UCL&UEL

ပထမအကျော့မှာပဲ ဂိုးပြတ်သွင်းပြီး ကွာတားကြိုတက်နှင့်ပြီဖြစ်တဲ့ လီဗာပူးလ်

လီဗာပူးလ်ဟာ ကြာသပတေးနေ့ညက ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် စပါတာ ပရက်ဂ်အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ၅-၁ နဲ့ အပြတ်အသတ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ဒါဝင် နူးညက်ဇ်က အလွန်ကောင်းမွန်တဲ့သွင်းဂိုး ၂ ဂိုး ရယူပေးခဲ့ပြီး မက္ကယ်လစ္စတာက ပထမပိုင်း ၆ မိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီကနေ ပထမဆုံး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လူးဝစ္စ ဒီယက်ဇ်နဲ့ ဆဘော့ဇ်ဆလိုင်းတို့က နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူပေးသွားခဲ့ကြတာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်က တနင်္ဂနွေနွေ့မှာ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရှိနေပေမယ့်လည်း အားကောင်းတဲ့ပွဲထွက်လူစာရင်းကို ထုတ်ခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှာ သေချာအောင် လုပ်ချင်ခဲ့ပုံပေါ်ပါတယ်။

အိမ်ရှင် စပါတာ ပရက်ဂ်ဟာ အခွင့်အရေးအများအပြားရရှိခဲ့ပေမယ့်လည်း ကယ်လီဟာရဲ့ သူရဲကောင်းဆန်ဆန်ကာကွယ်မှုကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘဲ နောက်ဆုံးမှာတော့ လူစားဝင်လာတဲ့ ကော်နာ ဘရက်ဒ်လီက ဒုတိယပိုင်းပြန်စစချင်းမှာပဲ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ နှစ်သိမ့်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲပြီးဆုံးခါနီး ၁၀ မိနစ်အလိုမှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး ပါဝင်ကစားပေးခဲ့တဲ့ မိုဟာမက် ဆာလားက အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီထင်ခဲ့ပေမယ့်လည်း VAR က လူကျွံအနေအထားမှာမရှိဘဲ လူကျွံဘောအဖြစ် ဂိုးကို ပယ်ဖျက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဟာ ၾကာသပေတးေန႔ညက ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ စပါတာ ပရက္ဂ္အိမ္ကြင္းမွာ ကစားခဲ့တဲ့ပြဲမွာ ၅-၁ နဲ႔ အျပတ္အသတ္ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

ဒါဝင္ ႏူးညက္ဇ္က အလြန္ေကာင္းမြန္တဲ့သြင္းဂိုး ၂ ဂိုး ရယူေပးခဲ့ၿပီး မကၠယ္လစၥတာက ပထမပိုင္း ၆ မိနစ္မွာ ရခဲ့တဲ့ ပင္နယ္တီကေန ပထမဆုံး အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ လူးဝစၥ ဒီယက္ဇ္နဲ႔ ဆေဘာ့ဇ္ဆလိုင္းတို႔က ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ သြင္းယူေပးသြားခဲ့ၾကတာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္က တနဂၤေႏြေႏြ႕မွာ မန္ခ်က္စတာစီးတီးနဲ႔ ကစားရမယ့္ အေရးႀကီးတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ရွိေနေပမယ့္လည္း အားေကာင္းတဲ့ပြဲထြက္လူစာရင္းကို ထုတ္ခဲ့တာျဖစ္ၿပီး ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္မွာ ေသခ်ာေအာင္ လုပ္ခ်င္ခဲ့ပုံေပၚပါတယ္။

အိမ္ရွင္ စပါတာ ပရက္ဂ္ဟာ အခြင့္အေရးအမ်ားအျပားရရွိခဲ့ေပမယ့္လည္း ကယ္လီဟာရဲ႕ သူရဲေကာင္းဆန္ဆန္ကာကြယ္မႈေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့ဘဲ ေနာက္ဆုံးမွာေတာ့ လူစားဝင္လာတဲ့ ေကာ္နာ ဘရက္ဒ္လီက ဒုတိယပိုင္းျပန္စစခ်င္းမွာပဲ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့လို႔ ႏွစ္သိမ့္ဂိုးရရွိခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ပြဲၿပီးဆုံးခါနီး ၁၀ မိနစ္အလိုမွာ ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာၿပီး ပါဝင္ကစားေပးခဲ့တဲ့ မိုဟာမက္ ဆာလားက အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီထင္ခဲ့ေပမယ့္လည္း VAR က လူကြၽံအေနအထားမွာမရွိဘဲ လူကြၽံေဘာအျဖစ္ ဂိုးကို ပယ္ဖ်က္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.