Saudi League

ဘောလုံးလောကရဲ့ စောင့်ကြည့်ချင်စရာအကောင်းဆုံးအသင်းကို ပြောပြလိုက်တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ စောင့်ကြည့်ချင်ဆုံး အသင်းကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အသင်းဟောင်းမန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ ကျေနပ်ကြမှာမဟုတ်ပါဘူး။

ရော်နယ်လ်ဒိုဟာ အဲရစ် တန်ဟက်နဲ့ ပြဿနာတက်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းခေါင်းဆောင်းဟာ အိုးထရက်ဖို့ဒ်က ကစားသမားဘဝ ဒုတိယသက်တမ်းကို အဆုံးသတ်စေမယ့် အင်တာဗျူးကို ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့ပြီး ဆော်ဒီ ပရိုလိဂ်ရဲ့ မယုံနိုင်စရာ ကြီးထွားလာမှုအတွက် ရှေ့ဆောင်လမ်းပြတစ်ဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်မှာ ဒုတိယအကြိမ် ပြန်လည်လာရောက်ကစားခဲ့တဲ့ကာလအတွင်း ခြေစွမ်းပိုင်း အကောင်းဆုံးပုံစံမှာရှိမနေခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ဆော်ဒီအာရေဗျကို ရောက်ရောက်ချင်း ခြေစွမ်းပြသခဲ့ပြီး အယ်လ်နာဆာနဲ့ ပေါ်တူဂီတို့အတွက် သွင်းဂိုး ၅၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဘောလုံးလောကမှာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

သောကြာနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ Globe Soccer Awards မှာ စကားပြောဆိုရာမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက မာရာဒိုနာဆုဟာ ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

“ကျွန်တော်က အကောင်းဆုံးဂိုးသွင်းရှင်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ဥပမာ ဟာလန်လိုမျိုး ငယ်ရွယ်တဲ့ခြင်္သေ့တစ်ကောင်ကို အနိုင်ယူနိုင်ခဲ့တယ်။ အဲဒီတော့ ကျွန်တော် ဂုဏ်ယူမိပါတယ်။ ”

ရော်နယ်လ်ဒိုဟာ ဘယ်အသင်းကို စောင့်ကြည့်ရတာ အနှစ်သက်ဆုံးလဲလို့ မေးမြန်းခဲ့ရာမှာ ပေါ်တူဂီဂန္တဝင်ရဲ့ အဖြေက ပရိသတ်အချို့အတွက်တော့ အံ့အားသင့်စရာ ဖြစ်ခဲ့မှာ ဖြစ်ပါတယ်။

“မန်ချက်စတာစီးတီးက သူတို့ရဲ့ရာသီမှာ အံ့အားသင့်စရာ ဂုဏ်ပြုစရာကောင်းတဲ့အလုပ်ကို လုပ်ခဲ့တယ်။ ကစားသမားတွေ၊ နည်းပြရော အရမ်းထူးခြားခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့တွေ ချန်ပီယံလိဂ်ကို ရခဲ့တယ်။ သူတို့တွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ရဖို့ ထိုက်တန်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ သူတို့ ကစားတာကြည့်ရတာ ပျော်ရွှင်မိပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဖြစ်နေတာကြောင့် ဒီအဖြေဟာ သရဲနီပရိသတ်တွေအတွက်တော့ အံ့အားသင့်စရာဖြစ်ခဲ့မှာဖြစ်ပေမယ့်လည်း အသက် ၃၈ နှစ်အရွယ်ကစားသမားပြောတဲ့စကားကလည်း အမှန်အတိုင်းဖြစ်တာကြောင့် ငြင်းလို့မရပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေစာင့္ၾကည့္ခ်င္ဆုံး အသင္းကို ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး အသင္းေဟာင္းမန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကေတာ့ ေက်နပ္ၾကမွာမဟုတ္ပါဘူး။

ေရာ္နယ္လ္ဒိုဟာ အဲရစ္ တန္ဟက္နဲ႔ ျပႆနာတက္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာခဲ့တာျဖစ္ၿပီး ေပၚတူဂီအသင္းေခါင္းေဆာင္းဟာ အိုးထရက္ဖို႔ဒ္က ကစားသမားဘဝ ဒုတိယသက္တမ္းကို အဆုံးသတ္ေစမယ့္ အင္တာဗ်ဴးကို ပီးယာ့စ္ ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွာ အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ေဆာ္ဒီ ပ႐ိုလိဂ္ရဲ႕ မယုံႏိုင္စရာ ႀကီးထြားလာမႈအတြက္ ေရွ႕ေဆာင္လမ္းျပတစ္ဦး ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္မွာ ဒုတိယအႀကိမ္ ျပန္လည္လာေရာက္ကစားခဲ့တဲ့ကာလအတြင္း ေျခစြမ္းပိုင္း အေကာင္းဆုံးပုံစံမွာရွိမေနခဲ့ေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီအာေရဗ်ကို ေရာက္ေရာက္ခ်င္း ေျခစြမ္းျပသခဲ့ၿပီး အယ္လ္နာဆာနဲ႔ ေပၚတူဂီတို႔အတြက္ သြင္းဂိုး ၅၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာေၾကာင့္ ကမာၻ႔ေဘာလုံးေလာကမွာ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေသာၾကာေန႔ညက က်င္းပျပဳလုပ္ခဲ့တဲ့ Globe Soccer Awards မွာ စကားေျပာဆိုရာမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက မာရာဒိုနာဆုဟာ ဘယ္ေလာက္အထိ အဓိပၸာယ္ရွိလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။

“ကြၽန္ေတာ္က အေကာင္းဆုံးဂိုးသြင္းရွင္ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္က ဥပမာ ဟာလန္လိုမ်ိဳး ငယ္႐ြယ္တဲ့ျခေသၤ့တစ္ေကာင္ကို အႏိုင္ယူႏိုင္ခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ္ ဂုဏ္ယူမိပါတယ္။ ”

ေရာ္နယ္လ္ဒိုဟာ ဘယ္အသင္းကို ေစာင့္ၾကည့္ရတာ အႏွစ္သက္ဆုံးလဲလို႔ ေမးျမန္းခဲ့ရာမွာ ေပၚတူဂီဂႏၲဝင္ရဲ႕ အေျဖက ပရိသတ္အခ်ိဳ႕အတြက္ေတာ့ အံ့အားသင့္စရာ ျဖစ္ခဲ့မွာ ျဖစ္ပါတယ္။

“မန္ခ်က္စတာစီးတီးက သူတို႔ရဲ႕ရာသီမွာ အံ့အားသင့္စရာ ဂုဏ္ျပဳစရာေကာင္းတဲ့အလုပ္ကို လုပ္ခဲ့တယ္။ ကစားသမားေတြ၊ နည္းျပေရာ အရမ္းထူးျခားခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ သူတို႔ေတြ ခ်န္ပီယံလိဂ္ကို ရခဲ့တယ္။ သူတို႔ေတြက လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကတည္းက ရဖို႔ ထိုက္တန္ခဲ့တာ ျဖစ္ပါလိမ့္မယ္။ သူတို႔ ကစားတာၾကည့္ရတာ ေပ်ာ္႐ႊင္မိပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ျဖစ္ေနတာေၾကာင့္ ဒီအေျဖဟာ သရဲနီပရိသတ္ေတြအတြက္ေတာ့ အံ့အားသင့္စရာျဖစ္ခဲ့မွာျဖစ္ေပမယ့္လည္း အသက္ ၃၈ ႏွစ္အ႐ြယ္ကစားသမားေျပာတဲ့စကားကလည္း အမွန္အတိုင္းျဖစ္တာေၾကာင့္ ျငင္းလို႔မရပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.