UCL&UEL

ဟာလန်းရဲ့ သွင်းဂိုးကြောင့် ဥရောပစံချိန်သစ်နဲ့ နိုင်ပွဲရခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ ဗုဒ္ဓဟူးနေ့ညက ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ဥရောပမှာ လွှမ်းမိုးနိုင်မှုကို ဆက်လက်ပြသနိုင်ခဲ့ပြီး သမိုင်းမှတ်တမ်းသစ်လည်း ရေးထိုးနိုင်ခဲ့ပါတယ်။

လက်ရှိ ချန်ပီယံတွေဟာ ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်ကို ပထမအကျော့က ကီဗင် ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပိုမိုသာလွန်တဲ့အနေအထားနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်း ၅ မိနစ်မှာပဲ အကန်းဂျိက ထောင့်ကနေဘောကနေတဆင့် မြေမကျသွင်းယူခဲ့တဲ့ဂိုးကြောင့် မန်ချက်စတာစီးတီးတို့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး နောက်ထပ် ၄ မိနစ်အကြာမှာ ယူလီယန် အယ်လ်ဗာရက်ဇ်က နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ကိုပင်ဟေဂင်က ဆောက်သမ်တန်ကြယ်ပွင့်ဟောင်း မိုဟာမက် အယ်လ်ယူနူဆီရဲ့ သွင်းဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့ပေမယ့်လည်း ရပ်တန့်လို့မရနိုင်ဖြစ်နေတဲ့ အာလင်း ဟာလန်းက အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ မန်ချက်စတာစီးတီးအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ဒီသွင်းဂိုးကြောင့် မန်စီးတီးဂန္တဝင် ဆာဂျီယို အဂွေရိုရဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၄၁ ဂိုးကို လိုက်မီခဲ့ပြီဖြစ်ပြီး ၃၇ ပွဲသာ ကစားရသေးချိန်မှာ ဥရောပဖလားပြိုင်ပွဲသမိုင်းတလျှောက် ၁၉ ဦးမြောက် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာစီးတီးက ပထမပိုင်းမပြီးခင်မှာပဲ ၃ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီချန်ပီယံတွေဟာ ဥရောပပြိုင်ပွဲသမိုင်းတလျှောက် အိမ်ကွင်း ၉ ပွဲဆက်တိုက် ၃ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော အသင်းအဖြစ် စံချိန်သစ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် မန်ချက်စတာစီးတီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတလျှောက်မှာ ၁၀ ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်တဲ့ ပထမဆုံးသော အင်္ဂလိပ်အသင်းလည်း ဖြစ်လာခဲ့ပြီဖြစ်ပြီး အာလင်း ဟာလန်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်သွင်းဂိုး ၆ ဂိုးနဲ့ ပူးတွဲထိပ်တန်းဂိုးသွင်းရှင်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးဟာ ဗုဒၶဟူးေန႔ညက ဒိန္းမတ္ကလပ္ ကိုပင္ေဟဂင္ကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ဥေရာပမွာ လႊမ္းမိုးႏိုင္မႈကို ဆက္လက္ျပသႏိုင္ခဲ့ၿပီး သမိုင္းမွတ္တမ္းသစ္လည္း ေရးထိုးႏိုင္ခဲ့ပါတယ္။

လက္ရွိ ခ်န္ပီယံေတြဟာ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္ကို ပထမအေက်ာ့က ကီဗင္ ဒီဘ႐ိုင္းနား၊ ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ပိုမိုသာလြန္တဲ့အေနအထားနဲ႔ ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္း ၅ မိနစ္မွာပဲ အကန္းဂ်ိက ေထာင့္ကေနေဘာကေနတဆင့္ ေျမမက်သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ မန္ခ်က္စတာစီးတီးတို႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ၄ မိနစ္အၾကာမွာ ယူလီယန္ အယ္လ္ဗာရက္ဇ္က ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ကိုပင္ေဟဂင္က ေဆာက္သမ္တန္ၾကယ္ပြင့္ေဟာင္း မိုဟာမက္ အယ္လ္ယူႏူဆီရဲ႕ သြင္းဂိုးနဲ႔ ျပန္လည္ေခ်ပႏိုင္ခဲ့ေပမယ့္လည္း ရပ္တန႔္လို႔မရႏိုင္ျဖစ္ေနတဲ့ အာလင္း ဟာလန္းက အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္နဲ႔ မန္ခ်က္စတာစီးတီးအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ဒီသြင္းဂိုးေၾကာင့္ မန္စီးတီးဂႏၲဝင္ ဆာဂ်ီယို အေဂြ႐ိုရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုး ၄၁ ဂိုးကို လိုက္မီခဲ့ၿပီျဖစ္ၿပီး ၃၇ ပြဲသာ ကစားရေသးခ်ိန္မွာ ဥေရာပဖလားၿပိဳင္ပြဲသမိုင္းတေလွ်ာက္ ၁၉ ဦးေျမာက္ ဂိုးသြင္းအမ်ားဆုံးအျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးက ပထမပိုင္းမၿပီးခင္မွာပဲ ၃ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံေတြဟာ ဥေရာပၿပိဳင္ပြဲသမိုင္းတေလွ်ာက္ အိမ္ကြင္း ၉ ပြဲဆက္တိုက္ ၃ ဂိုးနဲ႔ အထက္ သြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးေသာ အသင္းအျဖစ္ စံခ်ိန္သစ္ ေရးထိုးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒါ့အျပင္ မန္ခ်က္စတာစီးတီးဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတေလွ်ာက္မွာ ၁၀ ပြဲဆက္တိုက္ႏိုင္ပြဲရယူႏိုင္တဲ့ ပထမဆုံးေသာ အဂၤလိပ္အသင္းလည္း ျဖစ္လာခဲ့ၿပီျဖစ္ၿပီး အာလင္း ဟာလန္းဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္သြင္းဂိုး ၆ ဂိုးနဲ႔ ပူးတြဲထိပ္တန္းဂိုးသြင္းရွင္အျဖစ္ရပ္တည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.