Premier League

ပွဲကြိုသတင်းစာရှင်းလင်းပွဲက သတင်းထောက်တွေရဲ့အမေးကို အာတီတာ ပြောခဲ့သမျှ

မေး- အသင်းသတင်းလေး။
ဖြေ- ဘာမှများများစားစားမရှိဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကစားသမားအချို့ ပြန်လာနိုင်ခဲ့ပြီး ပြီးတော့ မာတီနယ်လီနဲ့ ဘူကာယိုတို့ ပြဿနာနည်းနည်းရှိခဲ့တယ်။ ကျွန်တော်တို့ သူတို့တွေ ဒီပွဲမှာ တစိတ်တပိုင်းပါဝင်နိုင်မယ်လို့ မျှော်လင့်တဲ့နေရာမှာ တော်တော်လေး အကောင်းမြင်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။

မေး- ဆောင်းရာသီအားလပ်ရက်အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ- အဲဒါက မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော်တို့ မရှုံးသင့်ဘဲ ရှုံးပွဲအချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ ကိုယ့်ဆီကနေ ပြန်တောင်းဆိုဖို့အတွက် မဖြစ်မနေ လိုအပ်ခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပြီးတော့ အရာအားလုံးက တမဟုတ်ချင်း ပြောင်းလဲသွားခဲ့တယ်။ ကျွန်တော်တို့ အနိုင်ရခဲ့ပြီး ပြီးတော့ အဲဒီအပေါ်မှာ ဆက်ပြီး တည်ဆောက်ခဲ့ပြီး အဲဒါက အကူအညီဖြစ်ခဲ့တယ်။

မေး- ပြီးခဲ့တဲ့ရာသီ ဘရန့်တ်ဖို့ဒ်နဲ့ပွဲအပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ- ဘယ်နေရာကြည့်ကြည့် နာကျင်စရာတွေချည်းပဲ။ နာကျင်မှုတွေက ရှိနေသေးပြီး ဒါပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီအတွက် အများကြီး ကစားခဲ့ရပါတယ်။ ကျွန်တော်တို့ပွဲရဲ့ ခက်ခဲနိုင်တဲ့အနေအထားကိုလည်း သိပါတယ်။ ကျွန်တော်တို့ ဘရန့်တ်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲက အမြဲတမ်း ခံစားခဲ့ရပါတယ်။

မေး-စီးတီးနဲ့ လီဗာပူးလ်တို့ ကစားမယ့်ပွဲရှိနေတော့ အနိုင်ရဖို့ အရေးကြီးလား။
ဖြေ-ကျွန်တော်တို့ ထိန်းချုပ်နိုင်တာ တစ်ခုပဲ ရှိတယ်။ ကောင်းကောင်းကစားပြီး သူတို့ထက် ပိုကောင်းအောင် ကစားပြဖို့ပါ။ ကျွန်တော်တို့ အဲဒီလိုသာ လုပ်နိုင်ရင် တနင်္ဂနွေနေ့က စောင့်ကြည့်ဖို့ကောင်းတဲ့ လှပတဲ့ပွဲဖြစ်လာမှာပါ။ ကျွန်တော် အဲဒါကို မထိန်းချုပ်နိုင်ပါဘူး။ တစ်ဦးချင်းရော အားလုံးသိတဲ့အတိုင်းပါ ကျွန်တော့်မှာ ဘယ်ဟာကို ပိုပြီး ဖြစ်ချင်တယ်ဆိုတာမရှိပါဘူး။ ဘာလို့လဲဆိုတော့ နှစ်ခုစလုံးက ကျွန်တော် ဘာမှလုပ်လို့မရတဲ့ကိစ္စတွေမို့လို့ပါ။။

မေး- ဝှိုက်နဲ့ တိုမိယဆုတို့ စာချုပ်နဲ့ပတ်သက်ပြီး သတင်းထူးရှိလား။
ဖြေ- ဘာမှတော့ မရှိပါဘူး။ ကျွန်တော် အီဒူးနဲ့ အသင်းဆီကနေ အချိန်ကျလာရင် သိရမှာပါ။

မေး- ခင်ဗျား တိုနီရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ငြင်းချက်ထုတ်နိုင်လား။
ဖြေ- ကျွန်တော် စျေးကွက်ထဲမှာရှိတဲ့ ကစားသမားတိုင်းနဲ့ သတင်းတွေကို မပြောနိုင်ဘူးဆိုရင် ဘယ်ကစားသမားနဲ့ပတ်သက်ပြီးမှ မပြောချင်ပါဘူး။

မေး- ရမ်းစ်ဒေးလ်က အသားကျအောင် လုပ်နိုင်မယ်လို့ ထင်လား။
ဖြေ-သူက အသားကျအောင် လုပ်နိုင်ရုံတင်မကဘူး။ သူက ကျွန်တော် လိုချင်တာရော သူလိုချင်တာနဲ့ပါ ကောင်းကောင်းအသားကျအောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြသခဲ့ပြီးပါပြီ။

မေး-ရမ်းစ်ဒေးလ်သာ ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ ကောင်းကောင်းကစားနိုင်ရင် ပေါ်တိုနဲ့ပွဲမှာ ကစားရနိုင်တယ်လို့ ခင်ဗျား ပြောထားလား။
ဖြေ-ကျွန်တော်တို့ ဒီနေ့ မင်းကောင်းကောင်းကစားနိုင်ရင် နောက်အပတ် ကစားဖို့ အခွင့်အရေးရှိလိမ့်မယ်လို့ မပြောဖူးပါဘူး။ ဒါမျိုးကိစ္စတွေကလည်း ဖြစ်လာမှာမဟုတ်ဘူး။

မေး- ဒီကလန် ရိုက်ကို ဂိုးတွေ ပိုသွင်းစေချင်လား။
ဖြေ- ဒါကတော့အသင်းထဲကလူတွေနဲ့ဆိုင်တဲ့အရာပါ။ သူတို့တွေက ဆက်ပြီးတော့ တိုးတက်ချင်တယ်။ ကျွန်တော်တို့မှာ နောက်ထပ်သွားရမယ့်အဆင့်တစ်ခုရှိနေတယ်လို့ ခံစားနေရပြီး ကျွန်တော်တို့ အဲဒါကို ကစားသမားအများစုနဲ့မှ ရရှိမှာပါ။

မေး- ခင်ဗျား ဒီလိုကစားဟန်မျိုးကို အမြဲတမ်း ရည်မှန်းထားခဲ့တာလား။
ဖြေ- ခင်ဗျားက ခင်ဗျားမှာရှိတဲ့ ကစားသမားတွေအကြောင်းမသိရင် ဒီလိုလုပ်ဖို့ ခက်မှာပါ။ ခင်ဗျားက ခင်ဗျားကစားသမားတွေနဲ့ အသားကျအောင် လုပ်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ကစားနေတဲ့ပုံစံနဲ့ပတ်သက်ပြီး တကယ်ပျော်ရွှင်မိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေမး- အသင္းသတင္းေလး။
ေျဖ- ဘာမွမ်ားမ်ားစားစားမရွိဘူး။ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ တနလၤာေန႔မွာ ကစားသမားအခ်ိဳ႕ ျပန္လာႏိုင္ခဲ့ၿပီး ၿပီးေတာ့ မာတီနယ္လီနဲ႔ ဘူကာယိုတို႔ ျပႆနာနည္းနည္းရွိခဲ့တယ္။ ကြၽန္ေတာ္တို႔ သူတို႔ေတြ ဒီပြဲမွာ တစိတ္တပိုင္းပါဝင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္တဲ့ေနရာမွာ ေတာ္ေတာ္ေလး အေကာင္းျမင္ထားပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ရမွာပါ။

ေမး- ေဆာင္းရာသီအားလပ္ရက္အေပၚမွာေရာ ဘယ္လိုျမင္လဲ။
ေျဖ- အဲဒါက မရွိမျဖစ္ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ မရႈံးသင့္ဘဲ ရႈံးပြဲအခ်ိဳ႕ရွိခဲ့ပါတယ္။ ဒါေပမယ့္ အဲဒါက ကြၽန္ေတာ္တို႔ ကိုယ့္ဆီကေန ျပန္ေတာင္းဆိုဖို႔အတြက္ မျဖစ္မေန လိုအပ္ခဲ့တာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ၿပီးေတာ့ အရာအားလုံးက တမဟုတ္ခ်င္း ေျပာင္းလဲသြားခဲ့တယ္။ ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့ၿပီး ၿပီးေတာ့ အဲဒီအေပၚမွာ ဆက္ၿပီး တည္ေဆာက္ခဲ့ၿပီး အဲဒါက အကူအညီျဖစ္ခဲ့တယ္။

ေမး- ၿပီးခဲ့တဲ့ရာသီ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲအေပၚမွာ ဘယ္လိုျမင္လဲ။
ေျဖ- ဘယ္ေနရာၾကည့္ၾကည့္ နာက်င္စရာေတြခ်ည္းပဲ။ နာက်င္မႈေတြက ရွိေနေသးၿပီး ဒါပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဲဒီအတြက္ အမ်ားႀကီး ကစားခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ပြဲရဲ႕ ခက္ခဲႏိုင္တဲ့အေနအထားကိုလည္း သိပါတယ္။ ကြၽန္ေတာ္တို႔ ဘရန႔္တ္ဖို႔ဒ္နဲ႔ ကစားခဲ့တဲ့ပြဲက အၿမဲတမ္း ခံစားခဲ့ရပါတယ္။

ေမး-စီးတီးနဲ႔ လီဗာပူးလ္တို႔ ကစားမယ့္ပြဲရွိေနေတာ့ အႏိုင္ရဖို႔ အေရးႀကီးလား။
ေျဖ-ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္ႏိုင္တာ တစ္ခုပဲ ရွိတယ္။ ေကာင္းေကာင္းကစားၿပီး သူတို႔ထက္ ပိုေကာင္းေအာင္ ကစားျပဖို႔ပါ။ ကြၽန္ေတာ္တို႔ အဲဒီလိုသာ လုပ္ႏိုင္ရင္ တနဂၤေႏြေန႔က ေစာင့္ၾကည့္ဖို႔ေကာင္းတဲ့ လွပတဲ့ပြဲျဖစ္လာမွာပါ။ ကြၽန္ေတာ္ အဲဒါကို မထိန္းခ်ဳပ္ႏိုင္ပါဘူး။ တစ္ဦးခ်င္းေရာ အားလုံးသိတဲ့အတိုင္းပါ ကြၽန္ေတာ့္မွာ ဘယ္ဟာကို ပိုၿပီး ျဖစ္ခ်င္တယ္ဆိုတာမရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ ႏွစ္ခုစလုံးက ကြၽန္ေတာ္ ဘာမွလုပ္လို႔မရတဲ့ကိစၥေတြမို႔လို႔ပါ။။

ေမး- ဝႈိက္နဲ႔ တိုမိယဆုတို႔ စာခ်ဳပ္နဲ႔ပတ္သက္ၿပီး သတင္းထူးရွိလား။
ေျဖ- ဘာမွေတာ့ မရွိပါဘူး။ ကြၽန္ေတာ္ အီဒူးနဲ႔ အသင္းဆီကေန အခ်ိန္က်လာရင္ သိရမွာပါ။

ေမး- ခင္ဗ်ား တိုနီရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ျငင္းခ်က္ထုတ္ႏိုင္လား။
ေျဖ- ကြၽန္ေတာ္ ေစ်းကြက္ထဲမွာရွိတဲ့ ကစားသမားတိုင္းနဲ႔ သတင္းေတြကို မေျပာႏိုင္ဘူးဆိုရင္ ဘယ္ကစားသမားနဲ႔ပတ္သက္ၿပီးမွ မေျပာခ်င္ပါဘူး။

ေမး- ရမ္းစ္ေဒးလ္က အသားက်ေအာင္ လုပ္ႏိုင္မယ္လို႔ ထင္လား။
ေျဖ-သူက အသားက်ေအာင္ လုပ္ႏိုင္႐ုံတင္မကဘူး။ သူက ကြၽန္ေတာ္ လိုခ်င္တာေရာ သူလိုခ်င္တာနဲ႔ပါ ေကာင္းေကာင္းအသားက်ေအာင္ လုပ္ႏိုင္စြမ္းရွိတယ္ဆိုတာကို သက္ေသျပသခဲ့ၿပီးပါၿပီ။

ေမး-ရမ္းစ္ေဒးလ္သာ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲမွာ ေကာင္းေကာင္းကစားႏိုင္ရင္ ေပၚတိုနဲ႔ပြဲမွာ ကစားရႏိုင္တယ္လို႔ ခင္ဗ်ား ေျပာထားလား။
ေျဖ-ကြၽန္ေတာ္တို႔ ဒီေန႔ မင္းေကာင္းေကာင္းကစားႏိုင္ရင္ ေနာက္အပတ္ ကစားဖို႔ အခြင့္အေရးရွိလိမ့္မယ္လို႔ မေျပာဖူးပါဘူး။ ဒါမ်ိဳးကိစၥေတြကလည္း ျဖစ္လာမွာမဟုတ္ဘူး။

ေမး- ဒီကလန္ ႐ိုက္ကို ဂိုးေတြ ပိုသြင္းေစခ်င္လား။
ေျဖ- ဒါကေတာ့အသင္းထဲကလူေတြနဲ႔ဆိုင္တဲ့အရာပါ။ သူတို႔ေတြက ဆက္ၿပီးေတာ့ တိုးတက္ခ်င္တယ္။ ကြၽန္ေတာ္တို႔မွာ ေနာက္ထပ္သြားရမယ့္အဆင့္တစ္ခုရွိေနတယ္လို႔ ခံစားေနရၿပီး ကြၽန္ေတာ္တို႔ အဲဒါကို ကစားသမားအမ်ားစုနဲ႔မွ ရရွိမွာပါ။

ေမး- ခင္ဗ်ား ဒီလိုကစားဟန္မ်ိဳးကို အၿမဲတမ္း ရည္မွန္းထားခဲ့တာလား။
ေျဖ- ခင္ဗ်ားက ခင္ဗ်ားမွာရွိတဲ့ ကစားသမားေတြအေၾကာင္းမသိရင္ ဒီလိုလုပ္ဖို႔ ခက္မွာပါ။ ခင္ဗ်ားက ခင္ဗ်ားကစားသမားေတြနဲ႔ အသားက်ေအာင္ လုပ္ရမယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ကစားေနတဲ့ပုံစံနဲ႔ပတ္သက္ၿပီး တကယ္ေပ်ာ္႐ႊင္မိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.