Saudi League

ကစားသမားဘဝ ဒုတိယမြောက်အနီကတ်ထိခဲ့ပေမယ့် အံ့အားသင့်ဖွယ်တုံ့ပြန်မှုရခဲ့တဲ့ ကန်တေ

ဘောလုံးပရိသတ်တွေဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ အယ်လ်ဟီလာလ်နဲ့ အယ်လ်အစ်တီဟတ်တို့ရဲ့ ပွဲစဉ်အတွင်း ကစားသမားဘဝ ဒုတိယမြောက် အနီကတ်ပြသခံခဲ့ရပြီးနောက် ကန်တေရဲ့ တုံ့ပြန်ပုံကို မြင်တွေ့ခဲ့ရပါတယ်။

အယ်လ်အစ်တီဟတ်ဟာ ကန်တေ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရချိန်မှာ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးဖြစ်ပြီး အလက်ဇန်းဒါး မီထရိုဗစ်နဲ့ အယ်လ်ဒေါ်စာရီတို့က အယ်လ်ဟီလာအသင်းအတွက် ဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ၆၆ မိနစ်မှာ ပြင်သစ်ကွင်းလယ်ကစားသမား ကန်တေဟာ အန္တရာယ်ရှိတဲ့ ဖျက်ထုတ်မှုကို ကျူးလွန်ခဲ့တယ်လို့ VAR က ဆုံးဖြတ်ခဲ့ပြီးနောက် အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ကန်တေဟာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီးနောက် ဝမ်းနည်းပက်လက်နဲ့ ဥမင်လျှောက်လမ်းထဲကို ဝင်သွားခဲ့တာဖြစ်ပြီး လူမှုကွန်ရက်ပေါ်က ပရိသတ်တွေက အဲဒီမြင်ကွင်းအတွက် စိတ်မကောင်းဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက “ငါ သူ့အတွက် တော်တော်ကို ဆိုးဆိုးရွားရွားခံစားမိခဲ့တယ်”လို့ ပြောဆိုခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း “ကန်တေက အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့အချိန်မှာတော့ ပြိုင်ဘက်အသင်းပရိသတ်တွေဆီကနေ လက်ခုပ်တီးအားပေးသံတွေ ရရှိခဲ့တယ်။ လေးစားသွားပြီ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အယ်လ်အစ်တီဟတ်နဲ့ အယ်လ်ဟီလာလ်တို့ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်က အနီကတ်ဟာ ကန်တေရဲ့ ကစားသမားဘဝတလျှောက်လုံးမှာ ဒုတိယမြောက်ပြသခံခဲ့ရတဲ့အနီကတ်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ရာသီ ပြင်သစ်ကလပ် ကိန်းအတွက် ကစားပေးခဲ့ချိန်တုန်းက ပထမဆုံးအနီကတ် ပြသခံခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာ လက်စတာစီးတီးနဲ့ ချဲလ်ဆီးတို့အတွက် ပရီးမီးယားလိဂ်မှာ ကစားပေးခဲ့တဲ့ကာလတလျှောက်လုံး အနီကတ်ပြား ပြသခြင်းမခံခဲ့ရဖူးတဲ့ကစားသမားဖြစ်ပြီး အသင်းဖော်တွေသာမက ပြိုင်ဘက်ကစားသမားတွေကပါ ချစ်ခင်ရတဲ့အထိ လူချစ်လူခင်ပေါများတဲ့ ကစားသမားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးပရိသတ္ေတြဟာ အဂၤါေန႔ညက ကစားခဲ့တဲ့ အယ္လ္ဟီလာလ္နဲ႔ အယ္လ္အစ္တီဟတ္တို႔ရဲ႕ ပြဲစဥ္အတြင္း ကစားသမားဘဝ ဒုတိယေျမာက္ အနီကတ္ျပသခံခဲ့ရၿပီးေနာက္ ကန္ေတရဲ႕ တုံ႔ျပန္ပုံကို ျမင္ေတြ႕ခဲ့ရပါတယ္။

အယ္လ္အစ္တီဟတ္ဟာ ကန္ေတ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရခ်ိန္မွာ ၂-၀ နဲ႔ ရႈံးနိမ့္ေနခဲ့ၿပီးျဖစ္ၿပီး အလက္ဇန္းဒါး မီထ႐ိုဗစ္နဲ႔ အယ္လ္ေဒၚစာရီတို႔က အယ္လ္ဟီလာအသင္းအတြက္ ဂိုးေတြ သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။ ၆၆ မိနစ္မွာ ျပင္သစ္ကြင္းလယ္ကစားသမား ကန္ေတဟာ အႏၲရာယ္ရွိတဲ့ ဖ်က္ထုတ္မႈကို က်ဴးလြန္ခဲ့တယ္လို႔ VAR က ဆုံးျဖတ္ခဲ့ၿပီးေနာက္ အနီကတ္ျပ ထုတ္ပယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ကန္ေတဟာ အနီကတ္ျပထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ဝမ္းနည္းပက္လက္နဲ႔ ဥမင္ေလွ်ာက္လမ္းထဲကို ဝင္သြားခဲ့တာျဖစ္ၿပီး လူမႈကြန္ရက္ေပၚက ပရိသတ္ေတြက အဲဒီျမင္ကြင္းအတြက္ စိတ္မေကာင္းျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

လူမႈကြန္ရက္အသုံးျပဳသူတစ္ဦးက “ငါ သူ႔အတြက္ ေတာ္ေတာ္ကို ဆိုးဆိုး႐ြား႐ြားခံစားမိခဲ့တယ္”လို႔ ေျပာဆိုခဲ့ၿပီး ေနာက္ထပ္တစ္ဦးကလည္း “ကန္ေတက အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတဲ့အခ်ိန္မွာေတာ့ ၿပိဳင္ဘက္အသင္းပရိသတ္ေတြဆီကေန လက္ခုပ္တီးအားေပးသံေတြ ရရွိခဲ့တယ္။ ေလးစားသြားၿပီ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

အယ္လ္အစ္တီဟတ္နဲ႔ အယ္လ္ဟီလာလ္တို႔ကစားခဲ့တဲ့ အာရွခ်န္ပီယံလိဂ္ပြဲစဥ္က အနီကတ္ဟာ ကန္ေတရဲ႕ ကစားသမားဘဝတေလွ်ာက္လုံးမွာ ဒုတိယေျမာက္ျပသခံခဲ့ရတဲ့အနီကတ္ျဖစ္ၿပီး ၂၀၁၄-၂၀၁၅ ရာသီ ျပင္သစ္ကလပ္ ကိန္းအတြက္ ကစားေပးခဲ့ခ်ိန္တုန္းက ပထမဆုံးအနီကတ္ ျပသခံခဲ့ရတာျဖစ္ပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမားဟာ လက္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးတို႔အတြက္ ပရီးမီးယားလိဂ္မွာ ကစားေပးခဲ့တဲ့ကာလတေလွ်ာက္လုံး အနီကတ္ျပား ျပသျခင္းမခံခဲ့ရဖူးတဲ့ကစားသမားျဖစ္ၿပီး အသင္းေဖာ္ေတြသာမက ၿပိဳင္ဘက္ကစားသမားေတြကပါ ခ်စ္ခင္ရတဲ့အထိ လူခ်စ္လူခင္ေပါမ်ားတဲ့ ကစားသမားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.