Saudi League

ဒီရာသီ ၁၆ မိနစ်သာ ကစားထားတဲ့ကစားသမားကို လေ့ကျင့်ရေးမှာ ရှုံးခဲ့တဲ့ ရော်နယ်လ်ဒို

အယ်လ်နာဆာကြယ်ပွင့်တွေဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဆာဒီယို မာနေး၊ အန်ဒါဆန် တာလစ္စကာတို့ဟာ လေ့ကျင့်ရေးက ဂိုးကန်သွင်းတဲ့စိန်ခေါ်မှုမှာ လူငယ်ကြယ်ပွင့် မာရှာရီ အယ်လ်-နီမာရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပါတယ်။

အယ်လ်နာဆာ ကစားသမားတွေဟာ အာရှချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့ကြတာဖြစ်ပြီး ဂိုးကန်သွင်းတဲ့ စိန်ခေါ်မှုမှာ ပါဝင်ခဲ့ကြတာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ရာသီလယ် အားလပ်ရက်မှာ စခန်းသွင်းလေ့ကျင့်ရေးအတွက် တရုတ်ကို သွားရောက်ခဲ့တဲ့ အယ်လ်နာဆာဟာ လက်ရှိမှာတော့ ပြိုင်ပွဲတွေကို ပြန်လည်ကစားသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အယ်လ်နာဆာဟာ ရီယက်ဒ်က မင်းသား ဖိုက်ဆဲ ဘင် ဖာဟက်ဒ်ကွင်းမှာ အာရှချန်ပီယံလိဂ်ပထမဆုံးရှုံးထွက်ပွဲစဉ်အဖြစ် အယ်လ်ဖေဟာနဲ့ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဆာဒီယို မာနေး၊ အန်ဒါဆန် တာလစ္စကာ၊ အိုတာဗီယိုနဲ့ မာရှာရီ အယ်လ်-နီမာတို့ဟာ လေ့ကျင့်ရေးအတွင်း ဂိုးကန်သွင်းတဲ့စိန်ခေါ်မှုမှာ ပါဝင်ခဲ့ကြတာဖြစ်ပြီး အားလုံးက ပင်နယ်တီ ဧရိယာအပြင်ဘက်ကနေ ဂိုးသမား မကာကွယ်နိုင်အောင် ဂိုးကန်သွင်းဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

ရော်နယ်လ်ဒို၊ မာနေး၊ တာလစ္စကာနဲ့ အိုတာဗီယိုတို့အားလုံးဟာ ၂ ကြိမ် ကန်သွင်းခဲ့ရာမှာ တစ်ကြိမ်သာ ဂိုးရရှိခဲ့ပေမယ့်လည်း အယ်လ်-နီမာကတော့ ၂ ကြိမ်စလုံး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကြောင့် အသက် ၂၀ အရွယ်လူငယ်ကစားသမားက အတွေ့အကြုံအများကြီးပိုရှိတဲ့အသင်းဖော်တွေကို ဂိုးကန်သွင်းတဲ့စိန်ခေါ်မှုမှာ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အယ်လ်-နီမာဟာ ဒီရာသီမှာ အယ်လ်နာဆာအတွက် သိပ်ပါဝင်ကစားခွင့် ရရှိခဲ့သူမဟုတ်ဘဲ လူစားဝင်ကစားသမားအဖြစ်လောက်သာ ၄ ကြိမ် ပါဝင်ကစားပေးခွင့်ရရှိခဲ့တာဖြစ်ပြီး လူငယ်တိုက်စစ်မှူးဟာ ဒီရာသီ စုစုပေါင်း ၁၆ မိနစ်သာ ကစားထားရသေးသလို ဂိုးလည်း သွင်းယူနိုင်ခြင်းမရှိသေးသူဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ဒီရာသီမှာ သွင်းဂိုး ၂၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ထားပြီး မာနေးနဲ့ တာလစ္စကာတို့ကလည်း သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုး ၂၀ အသီးသီး သွင်းယူထားကြတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အယ္လ္နာဆာၾကယ္ပြင့္ေတြျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ဆာဒီယို မာေနး၊ အန္ဒါဆန္ တာလစၥကာတို႔ဟာ ေလ့က်င့္ေရးက ဂိုးကန္သြင္းတဲ့စိန္ေခၚမႈမွာ လူငယ္ၾကယ္ပြင့္ မာရွာရီ အယ္လ္-နီမာရဲ႕ အႏိုင္ယူျခင္းကို ခံခဲ့ရပါတယ္။

အယ္လ္နာဆာ ကစားသမားေတြဟာ အာရွခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနခဲ့ၾကတာျဖစ္ၿပီး ဂိုးကန္သြင္းတဲ့ စိန္ေခၚမႈမွာ ပါဝင္ခဲ့ၾကတာကို ဗီဒီယိုဖိုင္ထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ ရာသီလယ္ အားလပ္ရက္မွာ စခန္းသြင္းေလ့က်င့္ေရးအတြက္ တ႐ုတ္ကို သြားေရာက္ခဲ့တဲ့ အယ္လ္နာဆာဟာ လက္ရွိမွာေတာ့ ၿပိဳင္ပြဲေတြကို ျပန္လည္ကစားသြားဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

အယ္လ္နာဆာဟာ ရီယက္ဒ္က မင္းသား ဖိုက္ဆဲ ဘင္ ဖာဟက္ဒ္ကြင္းမွာ အာရွခ်န္ပီယံလိဂ္ပထမဆုံးရႈံးထြက္ပြဲစဥ္အျဖစ္ အယ္လ္ေဖဟာနဲ႔ ဗုဒၶဟူးေန႔မွာ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ဆာဒီယို မာေနး၊ အန္ဒါဆန္ တာလစၥကာ၊ အိုတာဗီယိုနဲ႔ မာရွာရီ အယ္လ္-နီမာတို႔ဟာ ေလ့က်င့္ေရးအတြင္း ဂိုးကန္သြင္းတဲ့စိန္ေခၚမႈမွာ ပါဝင္ခဲ့ၾကတာျဖစ္ၿပီး အားလုံးက ပင္နယ္တီ ဧရိယာအျပင္ဘက္ကေန ဂိုးသမား မကာကြယ္ႏိုင္ေအာင္ ဂိုးကန္သြင္းဖို႔ ႀကိဳးပမ္းခဲ့ၾကတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒို၊ မာေနး၊ တာလစၥကာနဲ႔ အိုတာဗီယိုတို႔အားလုံးဟာ ၂ ႀကိမ္ ကန္သြင္းခဲ့ရာမွာ တစ္ႀကိမ္သာ ဂိုးရရွိခဲ့ေပမယ့္လည္း အယ္လ္-နီမာကေတာ့ ၂ ႀကိမ္စလုံး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာေၾကာင့္ အသက္ ၂၀ အ႐ြယ္လူငယ္ကစားသမားက အေတြ႕အႀကဳံအမ်ားႀကီးပိုရွိတဲ့အသင္းေဖာ္ေတြကို ဂိုးကန္သြင္းတဲ့စိန္ေခၚမႈမွာ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

အယ္လ္-နီမာဟာ ဒီရာသီမွာ အယ္လ္နာဆာအတြက္ သိပ္ပါဝင္ကစားခြင့္ ရရွိခဲ့သူမဟုတ္ဘဲ လူစားဝင္ကစားသမားအျဖစ္ေလာက္သာ ၄ ႀကိမ္ ပါဝင္ကစားေပးခြင့္ရရွိခဲ့တာျဖစ္ၿပီး လူငယ္တိုက္စစ္မႉးဟာ ဒီရာသီ စုစုေပါင္း ၁၆ မိနစ္သာ ကစားထားရေသးသလို ဂိုးလည္း သြင္းယူႏိုင္ျခင္းမရွိေသးသူျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ ဒီရာသီမွာ သြင္းဂိုး ၂၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၁ ႀကိမ္အထိ ျပဳလုပ္ထားၿပီး မာေနးနဲ႔ တာလစၥကာတို႔ကလည္း သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုး ၂၀ အသီးသီး သြင္းယူထားၾကတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.