Premier League

နည်းပြတွေ ဂျင်းထည့်တာမခံရအောင် အရေးကြီးတဲ့ခေါ်ယူမှု ပြုလုပ်သွားမယ့် ရက်ကလစ်ဖ်

ပဲလေ့ အားကစားဒါရိုက်တာ ဒူဂီ ဖရိဒ်မန်းကို မန်ချက်စတာယူနိုက်တက်က ကစားသမားသစ်စုဆောင်းရေး အကြီးအကဲအဖြစ် ခန့်အပ်ဖို့အတွက် တရားဝင် ချဉ်းကပ်မှုတွေ ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဖရိဒ်မန်းဟာ ၂၀၁၇ ခုနှစ်မှာ ခရစ္စတယ် ပဲလေ့စ်ကို အားကစားဒါရိုက်တာအဖြစ် ပြန်မလာခင် ပဲလေ့စ်နည်းပြအဖြစ် အောင်မြင်တဲ့ကာလတွေကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ဆာဂျင်မ် ရက်ကလစ်ဖ်ရဲ့ အသစ်ပြန်လည်ဖွဲ့စည်းနေတဲ့ အသင်းတည်ဆောက်ပုံမှာ အလုပ်လုပ်နိုင်မယ့် ပြီးပြည့်စုံတဲ့သူလို့ သတ်မှတ်ခြင်းခံခဲ့ရတာပါ။

အသက် ၄၉ နှစ်အရွယ် အားကစားဒါရိုက်တာဟာ ချန်ပီယံရှစ်က တောက်ပလာမယ့် ပါရမီရှင်ကစားသမားတွေကို ရှာဖွေနိုင်စွမ်းကြောင့် ချီးကျူးမှုတွေ ရခဲ့သူဖြစ်ပြီး မာ့စ် ဂေးဟီ၊ အီဘရီချီ အီဇီနဲ့ မိုက်ကယ် အိုလစ်ဆေးတို့အပါအဝင် အခြားကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူရာမှာ အခရာကျခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကစားသမားခေါ်ယူမှုတွေမှာ မဟာဗျူဟာမရှိဘဲ နည်းပြတွေရဲ့ စိတ်ထင်တိုင်း ခေါ်ယူမှုတွေအတွက် ငွေကြေးကုန်ကျခဲ့တာကြောင့် အောင်မြင်မှုမရခဲ့ဘဲ ဆုံးရှုံးမှုတွေသာ များပြားခဲ့တာကြောင့် ဖရိဒ်မန်းကို ခေါ်ယူနိုင်မယ်ဆိုရင် အသင်းရဲ့ ကစားသမားသစ်ခေါ်ယူမှုတွေက ပိုမို စနစ်ကျလာတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပဲေလ့ အားကစားဒါ႐ိုက္တာ ဒူဂီ ဖရိဒ္မန္းကို မန္ခ်က္စတာယူႏိုက္တက္က ကစားသမားသစ္စုေဆာင္းေရး အႀကီးအကဲအျဖစ္ ခန႔္အပ္ဖို႔အတြက္ တရားဝင္ ခ်ဥ္းကပ္မႈေတြ ျပဳလုပ္သြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဖရိဒ္မန္းဟာ ၂၀၁၇ ခုႏွစ္မွာ ခရစၥတယ္ ပဲေလ့စ္ကို အားကစားဒါ႐ိုက္တာအျဖစ္ ျပန္မလာခင္ ပဲေလ့စ္နည္းျပအျဖစ္ ေအာင္ျမင္တဲ့ကာလေတြကို ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီး ဆာဂ်င္မ္ ရက္ကလစ္ဖ္ရဲ႕ အသစ္ျပန္လည္ဖြဲ႕စည္းေနတဲ့ အသင္းတည္ေဆာက္ပုံမွာ အလုပ္လုပ္ႏိုင္မယ့္ ၿပီးျပည့္စုံတဲ့သူလို႔ သတ္မွတ္ျခင္းခံခဲ့ရတာပါ။

အသက္ ၄၉ ႏွစ္အ႐ြယ္ အားကစားဒါ႐ိုက္တာဟာ ခ်န္ပီယံရွစ္က ေတာက္ပလာမယ့္ ပါရမီရွင္ကစားသမားေတြကို ရွာေဖြႏိုင္စြမ္းေၾကာင့္ ခ်ီးက်ဴးမႈေတြ ရခဲ့သူျဖစ္ၿပီး မာ့စ္ ေဂးဟီ၊ အီဘရီခ်ီ အီဇီနဲ႔ မိုက္ကယ္ အိုလစ္ေဆးတို႔အပါအဝင္ အျခားၾကယ္ပြင့္ကစားသမားေတြကို ေခၚယူရာမွာ အခရာက်ခဲ့သူျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ကစားသမားေခၚယူမႈေတြမွာ မဟာဗ်ဴဟာမရွိဘဲ နည္းျပေတြရဲ႕ စိတ္ထင္တိုင္း ေခၚယူမႈေတြအတြက္ ေငြေၾကးကုန္က်ခဲ့တာေၾကာင့္ ေအာင္ျမင္မႈမရခဲ့ဘဲ ဆုံးရႈံးမႈေတြသာ မ်ားျပားခဲ့တာေၾကာင့္ ဖရိဒ္မန္းကို ေခၚယူႏိုင္မယ္ဆိုရင္ အသင္းရဲ႕ ကစားသမားသစ္ေခၚယူမႈေတြက ပိုမို စနစ္က်လာေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.