Match Report UCL&UEL

ဒီရာသီ ရှုံးပွဲမရှိစံချိန်ကျိုးပျက်မယ့်အရေးက လက်မတင်လေးလွတ်မြောက်ခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင်ဟာ ကြာသပတေးနေ့ညက ကွာရာဘတ်အိမ်ကွင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ချေပဂိုးတွေ လိုက်သွင်းပြီး ၂-၂ သရေကျခဲ့ပါတယ်။

ပက်ထရစ် ရှစ်ခ်က နာကျင်အချိန်ပိုမှာ အနီးကပ်ခေါင်းတိုက်ချက်နဲ့ အရေးကြီးတဲ့ ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး လေဗာကူဆင်ဟာ ဒီသရေပွဲကြောင့် ရှုံးပွဲမရှိစံချိန် ၃၅ ပွဲအထိ ဆက်လက်တိုးမြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။

အလွန်ဆိုရဲ့ လေဗာကူဆင်ဟာ ဒီရာသမှာ ရှုံးပွဲလုံးဝမရှိသေးတဲ့အသင်းဖြစ်ပေမယ့်လည်း အဇာဘိုင်ဂျန်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ ၂-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး အိမ်ရှင်အသင်းဟာ အုပ်စုအဆင့်တုန်းက ဂျာမန်ကလပ်ရဲ့ ၂ ကြိမ်စလုံး အနိုင်ယူခြင်းခံခဲ့ရတဲ့အသင်းဖြစ်ပါတယ်။

ကွာရာဘတ်အတွက် ပထမပိုင်း ၂၆ မိနစ်မှာ ဘန်ဇီယာက ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပထမပိုင်းပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၄၅+၂ မိနစ်မှာ ဂျူနင်ဟိုက လေဗာကူဆင်တို့ ပြန်လာနိုင်ဖို့ ပိုမိုခက်ခဲစေမယ့် နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အလွန်ဆိုဟာ ကွာရာဘတ်နဲ့ပွဲအတွက် ပွဲထွက်လူစာရင်းကို ၈ နေရာအထိ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလနောက်ပိုင်း ပထမဆုံး ရှုံးပွဲတွေ့တော့မယ့်အခြေအနေဖြစ်လာချိန်မှာ စပိန်လူမျိုးနည်းပြက ဒုတိယပိုင်းမှာ လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဖလိုရီယန် ဗာ့ဇ်ကက ပွဲကစားချိန်ကုန်ဆုံးဖို့ မိနစ် ၂၀ အလိုမှာ ကွာရာဘတ်ကစားသမားရဲ့ နောက်ပြန်ပေးခဲ့တဲ့ ဘောလုံးကို ရယူပြီးနောက် ဂိုးသမား လူနက်ဗ်နဲ့ တစ်ဦးချင်း တွေ့ဆုံခဲ့ပြီး လှလှပပ ကျော်ကန်ပြီး လေဗာကူဆင်အတွက် ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန်ပြည့်တဲ့အထိ လေဗာကူဆင်တို့ နောက်ထပ် ချေပဂိုး မသွင်းယူနိုင်ခဲ့တာကြောင့် ရှုံးပွဲမရှိစံချိန်ဟာ ၃၄ ပွဲမှာပဲ ရပ်တန့်ရတော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ၉၀+၂ မိနစ်မှာ ပက်ထရစ် ရှစ်ခ်က အန်းဒရစ်ချ်ရဲ့ ညာတောင်ပံကနေ ဆွဲပြေးပြီး ကန်တင်ပေးလိုက်တဲ့ဘောလုံးကို အနီးကပ်ခေါင်းတိုက်ပိတ်သွင်းယူပြီး တစ်ဖက် ၂ ဂိုးစီ ညီမျှသွားစေခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဟာ လက်ရှိအချိန်အထိ ၃၅ ပွဲကစားခဲ့ရာမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ပွဲ ၃၀ အထိ အနိုင်ရခဲ့တာဖြစ်ပြီး လာမယ့်အပတ် ဂျာမနီမှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာတော့ အလွန်ဆိုအနေနဲ့ အိမ်ကွင်းအားသာချက်နဲ့အတူ နောက်တဆင့်တက်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေလဗာကူဆင္ဟာ ၾကာသပေတးေန႔ညက ကြာရာဘတ္အိမ္ကြင္းမွာ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္မွာ ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ေခ်ပဂိုးေတြ လိုက္သြင္းၿပီး ၂-၂ သေရက်ခဲ့ပါတယ္။

ပက္ထရစ္ ရွစ္ခ္က နာက်င္အခ်ိန္ပိုမွာ အနီးကပ္ေခါင္းတိုက္ခ်က္နဲ႔ အေရးႀကီးတဲ့ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ေလဗာကူဆင္ဟာ ဒီသေရပြဲေၾကာင့္ ရႈံးပြဲမရွိစံခ်ိန္ ၃၅ ပြဲအထိ ဆက္လက္တိုးျမႇင့္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အလြန္ဆိုရဲ႕ ေလဗာကူဆင္ဟာ ဒီရာသမွာ ရႈံးပြဲလုံးဝမရွိေသးတဲ့အသင္းျဖစ္ေပမယ့္လည္း အဇာဘိုင္ဂ်န္မွာ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာေတာ့ ၂-၀ နဲ႔ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ၿပီး အိမ္ရွင္အသင္းဟာ အုပ္စုအဆင့္တုန္းက ဂ်ာမန္ကလပ္ရဲ႕ ၂ ႀကိမ္စလုံး အႏိုင္ယူျခင္းခံခဲ့ရတဲ့အသင္းျဖစ္ပါတယ္။

ကြာရာဘတ္အတြက္ ပထမပိုင္း ၂၆ မိနစ္မွာ ဘန္ဇီယာက ဦးေဆာင္ဂိုး သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ပထမပိုင္းပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၄၅+၂ မိနစ္မွာ ဂ်ဴနင္ဟိုက ေလဗာကူဆင္တို႔ ျပန္လာႏိုင္ဖို႔ ပိုမိုခက္ခဲေစမယ့္ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အလြန္ဆိုဟာ ကြာရာဘတ္နဲ႔ပြဲအတြက္ ပြဲထြက္လူစာရင္းကို ၈ ေနရာအထိ အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ၿပီး ၂၀၂၃ ခုႏွစ္ ေမလေနာက္ပိုင္း ပထမဆုံး ရႈံးပြဲေတြ႕ေတာ့မယ့္အေျခအေနျဖစ္လာခ်ိန္မွာ စပိန္လူမ်ိဳးနည္းျပက ဒုတိယပိုင္းမွာ လူစားလဲလွယ္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဖလိုရီယန္ ဗာ့ဇ္ကက ပြဲကစားခ်ိန္ကုန္ဆုံးဖို႔ မိနစ္ ၂၀ အလိုမွာ ကြာရာဘတ္ကစားသမားရဲ႕ ေနာက္ျပန္ေပးခဲ့တဲ့ ေဘာလုံးကို ရယူၿပီးေနာက္ ဂိုးသမား လူနက္ဗ္နဲ႔ တစ္ဦးခ်င္း ေတြ႕ဆုံခဲ့ၿပီး လွလွပပ ေက်ာ္ကန္ၿပီး ေလဗာကူဆင္အတြက္ ေခ်ပဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ျပည့္တဲ့အထိ ေလဗာကူဆင္တို႔ ေနာက္ထပ္ ေခ်ပဂိုး မသြင္းယူႏိုင္ခဲ့တာေၾကာင့္ ရႈံးပြဲမရွိစံခ်ိန္ဟာ ၃၄ ပြဲမွာပဲ ရပ္တန႔္ရေတာ့မယ့္အႏၲရာယ္နဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ၉၀+၂ မိနစ္မွာ ပက္ထရစ္ ရွစ္ခ္က အန္းဒရစ္ခ်္ရဲ႕ ညာေတာင္ပံကေန ဆြဲေျပးၿပီး ကန္တင္ေပးလိုက္တဲ့ေဘာလုံးကို အနီးကပ္ေခါင္းတိုက္ပိတ္သြင္းယူၿပီး တစ္ဖက္ ၂ ဂိုးစီ ညီမွ်သြားေစခဲ့တာျဖစ္ပါတယ္။

ေလဗာကူဆင္အသင္းဟာ လက္ရွိအခ်ိန္အထိ ၃၅ ပြဲကစားခဲ့ရာမွာ ရႈံးပြဲလုံးဝမရွိခဲ့ဘဲ ပြဲ ၃၀ အထိ အႏိုင္ရခဲ့တာျဖစ္ၿပီး လာမယ့္အပတ္ ဂ်ာမနီမွာ ကစားရမယ့္ ဒုတိယအေက်ာ့ပြဲစဥ္မွာေတာ့ အလြန္ဆိုအေနနဲ႔ အိမ္ကြင္းအားသာခ်က္နဲ႔အတူ ေနာက္တဆင့္တက္ႏိုင္ေအာင္ ႀကိဳးစားသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.