Saudi League
မက်ဆီ ဆုရတဲ့ပွဲ မကြည့်ဘူးလို့ ပြောလိုက်တဲ့ ရော်နယ်လ်ဒို
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဖီဖာရဲ့ အကောင်းဆုံးကစားသမားအဖြစ် လီယွန်နယ် မက်ဆီကို သတ်မှတ်ခဲ့တဲ့ဆုံးဖြတ်ချက်ကို ဆုပေးပွဲ မကြည့်ခဲ့ဘူးလို့ ပြောဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
ပေါ်တူဂီကြယ်ပွင့်ဟာ မကြာသေးမီက ပေါ်တူဂီမီဒီယာ Record နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒီမှတ်ချက်ကို ပေးခဲ့တာဖြစ်ပြီး အင်တာဗျူးရဲ့ အဓိကဆွေးနွေးခဲ့တဲ့ အချက်ဟာ ကမ္ဘာတလွှားက လိဂ်တွေရဲ့ အဆင့်အတန်းနဲ့ ယုံကြည်ကိုးစားရမှုဖြစ်ပါတယ်။
အင်တာဗျူးမေးသူက ရော်နယ်လ်ဒိုကို “ခင်ဗျား ဆော်ဒီအာရေဗျက လူတွေမြင်သာမှုပိုနည်းတဲ့ လိဂ်အဖြစ်နဲ့ ရည်ညွှန်းပြီး ပြောခံရတာကို စိတ်အနှောင့်အယှက်ဖြစ်မိလား။ ဥပမာ မက်ဆီက မကြာသေးမီက အကောင်းဆုံးဆုရခဲ့ပြီး မေဂျာလိဂ်မှာ တစ်နှစ်လုံး ကစားခဲ့ပေမယ့် ဥရောပဘောလုံးလောက် မြင်နိုင်စွမ်း မရှိခဲ့ဘူးမလား။”လို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုက “ကျွန်တော် အဲဒါကို ကြုံနေကျဖြစ်ပြီး ဒီအဖွဲ့အစည်းက ဘယ်လိုအလုပ်လုပ်လဲဆိုတာ ကျွန်တော် သိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် The Best ဆုပေးပွဲတောင် ကျွန်တော် မကြည့်ခဲ့ဘူးဗျ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
အင်တာဗျူးမေးသူက ပြီးတဲ့နောက်မှာ မက်ဆီက အာလင်း ဟာလန်းကို ကျော်ဖြတ်ပြီး အငြင်းပွားဖွယ် အကောင်းဆုံးဆု ရခဲ့တဲ့ အငြင်းပွားဖွယ်ရာကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ “ကျွန်တော် ထင်တာက ဒီဆုက ယုံကြည်ကိုးစားရမှု ဆုံးရှုံးသွားပြီ။ ကျွန်တော်တို့ တစ်ရာသီလုံးကို အကဲဖြတ်ရမယ်။ မက်ဆီက ဆုရဖို့ မထိုက်တန်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ဒါမှမဟုတ် ဟာလန်း ဒါမှမဟုတ် အမ်ဘာပေတို့ ဆုရဖို့ မထိုက်တန်ဘူးလည်း ပြောတာမဟုတ်ဘူး။ ကျွန်တော်က ဒီဆုတွေကို အယုံအကြည်မရှိတော့ဘူးဆိုတာကို ပြောတာပါ။ ယုံကြည်မှုမရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် Globe Soccer ဆုရခဲ့လို့ မဟုတ်ပါဘူး။ ဒါတွေက အဖြစ်မှန်တွေ၊ နံပါတ်တွေ၊ ကိန်းဂဏန်းတွေကို လှည့်စားလို့မရဘူး။ သူတို့တွေ ကျွန်တော့်ဆီကနေ ဒီဆုကို လုယူသွားလို့မရဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ပကတိအမှန်တရား ဖြစ်နေလို့ပါ။ အဲဒီတော့ ကျွန်တော့်ကို ပိုပြီး ပျော်ရွှင်စေတယ်။ ဘာလို့လဲဆိုတော့ နံပါတ်တွေက အမှန်တရားဖြစ်နေလို့ပါ။”လို့ ပြောကြားခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၂၃ ခုနှဏ်မှာ မယုံနိုင်စရာ ဂိုးသွင်းနှုန်းကောင်းခဲ့ပြီး အယ်လ်နာဆာနဲ့ ပေါ်တူဂီတို့အတွက် စုစုပေါင်း ပြိုင်ပွဲစုံ ၅၉ ပွဲမှာ သွင်းဂိုး ၅၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဖီဖာရဲ့ အကောင်းဆုံးကစားသမားအဖြစ် လီယွန်နယ် မက်ဆီကို သတ်မှတ်ခဲ့တဲ့ဆုံးဖြတ်ချက်ကို ဆုပေးပွဲ မကြည့်ခဲ့ဘူးလို့ ပြောဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.