Premier League

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၃.၁၀.၂၀၂၀

– ၿပီးခဲ့တဲ့ညက ယူ႐ိုပါလိဂ္စြမ္းေဆာင္ရည္ကို ၾကည့္ၿပီး အာဆင္နယ္အသင္းအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕ေဈးကြက္မွာ အမွားလုပ္ခဲ့တယ္လို႔ ေျပာမယ့္သူတစ္ဦး ထပ္တုိးလာျပန္ၿပီျဖစ္ၿပီး အသင္းေခါင္းေဆာင္ေဟာင္း တုိနီ အက္ဒမ္စ္ကို မာတင္ ကီးယြန္းက ေထာက္ခံခဲ့သလို လီႏိုကို ခ်န္ထားၿပီး မာတီနက္ဇ္ကို ေရာင္းတာ ဘယ္သူပဲျဖစ္ျဖစ္ ဉာဏ္ေကာင္းလြန္းတယ္လို႔ ခနဲ႔သြား။

– ရက္ပစ္ ဗီယင္နာနဲ႔ပြဲမွာ လီႏိုနဲ႔ ထပ္တူ အာဆင္နယ္ပရိသတ္ေတြ ၿငဳိျငင္ခဲ့ရတဲ့သူတစ္ဦးကေတာ့ သုံးေယာက္တန္းခံစစ္ ဘယ္ျခမ္းမွာ ကစားတဲ့ ေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္ပဲျဖစ္ၿပီး ၿပဳိင္ဘက္ဆီကို ေဘာလုံး ၁၆ ႀကိမ္အထိ ဆုံးရွဳံးခဲ့။

– ေဘာလုံးကို ေပးပုိ႔ရမွာလား ပြဲၾကည့္စင္ေပၚကို ကန္ထုတ္ရမွာလားဆုိတာကို ျပတ္ျပတ္သားသား ဆုံးျဖတ္ႏုိင္သင့္တယ္လို႔ နည္းျပ မီခယ္လ္ အာတီတာက ဂိုးသမား ဘန္းဒ္ လီႏိုနဲ႔ ပတ္သက္လုိ႔ သတိေပးေျပာၾကားလုိက္ၿပီး ကြင္းထဲမွာ ကစားရတာကို ကြင္းျပင္က ေျပာရတာ လြယ္တယ္ဆုိေပမယ့္ ကစားေနတဲ့သူအေနနဲ႔ စကၠန္႔ပုိင္းအတြင္း ေရြးခ်ယ္ႏုိင္ဖို႔ေတာ့ လုပ္ေဆာင္ရမွာျဖစ္ေၾကာင္းဆို။

– အာဆင္နယ္အသင္းရဲ႕ အႏုိင္ဂိုးကို ရရွိေစမယ့္ ဘယ္လာရင္ရဲ႕ ျဖတ္ပုိ႔ေပးႏုိင္ဖို႔ ကြက္တိခင္းေပးခဲ့တဲ့ အယ္လ္နန္နီရဲ႕ ကစားပုံကို အဂၤလန္နဲ႔ စပါးစ္နည္းျပေဟာင္း ဂလင္း ေဟာ့ဒယ္လ္ ခ်ီးက်ဴးလုိက္ၿပီး တစ္ပြဲလုံးမွာလည္း အဖ်က္ကစားပုံ ေကာင္းမြန္ခဲ့တယ္လို႔ သုံးသပ္။

– ဗီယင္နာနဲ႔ပြဲမွာ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မွဳေတြကို ရင္ဆုိင္ခဲ့ရတဲ့ ေတာင္ပံကစားသမားေတြျဖစ္တဲ့ ဆာကာနဲ႔ ေပေပတုိ႔ဟာ ဒဏ္ရာ မရရွိခဲ့ဘဲ လက္စတာနဲ႔ပြဲမွာ ဆက္လက္ပါဝင္ႏုိင္ဖို႔ရွိေနၿပီး ဒါနီ စီဘာေယာ့စ္နဲ႔ ဝီလီယန္တုိ႔ကိုေတာ့ တနဂၤေႏြေန႔မွာ ထပ္မံစစ္ေဆးဆုံးျဖတ္ရဖို႔ရွိေန။

– ယူ႐ိုပါလိဂ္အေဝးကြင္းပြဲစဥ္မွာ အသင္းအတြက္ ပြဲခ်ိန္ျပည့္ကစားခြင့္ ရရွိခဲ့တဲ့ ကြင္းလယ္လူသစ္ ေသာမတ္စ္ ပါေတးရဲ႕ ကစားပုံက ေက်နပ္စရာျဖစ္ေၾကာင္းနဲ႔ သူ႕မွာ ဗီယာရာရဲ႕ အရည္အေသြးအားလုံးကို ေတြ႕ျမင္ခဲ့ရေၾကာင္း ေရးပါလာ ခ်ီးက်ဴးသြား။

– လန္ဒန္မွာ စီးပြားေရးလုပ္ငန္းေတြ ရွိေနတဲ့ အုိေဇးလ္အေနနဲ႔ ဒီၿမဳိ႕ကေန ေျပာင္းေရႊ႕ဖို႔ စိတ္ကူးမရွိဘူးဆုိရင္ ဝက္စ္ဟမ္းအသင္းကို ေျပာင္းေရႊ႕ကစားႏုိင္ဖို႔ အခြင့္အေရးရွိေနတယ္လုိ႔ ခ်ဲလ္ဆီးနဲ႔ ဟမ္းမားတုိက္စစ္မွဴးေဟာင္း ကာလ္တန္ ကိုးလ္သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပြီးခဲ့တဲ့ညက ယူရိုပါလိဂ်စွမ်းဆောင်ရည်ကို ကြည့်ပြီး အာဆင်နယ်အသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အမှားလုပ်ခဲ့တယ်လို့ ပြောမယ့်သူတစ်ဦး ထပ်တိုးလာပြန်ပြီဖြစ်ပြီး အသင်းခေါင်းဆောင်ဟောင်း တိုနီ အက်ဒမ်စ်ကို မာတင် ကီးယွန်းက ထောက်ခံခဲ့သလို လီနိုကို ချန်ထားပြီး မာတီနက်ဇ်ကို ရောင်းတာ ဘယ်သူပဲဖြစ်ဖြစ် ဉာဏ်ကောင်းလွန်းတယ်လို့ ခနဲ့သွား။

– ရက်ပစ် ဗီယင်နာနဲ့ပွဲမှာ လီနိုနဲ့ ထပ်တူ အာဆင်နယ်ပရိသတ်တွေ ငြိုငြင်ခဲ့ရတဲ့သူတစ်ဦးကတော့ သုံးယောက်တန်းခံစစ် ဘယ်ခြမ်းမှာ ကစားတဲ့ နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်ပဲဖြစ်ပြီး ပြိုင်ဘက်ဆီကို ဘောလုံး ၁၆ ကြိမ်အထိ ဆုံးရှုံးခဲ့။

– ဘောလုံးကို ပေးပို့ရမှာလား ပွဲကြည့်စင်ပေါ်ကို ကန်ထုတ်ရမှာလားဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်သင့်တယ်လို့ နည်းပြ မီခယ်လ် အာတီတာက ဂိုးသမား ဘန်းဒ် လီနိုနဲ့ ပတ်သက်လို့ သတိပေးပြောကြားလိုက်ပြီး ကွင်းထဲမှာ ကစားရတာကို ကွင်းပြင်က ပြောရတာ လွယ်တယ်ဆိုပေမယ့် ကစားနေတဲ့သူအနေနဲ့ စက္ကန့်ပိုင်းအတွင်း ရွေးချယ်နိုင်ဖို့တော့ လုပ်ဆောင်ရမှာဖြစ်ကြောင်းဆို။

– အာဆင်နယ်အသင်းရဲ့ အနိုင်ဂိုးကို ရရှိစေမယ့် ဘယ်လာရင်ရဲ့ ဖြတ်ပို့ပေးနိုင်ဖို့ ကွက်တိခင်းပေးခဲ့တဲ့ အယ်လ်နန်နီရဲ့ ကစားပုံကို အင်္ဂလန်နဲ့ စပါးစ်နည်းပြဟောင်း ဂလင်း ဟော့ဒယ်လ် ချီးကျူးလိုက်ပြီး တစ်ပွဲလုံးမှာလည်း အဖျက်ကစားပုံ ကောင်းမွန်ခဲ့တယ်လို့ သုံးသပ်။

– ဗီယင်နာနဲ့ပွဲမှာ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ ပေပေတို့ဟာ ဒဏ်ရာ မရရှိခဲ့ဘဲ လက်စတာနဲ့ပွဲမှာ ဆက်လက်ပါဝင်နိုင်ဖို့ရှိနေပြီး ဒါနီ စီဘာယော့စ်နဲ့ ဝီလီယန်တို့ကိုတော့ တနင်္ဂနွေနေ့မှာ ထပ်မံစစ်ဆေးဆုံးဖြတ်ရဖို့ရှိနေ။

– ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်မှာ အသင်းအတွက် ပွဲချိန်ပြည့်ကစားခွင့် ရရှိခဲ့တဲ့ ကွင်းလယ်လူသစ် သောမတ်စ် ပါတေးရဲ့ ကစားပုံက ကျေနပ်စရာဖြစ်ကြောင်းနဲ့ သူ့မှာ ဗီယာရာရဲ့ အရည်အသွေးအားလုံးကို တွေ့မြင်ခဲ့ရကြောင်း ရေးပါလာ ချီးကျူးသွား။

– လန်ဒန်မှာ စီးပွားရေးလုပ်ငန်းတွေ ရှိနေတဲ့ အိုဇေးလ်အနေနဲ့ ဒီမြို့ကနေ ပြောင်းရွှေ့ဖို့ စိတ်ကူးမရှိဘူးဆိုရင် ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ကစားနိုင်ဖို့ အခွင့်အရေးရှိနေတယ်လို့ ချဲလ်ဆီးနဲ့ ဟမ်းမားတိုက်စစ်မှူးဟောင်း ကာလ်တန် ကိုးလ်သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.