Match Report UCL&UEL

အိမ်ကွင်းမှာ လိုက်ပ်ဇစ်ကို အသေအလဲကန်ခဲ့ရပြီးမှ ကွာတားတက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့ညက လိုက်ပ်ဇစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲမှာ ၁-၁ သရေကျခဲ့ပြီး ၂ ကျော့ပေါင်း ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပထမအကျော့တုန်းကလိုပဲ ဂျာမန်ကလပ် လိုက်ပ်ဇစ်က အခွင့်အရေးအများအပြားကို ဖြုန်းတီးခဲ့တဲ့အတွက် ပေးဆပ်ခဲ့ရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အတွက် ပွဲကစားချိန် ၆၅ မိနစ်မှာ ဂျုဒ် ဘယ်လင်ဟမ်ရဲ့ ပေးပို့မှုကနေတဆင့် ဗင်နီးရှပ်စ် ဂျူနီယာက ဂိုးသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

လိုက်ပ်ဇစ်ဟာ နောက်ထပ် ၃ မိနစ်အကြာမှာ အသင်းခေါင်းဆောင် ဝီလီ အော်ဘန်က ခေါင်းတိုက်ပြီး ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီးနောက် လက်ကျန်ပွဲကစားချိန်တွေမှာ နှစ်ဖက်စလုံး အနိုင်ဂိုးရဖို့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဘာစီလိုနာလူငယ်ကြယ်ပွင့်ဟောင်း ဒါနီ အိုလ်မိုက နာကျင်အချိန်ပိုအထိ ဆက်သွားရစေနိုင်မယ့် ဦးဆောင်ဂိုး လိုက်ပ်ဇစ်အတွက် သွင်းယူပေးနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း နာကျင်အချိန်ပိုမှာ သူ့ရဲ့ ခေါင်းတိုက်ချက်က ဂိုးဘားတန်းအပေါ်ကို ကျော်သွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လိုက်ပ်ဇစ်ကို ၂ ကျော့ပေါင်းရလဒ်နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၁၄ ရာသီအတွင်း ၁၂ ရာသီအထိ ကွာတားတက်နိုင်ခဲ့ပြီဖြစ်ပြီး အန်ဆယ်လော့တီရဲ့အသင်းက ဥရောပချန်ပီယံအဖြစ် ၁၅ ကြိမ်မြောက်စံချိန်တင် ဗိုလ်စွဲဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပထမအကျော့တုန်းက ဘရာဟင် ဒီယက်ဇ်ရဲ့ သွင်းဂိုးကြောင့် ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ နောက်တဆင့် တက်နိုင်ခဲ့တာဖြစ်ပြီး ဒုတိယအကျော့အိမ်ကွင်းမှာ အိမ်ရှင်တွေရဲ့ အရည်အသွေးနဲ့အတွေ့အကြုံကြောင့် ကွာတားတက်နိုင်မယ်လို့ မျှော်မှန်းချက်တွေရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က အားနည်းတဲ့စွမ်းဆောင်ရည်နဲ့ တုံ့ပြန်ခဲ့ပြီး ၂ ပွဲစလုံးမှာ ကစားခဲ့တဲ့ ကစားပုံကို အကဲဖြတ်ရမယ်ဆိုရင် နောက်တဆင့် တက်နိုင်ခဲ့တာ ကံကောင်းခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပထမပိုင်းမှာ ဂိုးပေါက်ကန်သွင်းမှုတောင် မပြုလုပ်နိုင်ခဲ့ဘဲ ဒုတိယပိုင်းမှာလည်း ကစားပုံမကောင်းခဲ့ဘဲ လိုက်ပ်ဇစ်က ဘောလုံးပိုင်ဆိုင်မှု ရနေချိန်မှာ ဘာနေဗျူး ပွဲကြည့်စင်ကနေ ဝီစီမှုတ်သံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ ကြောက်မက်ဖွယ် တိုက်စစ်အရည်အသွေးအများအပြား ပိုင်ဆိုင်ထားပြီး ဗင်နီးရှပ်စ် ဂျူနီယာနဲ့ အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဟမ်တို့ရဲ့ ပေါင်းစပ်မှုကနေ နောက်ဆုံးမှာတော့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မယ့် သွင်းဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။

လိုက်ပ်ဇစ်ဟာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တာကြောင့် နောက်ဆုံး ၃ ကြိမ်ဆက်တိုက် ၁၆ သင်းရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တုန်းက လီဗာပူးလ်၊ ၂၀၂၂-၂၀၂၃ ခုနှစ်တုန်းက မန်စီးတီးတို့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ရီးရဲလ္မက္ဒရစ္ဟာ ဗုဒၶဟူးေန႔ညက လိုက္ပ္ဇစ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ပြဲမွာ ၁-၁ သေရက်ခဲ့ၿပီး ၂ ေက်ာ့ေပါင္း ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ပထမအေက်ာ့တုန္းကလိုပဲ ဂ်ာမန္ကလပ္ လိုက္ပ္ဇစ္က အခြင့္အေရးအမ်ားအျပားကို ျဖဳန္းတီးခဲ့တဲ့အတြက္ ေပးဆပ္ခဲ့ရတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အတြက္ ပြဲကစားခ်ိန္ ၆၅ မိနစ္မွာ ဂ်ဳဒ္ ဘယ္လင္ဟမ္ရဲ႕ ေပးပို႔မႈကေနတဆင့္ ဗင္နီးရွပ္စ္ ဂ်ဴနီယာက ဂိုးသြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

လိုက္ပ္ဇစ္ဟာ ေနာက္ထပ္ ၃ မိနစ္အၾကာမွာ အသင္းေခါင္းေဆာင္ ဝီလီ ေအာ္ဘန္က ေခါင္းတိုက္ၿပီး ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ လက္က်န္ပြဲကစားခ်ိန္ေတြမွာ ႏွစ္ဖက္စလုံး အႏိုင္ဂိုးရဖို႔အတြက္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

ဘာစီလိုနာလူငယ္ၾကယ္ပြင့္ေဟာင္း ဒါနီ အိုလ္မိုက နာက်င္အခ်ိန္ပိုအထိ ဆက္သြားရေစႏိုင္မယ့္ ဦးေဆာင္ဂိုး လိုက္ပ္ဇစ္အတြက္ သြင္းယူေပးႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း နာက်င္အခ်ိန္ပိုမွာ သူ႔ရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးဘားတန္းအေပၚကို ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ လိုက္ပ္ဇစ္ကို ၂ ေက်ာ့ေပါင္းရလဒ္နဲ႔ အႏိုင္ရၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ၁၄ ရာသီအတြင္း ၁၂ ရာသီအထိ ကြာတားတက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး အန္ဆယ္ေလာ့တီရဲ႕အသင္းက ဥေရာပခ်န္ပီယံအျဖစ္ ၁၅ ႀကိမ္ေျမာက္စံခ်ိန္တင္ ဗိုလ္စြဲဖို႔ ရည္မွန္းထားတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ပထမအေက်ာ့တုန္းက ဘရာဟင္ ဒီယက္ဇ္ရဲ႕ သြင္းဂိုးေၾကာင့္ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ ေနာက္တဆင့္ တက္ႏိုင္ခဲ့တာျဖစ္ၿပီး ဒုတိယအေက်ာ့အိမ္ကြင္းမွာ အိမ္ရွင္ေတြရဲ႕ အရည္အေသြးနဲ႔အေတြ႕အႀကဳံေၾကာင့္ ကြာတားတက္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းခ်က္ေတြရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရီးရဲလ္မက္ဒရစ္က အားနည္းတဲ့စြမ္းေဆာင္ရည္နဲ႔ တုံ႔ျပန္ခဲ့ၿပီး ၂ ပြဲစလုံးမွာ ကစားခဲ့တဲ့ ကစားပုံကို အကဲျဖတ္ရမယ္ဆိုရင္ ေနာက္တဆင့္ တက္ႏိုင္ခဲ့တာ ကံေကာင္းခဲ့တယ္လို႔ ေျပာရမွာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ပထမပိုင္းမွာ ဂိုးေပါက္ကန္သြင္းမႈေတာင္ မျပဳလုပ္ႏိုင္ခဲ့ဘဲ ဒုတိယပိုင္းမွာလည္း ကစားပုံမေကာင္းခဲ့ဘဲ လိုက္ပ္ဇစ္က ေဘာလုံးပိုင္ဆိုင္မႈ ရေနခ်ိန္မွာ ဘာေနဗ်ဴး ပြဲၾကည့္စင္ကေန ဝီစီမႈတ္သံေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရီးရဲလ္မက္ဒရစ္ဟာ ေၾကာက္မက္ဖြယ္ တိုက္စစ္အရည္အေသြးအမ်ားအျပား ပိုင္ဆိုင္ထားၿပီး ဗင္နီးရွပ္စ္ ဂ်ဴနီယာနဲ႔ အဂၤလန္ၾကယ္ပြင့္ ဘယ္လင္ဟမ္တို႔ရဲ႕ ေပါင္းစပ္မႈကေန ေနာက္ဆုံးမွာေတာ့ ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္မယ့္ သြင္းဂိုးကို ရရွိခဲ့တာျဖစ္ပါတယ္။

လိုက္ပ္ဇစ္ဟာ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ေနာက္ဆုံး ၃ ႀကိမ္ဆက္တိုက္ ၁၆ သင္းရႈံးထြက္အဆင့္ကေန လွည့္ျပန္ခဲ့ရၿပီျဖစ္ၿပီး ၂၀၂၀-၂၀၂၁ ခုႏွစ္တုန္းက လီဗာပူးလ္၊ ၂၀၂၂-၂၀၂၃ ခုႏွစ္တုန္းက မန္စီးတီးတို႔ကို ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.