Saudi League

အနားယူနေချိန်အတွင်း ဖက်တီးဖြစ်လာတယ်လို့ ဝေဖန်သူတွေကို တုံ့ပြန်ခဲ့တဲ့ နေမာ

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ လူမှုကွန်ရက်ပေါ်ကနေ ၎င်းကို ဝဖီးနေတယ်လို့ ဝေဖန်ခဲ့တဲ့ သူတွေကို ဗီဒီယိုဖိုင်ထဲမှာ တောင့်တင်းတဲ့ ကိုယ်ကာယကို ပြသပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

နေမာက ဘောလုံးမကစားရဘဲ အနားယူနေရတာကြောင့် ကိုယ်အလေးချိန် ပုံမှန်ထက် ပိုမိုများပြားနေနိုင်ပေမယ့်လည်း ဗိုက်ပူမနေဘူးလို့ ပြောဆိုခဲ့ပြီး မကြာသေးမီကတင်ခဲ့တဲ့ အင်စတာဂရမ်စတိုရီထဲမှာ ဘရာဇီးလ်ကြယ်ပွင့်ဟာ တစ်ဦးချင်းလေ့ကျင့်ရေးအစီအစဉ်အပြီး ကြွက်သားတွေကို ညှစ်ပြပြီး ပုံပျက်ပန်းပျက်မဖြစ်အောင် ထိန်းသိမ်းဖို့ ဝေဖန်ခဲ့သူတွေကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“အိုကေ။ အဝလွန်နေပါတယ်။ ဒါပေမယ့် အဆီတွေလား။ ကျွန်တော်ကတော့ မထင်ပါဘူး။ ကြည့်လိုက်စမ်း မုန်းတီးသူတွေ။ ဝေဖန်နေတာတွေကို လက်လျှော့လိုက် ဒါမှမဟုတ် ဝေးဝေးကို ထွက်ပြေးလိုက်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အယ်လ်ဟီလာလ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဥရုဂွေးနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒူးရွတ်အရှေ့ပိုင်းစုတ်ပြဲဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက အနားယူနေခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဘရာဇီးလ်ဂန္တဝင် ရိုမာရီယိုရဲ့ ၅၈ နှစ်ပြည့်မွေးနေ့ပါတီကို တက်ရောက်လာတဲ့ နေမာဟာ တော်တော်လေး ဝဖြိုးနေပုံပေါ်ခဲ့ပြီး ပရိသတ်တွေဟာ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ပုံပျက်ပန်းပျက်ဖြစ်နေပုံကို မြင်တွေ့ခဲ့ပြီးနောက် စိတ်ပျက်ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ေနမာဟာ လူမႈကြန္ရက္ေပၚကေန ၎ကို ဝဖီးေနတယ္လို႔ ေဝဖန္ခဲ့တဲ့ သူေတြကို ဗီဒီယိုဖိုင္ထဲမွာ ေတာင့္တင္းတဲ့ ကိုယ္ကာယကို ျပသၿပီး ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

ေနမာက ေဘာလုံးမကစားရဘဲ အနားယူေနရတာေၾကာင့္ ကိုယ္အေလးခ်ိန္ ပုံမွန္ထက္ ပိုမိုမ်ားျပားေနႏိုင္ေပမယ့္လည္း ဗိုက္ပူမေနဘူးလို႔ ေျပာဆိုခဲ့ၿပီး မၾကာေသးမီကတင္ခဲ့တဲ့ အင္စတာဂရမ္စတိုရီထဲမွာ ဘရာဇီးလ္ၾကယ္ပြင့္ဟာ တစ္ဦးခ်င္းေလ့က်င့္ေရးအစီအစဥ္အၿပီး ႂကြက္သားေတြကို ညႇစ္ျပၿပီး ပုံပ်က္ပန္းပ်က္မျဖစ္ေအာင္ ထိန္းသိမ္းဖို႔ ေဝဖန္ခဲ့သူေတြကို တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

“အိုေက။ အဝလြန္ေနပါတယ္။ ဒါေပမယ့္ အဆီေတြလား။ ကြၽန္ေတာ္ကေတာ့ မထင္ပါဘူး။ ၾကည့္လိုက္စမ္း မုန္းတီးသူေတြ။ ေဝဖန္ေနတာေတြကို လက္ေလွ်ာ့လိုက္ ဒါမွမဟုတ္ ေဝးေဝးကို ထြက္ေျပးလိုက္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အယ္လ္ဟီလာလ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ဥ႐ုေဂြးနဲ႔ ကစားခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ဒူး႐ြတ္အေရွ႕ပိုင္းစုတ္ၿပဲဒဏ္ရာရရွိသြားခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက အနားယူေနခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က ဘရာဇီးလ္ဂႏၲဝင္ ႐ိုမာရီယိုရဲ႕ ၅၈ ႏွစ္ျပည့္ေမြးေန႔ပါတီကို တက္ေရာက္လာတဲ့ ေနမာဟာ ေတာ္ေတာ္ေလး ဝၿဖိဳးေနပုံေပၚခဲ့ၿပီး ပရိသတ္ေတြဟာ အသက္ ၃၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ ပုံပ်က္ပန္းပ်က္ျဖစ္ေနပုံကို ျမင္ေတြ႕ခဲ့ၿပီးေနာက္ စိတ္ပ်က္ေဒါသထြက္ခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.