမ်းအသင်းဖော်ဟောင်းဖြစ်တဲ့ ထရီဗာဆင်ကလဲယားက ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း ၂၀၀ အသုံးပြုပြီးသွေးသစ်လောင်းခဲ့ပေမဲ့ ယခင်နှစ်က အသင်းမှာမြင်တွေ့ခဲ့ရတဲ့နိုင်လိုစိတ် ပျောက်ဆုံးနေကြောင်း ဝေဖန်သွားခဲ့။

ချယ်လ်ဆီးအသင်းကို ပြင်သစ်ကလပ် ရိန်းစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ဂိုးသမား အေဒူယာ မန်ဒီဟာ လွန်ခဲ့တဲ့ သုံးနှစ်က မိမိ အသင်းလက်မဲ့ဖြစ်ပြီး ဘောလုံးလောကက ကျောခိုင်းတော့မည့်ဆဲဆဲမှာ ရိန်းစ်အသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့သည့်အချိန်ကတည်းက ချယ်လ်ဆီးအသင်းက မိမိကိုစိတ်ဝင်စားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့။

ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့တဲ့ မန်ယူအသင်းဟာ မနက်ဖြန်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကိုသာ ရှူံးနိမ့်ခဲ့ရပါက လွန်ခဲ့တဲ့ နှစ် ၉၀ က ရာသီအဖွင့် အိမ်ကွင်းပွဲစဉ် သုံးပွဲဆက် ရှုံးနိမ့်ခဲ့သည့် သမိုင်းတကျော့ ပြန်လည်လာမည့်ဖိအားရှိနေပြီး နည်းပြ လမ်းပတ်အတွက်လည်း ရှူံးနိမ့်ခဲ့ပါက ပရီးမီးယားလိဂ်မှာ မန်ယူကို ပထမဦးဆုံး ထိပ်တိုက်တွေ့ဆုံမှု သုံးပွဲဆက်ရှုံးနိမ့်ခဲ့သည့် ပထမဆုံး နည်းပြဖြစ်လာမည်ဖြစ်ကြောင်း သိရ။

ချယ်လ်ဆီးအသင်းကနေ အက်စ်တွန်ဗီလာအသင်းမှာ အငှားပြောင်းရွှေ့ကစားနေတဲ့ ရော့စ် ဘာကလီဟာ အက်စ်တွန်ဗီလာအသင်းရဲ့ တဦးချင်းစွမ်းရည်ကောင်းမွန်မှုဟာ မိမိအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရကြောင်းနဲ့ ယမန်နှစ်က ဗီလာအသင်း တန်းဆင်းဇုန်ကနေ ရုန်းကန်ခဲ့ရသည်မှာ ယုံနိုင်ဖွယ်ရာပင်မရှိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့။

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်မှူး ဟာကင်းမ်ဇီယက်ရှ်ဟာ လက်ရှိမှာ ညာတောင်ပံနေရာကိုထွက်ပြီးကစားနေရပေမဲ့ သူ့နေရာအမှန်ကတော့ နံပါတ် ၁၀ နောက်ချန်တိုက်စစ်မှူးနေရာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပြီး ယင်းနေရာမှာ နည်းပြလမ်းပတ်က ခိုင်ဟာဗတ်ဇ်ကို လက်ရှိကစားနေစေခြင်းဖြစ်။

အသက် ၂၉ နှစ်မှာ ဘောလုံးလောကမှ အနားယူသွားခဲ့တဲ့ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းဖြစ်သူ ဂျာမန်လက်ရွေးစင်ဟောင်း ရှာရယ်လ်ဟာ နည်းပြဟောင်း မော်ရင်ညိုကို ”လူမဆန်သောသူ” လို့ အပြင်းအထန်ဝေဖန်သွားခဲ့ပြီး သူဟာ မိမိရဲ့ယုံကြည်မှုကို ရိုက်ချိုးဖျက်ဆီးခဲ့သူဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:




ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့တဲ့ မန်ယူအသင်းဟာ မနက်ဖြန်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကိုသာ ရှူံးနိမ့်ခဲ့ရပါက လွန်ခဲ့တဲ့ နှစ် ၉၀ က ရာသီအဖွင့် အိမ်ကွင်းပွဲစဉ် သုံးပွဲဆက် ရှုံးနိမ့်ခဲ့သည့် သမိုင်းတကျော့ ပြန်လည်လာမည့်ဖိအားရှိနေပြီး နည်းပြ လမ်းပတ်အတွက်လည်း ရှုံးနိမ့်ခဲ့ပါက ပရီးမီးယားလိဂ်မှာ မန်ယူကို ပထမဦးဆုံး ထိပ်တိုက်တွေ့ဆုံမှု သုံးပွဲဆက်ရှုံးနိမ့်ခဲ့သည့် ပထမဆုံး နည်းပြဖြစ်လာမည်ဖြစ်ကြောင်း သိရ။




REF: INTERNET SOURCES
SPORTS A2Z.