Saudi League

ရော့ယူလိုက်ဆိုပြီး တုံ့ပြန်ခဲ့လို့ ဆော်ဒီအက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှု ခံရဖွယ်ရှိတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကာလရှည် ပြိုင်ဘက် လီယွန်နယ် မက်ဆီရဲ့ နာမည်ကို ကြွေးကြော်ပြီး တိုက်ခိုက်ခဲ့တဲ့ ပြိုင်ဘက်အသင်း ပရိသတ်တွေကို ရိုင်းပျတဲ့ အပြုအမူ ပြုလုပ်ပြခဲ့ပြီးနောက် ဆော်ဒီလိဂ်မှာ တော်တော်လေး ပွဲကြမ်းနေပါတယ်။

ပေါ်တူဂီဂန္တဝင်ဟာ အယ်လ်ရှာဘတ်နဲ့ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲမှာ အယ်လ်နာဆာအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တဖြစ်ပြီး နောက်ဆုံးမှာတော့ ရော်နယ်လ်ဒိုရဲ့ အသင်းက ၃-၂ နဲ့ နိုင်ပွဲရရှိသွားခဲ့တာဖြစ်ပါတယ်။

အယ်လ်ရှာဘတ် ပရိသတ်တွေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပွဲအပြီးမှာ မက်ဆီရဲ့ နာမည်ကို ကြွေးကြော်ပြီး လှောင်ပြောင်ခဲ့ကြတာဖြစ်ပြီး အယ်လ်နာဆာကြယ်ပွင့်က နားနှစ်ဖက်ကို စွင့်နေတဲ့ဟန် ပြုလုပ်ခဲ့ပြီးနောက် ပေါင်ခြံရှေ့မှာ ညာဘက်လက်ကို ရှေ့တိုးနောက်ဆုတ်လုပ်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့ပြီး ဆော်ဒီ သတင်းစာ Asharq al-Awsat က ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရမယ်လို့ ဖော်ပြခဲ့ပါတယ်။

“စည်းကမ်းထိန်းသိမ်းရေးကော်မတီက အကြီးမားဆုံး စမ်းသပ်မှုကို ရင်ဆိုင်နေရပါပြီ။ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ။ အရာအားလုံးမှာ သူ့အတိုင်းအတာနဲ့သူ ရှိပါတယ်။ ခင်ဗျားက ဘယ်လောက်ပဲ ကျော်ကြားပါစေ။ ဒါက ကြီးမားတဲ့လိဂ်တွေ လုပ်ဆောင်တဲ့ပုံစံပါ။”လို့ ကျော်ကြားတဲ့ ဆော်ဒီ စာရေးဆရာနဲ့ ရုပ်သံတင်ဆက်သူ ဝါလိဒ် အယ်လ် ဖာရာ့ဂျ်က X မှာ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ကာလရွည္ ၿပိဳင္ဘက္ လီယြန္နယ္ မက္ဆီရဲ႕ နာမည္ကို ေႂကြးေၾကာ္ၿပီး တိုက္ခိုက္ခဲ့တဲ့ ၿပိဳင္ဘက္အသင္း ပရိသတ္ေတြကို ႐ိုင္းပ်တဲ့ အျပဳအမူ ျပဳလုပ္ျပခဲ့ၿပီးေနာက္ ေဆာ္ဒီလိဂ္မွာ ေတာ္ေတာ္ေလး ပြဲၾကမ္းေနပါတယ္။

ေပၚတူဂီဂႏၲဝင္ဟာ အယ္လ္ရွာဘတ္နဲ႔ ကစားခဲ့တဲ့ တနဂၤေႏြေန႔ညပြဲမွာ အယ္လ္နာဆာအတြက္ အဖြင့္ဂိုး သြင္းယူေပးခဲ့တျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ေရာ္နယ္လ္ဒိုရဲ႕ အသင္းက ၃-၂ နဲ႔ ႏိုင္ပြဲရရွိသြားခဲ့တာျဖစ္ပါတယ္။

အယ္လ္ရွာဘတ္ ပရိသတ္ေတြဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ပြဲအၿပီးမွာ မက္ဆီရဲ႕ နာမည္ကို ေႂကြးေၾကာ္ၿပီး ေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ၿပီး အယ္လ္နာဆာၾကယ္ပြင့္က နားႏွစ္ဖက္ကို စြင့္ေနတဲ့ဟန္ ျပဳလုပ္ခဲ့ၿပီးေနာက္ ေပါင္ၿခံေရွ႕မွာ ညာဘက္လက္ကို ေရွ႕တိုးေနာက္ဆုတ္လုပ္ျပခဲ့တာျဖစ္ပါတယ္။

အဲဒီဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေပၚမွာ လ်င္လ်င္ျမန္ျမန္ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး ေဆာ္ဒီ သတင္းစာ Asharq al-Awsat က ေဆာ္ဒီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ဒီျဖစ္စဥ္ကို စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ရမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

“စည္းကမ္းထိန္းသိမ္းေရးေကာ္မတီက အႀကီးမားဆုံး စမ္းသပ္မႈကို ရင္ဆိုင္ေနရပါၿပီ။ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္သြားမွာပါ။ အရာအားလုံးမွာ သူ႔အတိုင္းအတာနဲ႔သူ ရွိပါတယ္။ ခင္ဗ်ားက ဘယ္ေလာက္ပဲ ေက်ာ္ၾကားပါေစ။ ဒါက ႀကီးမားတဲ့လိဂ္ေတြ လုပ္ေဆာင္တဲ့ပုံစံပါ။”လို႔ ေက်ာ္ၾကားတဲ့ ေဆာ္ဒီ စာေရးဆရာနဲ႔ ႐ုပ္သံတင္ဆက္သူ ဝါလိဒ္ အယ္လ္ ဖာရာ့ဂ်္က X မွာ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.