Premier League

ရာထူးကနေ ပြုတ်တာ ရော်နယ်လ်ဒိုကြောင့်လို့ သွယ်ဝိုက်ပြစ်တင်လိုက်တဲ့ ဆိုးလ်ရှား

အိုလေဂန်နာ ဆိုးလ်ရှားက ၂၀၂၁ ခုနှစ်မှာ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူခဲ့တာ နောင်တမရဘူးလို့ ပြောဆိုခဲ့ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့် အသင်းကို ပြန်ရောက်လာတာက အဝတ်လဲခန်းထဲမှာ ပြဿနာတွေဖြစ်စေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ်မှာ ရော်နယ်လ်ဒိုကို ဂျူဗင်တပ်ကနေ ပေါင် ၁၂ သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ရောက်မလာခင် ရာသီမှာ ပရီးမီးယားလိဂ် အဆင့် ၂၊ ယူရိုပါလိဂ် ဗိုလ်လုပွဲတို့ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရာဖေးလ် ဗာရွမ်းနဲ့ ဆန်ချိုတို့ကလည်း အဲဒီနွေရာသီအစောပိုင်းမှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့ပြီး ကာဗာနီကိုလည်း နောက်ထပ်တစ်နှစ်အသင်းမှာ ဆက်နေအောင် စည်းရုံးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ အပြောင်းအရွှေ့စျေးကွက်ပိတ်ခါနီး ရော်နယ်လ်ဒိုကို ခေါ်နိုင်မယ့်အခွင့်အရေးရချိန်မှာ ဆိုးလ်ရှားက တွန့်ဆုတ်ခြင်းမရှိဘဲ အသင်းဖော်ဟောင်းကို ပြန်ခေါ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒို အိုးထရက်ဖို့ဒ်ကို ပြန်လာခဲ့တဲ့ သတင်းက တကမ္ဘာလုံးကို တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်က အခြေအနေတွေလည်း လျင်လျင်မြန်မြန် ပြောင်းလဲသွားခဲ့ပြီးနောက် ၃ လအကြာမှာ ဆိုးလ်ရှား ရာထူးကနေ ဖြုတ်ခံခဲ့ရတာဖြစ်ပါတယ်။

နော်ဝေလူမျိုးနည်းပြက ရော်နယ်လ်ဒိုကို ပြန်ခေါ်တာ နောင်တမရဘူးလို့ ပြောခဲ့ပေမယ့်လည်း တခြားကစားသမားတွေကို စိတ်အာရုံနောက်ကျိစေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

“ခရစ္စတီယာနိုက မာစီယယ်လ်နဲ့ မတူညီသလို၊ မေဆန်၊ ရက်ရှ်ဖို့ဒ်တို့နဲ့လည်း မတူပါဘူး။ ကာဗာနီက ရော်နယ်လ်ဒိုရောက်လာလို့ အများဆုံး ခံစားခဲ့ရတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ကျွန်တော်တို့ ကစားပုံကို သူက ကောင်းကောင်း နားလည်ခဲ့တဲ့သူပါ။ ခရစ္စတီယာနိုအကြောင်း ခင်ဗျား သိရင် သူက ၄ ပွဲမှာ ၃ ပွဲလောက် ကစားချင်တဲ့သူပါ။ သူက အသက်ကြီးလာပြီဆိုတာကိုလည်း သိလို့ သူ တစ်ပွဲလောက် လျှော့ပေးလိုက်တာပါ။ ဒါပေမယ့် ခင်ဗျား သူ့ကို တစ်ပွဲလောက် အရန်ခုံမှာ ထိုင်ခိုင်းထားလိုက်ရင် သူ မပျော်ရွှင်ပါဘူး။ သူအသင်းထဲမှာပါရင် ကျွန်တော်တို့ ကစားတဲ့ပုံစံနဲ့ ပြဿနာဖြစ်ခဲ့ပါတယ်။ သူမပါရင် ပြိုင်ဘက်ဖိအားပေးနိုင်ပြီး သူပါရင် ကျွန်တော်တို့ ကစားနေတဲ့အခန်းကဏ္ဍတွေနဲ့ နည်းနည်း မတူညီတဲ့ပုံစံကို ပြောင်းခဲ့ရပါတယ်။ ကျွန်တော်တို့က သူ မရောက်လာခင်က ဖိအားပေးကစားနိုင်ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရော်နယ်လ်ဒိုရောက်လာတဲ့အချိန်မှာ ဒန်နီရယ် ဂျိမ်းစ်ကို သွားခွင့်ပေးခဲ့တယ်။ သူတို့တွေက မတူညီတဲ့ကစားသမားတွေပါ။ ကျွန်တော့်အတွက်တော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ တကယ်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုတော့ ဖြစ်မလာခဲ့ပါဘူး။ ရော်နယ်လ်ဒိုကို ခေါ်ခဲ့တာက သူ့ရဲ့ စိတ်ဆန္ဒပြင်းပြမှုကြောင့်လည်း ပါတယ်။ ဒါပေမယ့် အဲဒါက ရှုပ်ထွေးမှုတွေဖြစ်စေခဲ့တယ်။ ခင်ဗျားမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့၊ စည်းကမ်းပိုင်းအလိုက်နာဆုံး၊ ကမ္ဘာပေါ်က အကောင်းဆုံးကစားမသားဖြစ်ခဲ့တဲ့ ခရစ္စတီယာနိုဆီကနေ သင်ယူနိုင်တဲ့ မေဆန် ဂရင်းဝုဒ်ရှိတယ်။ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ရှိတယ်။ အဲဒီတော့ ခင်ဗျားက သူ့ကို သူတို့အတွက် အကူအညီဖြစ်စေမယ်လို့ပဲ တွေးခဲ့မှာပါ။ သူ အသင်းကို ရောက်လာတော့ ကျွန်တော့်ကိုပါ ၃ ပွဲဆက်တိုက် ပွဲထွက်ခွင့်ပေးပြီး ၄ ပွဲမြောက်ကျရင်တော့ အရန်ခုံထိုင်ခိုင်းလို့ရတယ်လို့ ပြောလာပါတယ်။ ဒါပေမယ့် သူ့စကားအတိုင်းမဟုတ်ဘဲ ကျွန်တော် တကယ် အရန်ခုံထိုင်ခိုင်းတဲ့အချိန်ကျတော့ သူ သဘောမကျပြန်ပါဘူး”လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အိုေလဂန္နာ ဆိုးလ္ရွားက ၂၀၂၁ ခုႏွစ္မွာ အသင္းေဖာ္ေဟာင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူခဲ့တာ ေနာင္တမရဘူးလို႔ ေျပာဆိုခဲ့ေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္ အသင္းကို ျပန္ေရာက္လာတာက အဝတ္လဲခန္းထဲမွာ ျပႆနာေတြျဖစ္ေစခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၂၀၂၁ ခုႏွစ္မွာ ေရာ္နယ္လ္ဒိုကို ဂ်ဴဗင္တပ္ကေန ေပါင္ ၁၂ သန္းနဲ႔ ျပန္လည္ေခၚယူခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ေရာက္မလာခင္ ရာသီမွာ ပရီးမီးယားလိဂ္ အဆင့္ ၂၊ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲတို႔ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ရာေဖးလ္ ဗာ႐ြမ္းနဲ႔ ဆန္ခ်ိဳတို႔ကလည္း အဲဒီေႏြရာသီအေစာပိုင္းမွာ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ကာဗာနီကိုလည္း ေနာက္ထပ္တစ္ႏွစ္အသင္းမွာ ဆက္ေနေအာင္ စည္း႐ုံးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ဟာ အေျပာင္းအေ႐ႊ႕ေစ်းကြက္ပိတ္ခါနီး ေရာ္နယ္လ္ဒိုကို ေခၚႏိုင္မယ့္အခြင့္အေရးရခ်ိန္မွာ ဆိုးလ္ရွားက တြန႔္ဆုတ္ျခင္းမရွိဘဲ အသင္းေဖာ္ေဟာင္းကို ျပန္ေခၚခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒို အိုးထရက္ဖို႔ဒ္ကို ျပန္လာခဲ့တဲ့ သတင္းက တကမာၻလုံးကို ေတာမီးပမာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္က အေျခအေနေတြလည္း လ်င္လ်င္ျမန္ျမန္ ေျပာင္းလဲသြားခဲ့ၿပီးေနာက္ ၃ လအၾကာမွာ ဆိုးလ္ရွား ရာထူးကေန ျဖဳတ္ခံခဲ့ရတာျဖစ္ပါတယ္။

ေနာ္ေဝလူမ်ိဳးနည္းျပက ေရာ္နယ္လ္ဒိုကို ျပန္ေခၚတာ ေနာင္တမရဘူးလို႔ ေျပာခဲ့ေပမယ့္လည္း တျခားကစားသမားေတြကို စိတ္အာ႐ုံေနာက္က်ိေစခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။

“ခရစၥတီယာႏိုက မာစီယယ္လ္နဲ႔ မတူညီသလို၊ ေမဆန္၊ ရက္ရွ္ဖို႔ဒ္တို႔နဲ႔လည္း မတူပါဘူး။ ကာဗာနီက ေရာ္နယ္လ္ဒိုေရာက္လာလို႔ အမ်ားဆုံး ခံစားခဲ့ရတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ကြၽန္ေတာ္တို႔ ကစားပုံကို သူက ေကာင္းေကာင္း နားလည္ခဲ့တဲ့သူပါ။ ခရစၥတီယာႏိုအေၾကာင္း ခင္ဗ်ား သိရင္ သူက ၄ ပြဲမွာ ၃ ပြဲေလာက္ ကစားခ်င္တဲ့သူပါ။ သူက အသက္ႀကီးလာၿပီဆိုတာကိုလည္း သိလို႔ သူ တစ္ပြဲေလာက္ ေလွ်ာ့ေပးလိုက္တာပါ။ ဒါေပမယ့္ ခင္ဗ်ား သူ႔ကို တစ္ပြဲေလာက္ အရန္ခုံမွာ ထိုင္ခိုင္းထားလိုက္ရင္ သူ မေပ်ာ္႐ႊင္ပါဘူး။ သူအသင္းထဲမွာပါရင္ ကြၽန္ေတာ္တို႔ ကစားတဲ့ပုံစံနဲ႔ ျပႆနာျဖစ္ခဲ့ပါတယ္။ သူမပါရင္ ၿပိဳင္ဘက္ဖိအားေပးႏိုင္ၿပီး သူပါရင္ ကြၽန္ေတာ္တို႔ ကစားေနတဲ့အခန္းက႑ေတြနဲ႔ နည္းနည္း မတူညီတဲ့ပုံစံကို ေျပာင္းခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔က သူ မေရာက္လာခင္က ဖိအားေပးကစားႏိုင္ဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ေရာ္နယ္လ္ဒိုေရာက္လာတဲ့အခ်ိန္မွာ ဒန္နီရယ္ ဂ်ိမ္းစ္ကို သြားခြင့္ေပးခဲ့တယ္။ သူတို႔ေတြက မတူညီတဲ့ကစားသမားေတြပါ။ ကြၽန္ေတာ့္အတြက္ေတာ့ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်ခဲ့တာပါ။ တကယ္မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္တစ္ခုေတာ့ ျဖစ္မလာခဲ့ပါဘူး။ ေရာ္နယ္လ္ဒိုကို ေခၚခဲ့တာက သူ႔ရဲ႕ စိတ္ဆႏၵျပင္းျပမႈေၾကာင့္လည္း ပါတယ္။ ဒါေပမယ့္ အဲဒါက ရႈပ္ေထြးမႈေတြျဖစ္ေစခဲ့တယ္။ ခင္ဗ်ားမွာ အေကာင္းဆုံးျဖစ္ခဲ့တဲ့၊ စည္းကမ္းပိုင္းအလိုက္နာဆုံး၊ ကမာၻေပၚက အေကာင္းဆုံးကစားမသားျဖစ္ခဲ့တဲ့ ခရစၥတီယာႏိုဆီကေန သင္ယူႏိုင္တဲ့ ေမဆန္ ဂရင္းဝုဒ္ရွိတယ္။ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တို႔ရွိတယ္။ အဲဒီေတာ့ ခင္ဗ်ားက သူ႔ကို သူတို႔အတြက္ အကူအညီျဖစ္ေစမယ္လို႔ပဲ ေတြးခဲ့မွာပါ။ သူ အသင္းကို ေရာက္လာေတာ့ ကြၽန္ေတာ့္ကိုပါ ၃ ပြဲဆက္တိုက္ ပြဲထြက္ခြင့္ေပးၿပီး ၄ ပြဲေျမာက္က်ရင္ေတာ့ အရန္ခုံထိုင္ခိုင္းလို႔ရတယ္လို႔ ေျပာလာပါတယ္။ ဒါေပမယ့္ သူ႔စကားအတိုင္းမဟုတ္ဘဲ ကြၽန္ေတာ္ တကယ္ အရန္ခုံထိုင္ခိုင္းတဲ့အခ်ိန္က်ေတာ့ သူ သေဘာမက်ျပန္ပါဘူး”လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.