Premier League

လီဗာပူးလ်နဲ့ပွဲမတိုင်ခင် စိုးရိမ်စရာသတင်းဆိုးတစ်ခု ပြောပြခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာက ဂျယ်ရမီး ဒိုကုဟာ လီဗာပူးလ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ဖလားထိပ်ဆုံးနေရာလုပွဲမတိုင်ခင် ကြွက်သားဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒိုကုဟာ မန်စီးတီးရဲ့ ဗုဒ္ဓဟူးနေ့ည ကိုပင်ဟေဂင်နဲ့ ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အတွက် ပွဲနေ့လူစာရင်းထဲမှာတောင် မပါဝင်နိုင်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ အန်းဖီးမှာ ဒီရာသီရဲ့ အကြီးမားဆုံးပွဲစဉ်ဖြစ်နိုင်တဲ့ပွဲကို ကစားသွားရမှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ဟာ ဇယားထိပ်ဆုံး ၂ နေရာမှာ ၁ မှတ်အကွာနဲ့ ရပ်တည်နေကြတာဖြစ်ပြီး ဒီပွဲစဉ်မှာ အနိုင်ရတဲ့အသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးဟာ အဓိကတောင်ပံကစားသမားဖြစ်တဲ့ ဂျယ်ရမီး ဒိုကု မပါဝင်ဘဲ ကစားသွားရတော့မှာဖြစ်ပြီး ကိုပင်ဟေဂင်နဲ့ပွဲမတိုင်ခင်မှာ ဂွါဒီယိုလာက ဘာကြောင့် ဘယ်လ်ဂျီယမ်ကြယ်ပွင့် မပါဝင်နိုင်တာလဲဆိုတာကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

“သူ့မှာ ကြွက်သားဒဏ်ရာပြဿနာအချို့ရှိနေခဲ့တော့ ကျွန်တော်တို့ အရဲစွန့်မသုံးချင်ပါဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပြီး ဒိုကုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကြွက်သားဒဏ်ရာကြောင့် မန်စီးတီးရဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအပါအဝင် ၈ ပွဲအထိ လွဲချော်ခဲ့ဖူးတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရင်းနေးကနေ ပြောင်းရွှေ့လာပြီးနောက် မန်စီးတီးနဲ့ ပထမဆုံးရာသီကို ဖြတ်သန်းနေသူဖြစ်ပြီး ၂၉ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြါဒီယိုလာက ဂ်ယ္ရမီး ဒိုကုဟာ လီဗာပူးလ္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ဖလားထိပ္ဆုံးေနရာလုပြဲမတိုင္ခင္ ႂကြက္သားဒဏ္ရာရရွိခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ဒိုကုဟာ မန္စီးတီးရဲ႕ ဗုဒၶဟူးေန႔ည ကိုပင္ေဟဂင္နဲ႔ ကစားခဲ့တဲ့ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္အတြက္ ပြဲေန႔လူစာရင္းထဲမွာေတာင္ မပါဝင္ႏိုင္ခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းဟာ လာမယ့္ တနဂၤေႏြေန႔ အန္းဖီးမွာ ဒီရာသီရဲ႕ အႀကီးမားဆုံးပြဲစဥ္ျဖစ္ႏိုင္တဲ့ပြဲကို ကစားသြားရမွာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္တို႔ဟာ ဇယားထိပ္ဆုံး ၂ ေနရာမွာ ၁ မွတ္အကြာနဲ႔ ရပ္တည္ေနၾကတာျဖစ္ၿပီး ဒီပြဲစဥ္မွာ အႏိုင္ရတဲ့အသင္းက အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္သြားႏိုင္မွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးဟာ အဓိကေတာင္ပံကစားသမားျဖစ္တဲ့ ဂ်ယ္ရမီး ဒိုကု မပါဝင္ဘဲ ကစားသြားရေတာ့မွာျဖစ္ၿပီး ကိုပင္ေဟဂင္နဲ႔ပြဲမတိုင္ခင္မွာ ဂြါဒီယိုလာက ဘာေၾကာင့္ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ မပါဝင္ႏိုင္တာလဲဆိုတာကို ရွင္းျပခဲ့တာျဖစ္ပါတယ္။

“သူ႔မွာ ႂကြက္သားဒဏ္ရာျပႆနာအခ်ိဳ႕ရွိေနခဲ့ေတာ့ ကြၽန္ေတာ္တို႔ အရဲစြန႔္မသုံးခ်င္ပါဘူး။”လို႔ ေျပာဆိုခဲ့တာျဖစ္ၿပီး ဒိုကုဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက ႂကြက္သားဒဏ္ရာေၾကာင့္ မန္စီးတီးရဲ႕ ကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲအပါအဝင္ ၈ ပြဲအထိ လြဲေခ်ာ္ခဲ့ဖူးတာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ရင္းေနးကေန ေျပာင္းေ႐ႊ႕လာၿပီးေနာက္ မန္စီးတီးနဲ႔ ပထမဆုံးရာသီကို ျဖတ္သန္းေနသူျဖစ္ၿပီး ၂၉ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.