Saudi League

ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ စိတ်ဝင်စားနေတဲ့ ဘန်ဇီးမားအတွက် ဆုံးဖြတ်လိုက်တဲ့ ဆော်ဒီကလပ်

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်ဟာ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ဆီက စိတ်ဝင်စားခြင်းခံနေရတဲ့ ကာရင် ဘန်ဇီးမားကို ယခုလမှာပဲ အသင်းကနေ ထွက်ခွာခွင့်မပေးဘဲ ထိန်းသိမ်းထားဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ အရှေ့အလယ်ပိုင်းမှာ ကစားရတာကို မပျော်မရွှင်ဖြစ်နေခဲ့ပြီး အသင်းတာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး အက်ကွဲကြောင်း ပိုမို နက်ရှိုင်းလာခဲ့ပြီးနောက် အသင်းကို စွန့်ခွာချင်နေတာဖြစ်ပါတယ်။ ဘန်ဇီးမားဟာ ၂၀၂၃ နှစ်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကနေ အယ်လ်အစ်တီဟတ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး စပိန်လာလီဂါမှာ ၁၄ နှစ်ကြာ ကစားခဲ့တဲ့ကာလအတွင်း ဆုဖလားအားလုံး ရယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ဘန်ဇီးမားဟာ ဆော်ဒီ အာရေဗျမှာလည်း အထင်ကြီးဖွယ် စတင်မှု ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း နည်းပြ နူနို ဆန်တိုနဲ့ ပြဿနာတက်ခဲ့ပြီး အယ်လ် အစ်တီဟတ်က နည်းပြကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်အစ်တီဟတ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အားလပ်ရက်အတွင်း ဒူဘိုင်းကို သွားရောက်လေ့ကျင့်ခဲ့တဲ့ ရာသီလယ် စခန်းသွင်းလေ့ကျင့်ရေးအတွက် လူစာရင်းထဲမှာ လေ့ကျင့်ရေးကို အကြိမ်ပေါင်းများစွာ သတင်းမပို့ဘဲ ပျက်ကွက်ခဲ့တဲ့ ဘန်ဇီးမားကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စကြောင့် ဘန်ဇီးမားနဲ့ အသင်းတာဝန်ရှိသူတွေကြား ဆက်ဆံရေး ဆိုးရွားလာခဲ့ပြီး ယခုလမှာ အသင်းကနေ ထွက်ခွာနိုင်ခြေရှိတယ်လို့ ကောလာဟလတွေထွက်ပေါ်လာချိန်မှာ အသင်းအများအပြားကလည်း စိတ်ဝင်စားကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ဟာ ယခုလမှာ တိုက်စစ်ပိုင်း အဆုံးသတ်နိုင်စွမ်း ပိုမိုကောင်းမွန်လာစေဖို့ တိုက်စစ်မှူးသစ် ရှာဖွေနေကြပြီး ပြင်သစ်ဂန္တဝင်ဟာ နှစ်သင်းစလုံးရဲ့ ပစ်မှတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆော်ဒီပရိုလိဂ်ချန်ပီယံတွေဟာ ဥရောပက အသင်းတွေဆီက ချဉ်းကပ်မှုတွေကို ငြင်းပယ်ပြီး ဘန်ဇီးမားကို ဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ L’Equipe က ဖော်ပြခဲ့ပြီး ၂၀၂၂ ဘလွန်ဒေါဆုရှင်ဟာ ယခုရာသီအသင်းအတွက် ၉ ဂိုးသွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

ဘန်ဇီးမား အယ်လ်အစ်တီဟတ်ကို ရောက်ရှိလာမှုဟာ ဆော်ဒီအာရေဗျ အများပြည်သူရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ကြောင့်ဖြစ်ပြီး ယင်းအဖွဲ့အစည်းကပဲ ပြင်သစ်တိုက်စစ်မှူးကို ဆော်ဒီ အာရေဗျကနေ ထွက်ခွာခွင့်မပေးချင်တာဖြစ်ပါတယ်။ ကာရင် ဘန်ဇီးမားအနေနဲ့ အယ်လ်အစ်တီဟတ်မှာ မကစားချင်ဘူးဆိုရင်လည်း ဥရောပကို မပြန်ဘဲ နောက်ထပ် ဆော်ဒီ ပရိုလိဂ်ကလပ်တစ်ခုကို ပြောင်းကစားမယ်ဆိုရင်တော့ ခွင့်ပြုပေးသွားချင်တဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဆာ္ဒီပ႐ိုလိဂ္ကလပ္ အယ္လ္အစ္တီဟတ္ဟာ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ဆီက စိတ္ဝင္စားျခင္းခံေနရတဲ့ ကာရင္ ဘန္ဇီးမားကို ယခုလမွာပဲ အသင္းကေန ထြက္ခြာခြင့္မေပးဘဲ ထိန္းသိမ္းထားဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ သိရပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ အေရွ႕အလယ္ပိုင္းမွာ ကစားရတာကို မေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့ၿပီး အသင္းတာဝန္ရွိသူေတြနဲ႔ ဆက္ဆံေရး အက္ကြဲေၾကာင္း ပိုမို နက္ရႈိင္းလာခဲ့ၿပီးေနာက္ အသင္းကို စြန႔္ခြာခ်င္ေနတာျဖစ္ပါတယ္။ ဘန္ဇီးမားဟာ ၂၀၂၃ ႏွစ္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကေန အယ္လ္အစ္တီဟတ္ကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး စပိန္လာလီဂါမွာ ၁၄ ႏွစ္ၾကာ ကစားခဲ့တဲ့ကာလအတြင္း ဆုဖလားအားလုံး ရယူႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

ဘန္ဇီးမားဟာ ေဆာ္ဒီ အာေရဗ်မွာလည္း အထင္ႀကီးဖြယ္ စတင္မႈ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း နည္းျပ ႏူႏို ဆန္တိုနဲ႔ ျပႆနာတက္ခဲ့ၿပီး အယ္လ္ အစ္တီဟတ္က နည္းျပကို ထုတ္ပယ္ခဲ့တာ ျဖစ္ပါတယ္။

အယ္လ္အစ္တီဟတ္ဟာ ၿပီးခဲ့တဲ့ ေဆာင္းရာသီ အားလပ္ရက္အတြင္း ဒူဘိုင္းကို သြားေရာက္ေလ့က်င့္ခဲ့တဲ့ ရာသီလယ္ စခန္းသြင္းေလ့က်င့္ေရးအတြက္ လူစာရင္းထဲမွာ ေလ့က်င့္ေရးကို အႀကိမ္ေပါင္းမ်ားစြာ သတင္းမပို႔ဘဲ ပ်က္ကြက္ခဲ့တဲ့ ဘန္ဇီးမားကို ခ်န္လွပ္ခဲ့တာျဖစ္ပါတယ္။

ဒီကိစၥေၾကာင့္ ဘန္ဇီးမားနဲ႔ အသင္းတာဝန္ရွိသူေတြၾကား ဆက္ဆံေရး ဆိုး႐ြားလာခဲ့ၿပီး ယခုလမွာ အသင္းကေန ထြက္ခြာႏိုင္ေျခရွိတယ္လို႔ ေကာလာဟလေတြထြက္ေပၚလာခ်ိန္မွာ အသင္းအမ်ားအျပားကလည္း စိတ္ဝင္စားေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္အသင္းေတြျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ဟာ ယခုလမွာ တိုက္စစ္ပိုင္း အဆုံးသတ္ႏိုင္စြမ္း ပိုမိုေကာင္းမြန္လာေစဖို႔ တိုက္စစ္မႉးသစ္ ရွာေဖြေနၾကၿပီး ျပင္သစ္ဂႏၲဝင္ဟာ ႏွစ္သင္းစလုံးရဲ႕ ပစ္မွတ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ေဆာ္ဒီပ႐ိုလိဂ္ခ်န္ပီယံေတြဟာ ဥေရာပက အသင္းေတြဆီက ခ်ဥ္းကပ္မႈေတြကို ျငင္းပယ္ၿပီး ဘန္ဇီးမားကို ဆက္လက္ထိန္းသိမ္းထားဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္တယ္လို႔ L’Equipe က ေဖာ္ျပခဲ့ၿပီး ၂၀၂၂ ဘလြန္ေဒါဆုရွင္ဟာ ယခုရာသီအသင္းအတြက္ ၉ ဂိုးသြင္းယူေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။

ဘန္ဇီးမား အယ္လ္အစ္တီဟတ္ကို ေရာက္ရွိလာမႈဟာ ေဆာ္ဒီအာေရဗ် အမ်ားျပည္သူရင္းႏွီးျမႇဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕ေၾကာင့္ျဖစ္ၿပီး ယင္းအဖြဲ႕အစည္းကပဲ ျပင္သစ္တိုက္စစ္မႉးကို ေဆာ္ဒီ အာေရဗ်ကေန ထြက္ခြာခြင့္မေပးခ်င္တာျဖစ္ပါတယ္။ ကာရင္ ဘန္ဇီးမားအေနနဲ႔ အယ္လ္အစ္တီဟတ္မွာ မကစားခ်င္ဘူးဆိုရင္လည္း ဥေရာပကို မျပန္ဘဲ ေနာက္ထပ္ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္တစ္ခုကို ေျပာင္းကစားမယ္ဆိုရင္ေတာ့ ခြင့္ျပဳေပးသြားခ်င္တဲ့ဆႏၵရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.