Premier League Saudi League

ရော်နယ်လ်ဒိုထောက်ခံထားတဲ့ သရဲနီကြယ်ပွင့်၂ ဦးကို ကြီးမားတဲ့ကမ်းလှမ်းမှုပြုလုပ်မယ့် အယ်လ်နာဆာ

အယ်လ်နာဆာဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကစားသမား ၂ ဦးကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ FFP အန္တရာယ်နဲ့ အနာဂတ် ကစားသမားခေါ်ယူမှုတွေအတွက် ငွေကြေးအချို့ ရရှိစေဖို့ ယခုလာမယ့်နွေရာသီမှာ စီနီယာကစားသမားအများအပြားကို ရောင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ဘောလုံးဒါရိုက်တာ ဂျွန် မားတပ်ဖ်ဟာ ဒီဇင်ဘာလတုန်းက ဆော်ဒီ အာရေဗျကို သွားရောက်ခဲ့ပြီး ကစားသမားရောင်းချမှု ပြုလုပ်နိုင်ခြေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက် ဘောလုံးဒါရိုက်တာဟာ ဆော်ဒီပရိုလိဂ်အကြီးအကဲတွေနဲ့ ဇန်နဝါရီရော နွေရာသီအတွက်ပါ ပြောဆိုဆွေးနွေးခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အနေနဲ့ ကစားသမားရောင်းချမှုတွေ ပြုလုပ်သွားဖွယ်ရှိပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်နာဆာဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ကက်စီမီရိုနဲ့ အာရွန် ဝမ်-ဘစ်ဆာကာတို့ကို ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကက်စီမီရိုဟာ လက်ရှိ မန်ချက်စတာယူနိုက်တက်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀၀၀ နဲ့ လစာအမြင့်မားဆုံးကစားသမားအဖြစ် ရပ်တည်နေပေမယ့်လည်း ယခုရာသီမှာ ရုန်းကန်နေရသလို နိုဝင်ဘာလအစကတည်းက တံကောက်ကြောဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်သာ ကက်စီမီရိုကို ယခုလာမယ့် နွေရာသီမှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်က ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူဖို့အတွက် ပေးချေခဲ့ရတဲ့ ပေါင်သန်း ၇၀ ထဲမှာ အများစုကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

“အယ်လ်နာဆာက ကက်စီမီရိုကို သူ့ရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူနိုက်တက်အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ထောက်ခံချက်နဲ့ ကြီးမားတဲ့ကမ်းလှမ်းမှု ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ နားလည်ရပါတယ်။”လို့ Daily Mail သတင်းက ဖော်ပြခဲ့ပါတယ်။

အယ်လ်နာဆာဟာ ယခုလမှာ အာရွန် ဝမ်-ဘစ်ဆာကာကို ခေါ်ယူဖို့ ကြိုးပမ်းသွားနိုင်တယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပြီး ဆော်ဒီပရိုလိဂ်ကလပ်ဟာ စပါးစ်ညာနောက်ခံလူ အီမာဆန် ရိုင်ရယ်ကို ပေါင်သန်း ၂၀ နဲ့ ပြီးခဲ့တဲ့အပတ်က ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းပယ်ခံခဲ့ရတာကြောင့် မန်ယူနိုက်တက်နောက်ခံလူဆီ မြှားဦးလှည့်လာတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အာရွန် ဝမ်-ဘစ်ဆာကာကို အင်တာမီလန်က ဒမ်ဇယ် ဒမ်ဖရီးစ်နဲ့ အလဲအထပ်လုပ်ဖို့ ကမ်းလှမ်းခဲ့မှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပြီး သရဲနီတွေဟာ ယခုလအစောပိုင်းက အင်္ဂလန်နောက်ခံလူရဲ့ ၁၂ လ သက်တမ်းတိုးခွင့်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အာရွန် ဝမ်-ဘစ်ဆာကာကို ကာလရှည် စာချုပ်သစ် ကမ်းလှမ်းဖို့တော့ တွန့်ဆုတ်နေတာဖြစ်ပြီး အင်္ဂလန်နောက်ခံလူရဲ့ ကိုယ်စားလှယ်တွေနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးခဲ့မှုက အပြုသဘောဆောင်တဲ့ အဖြေမရခဲ့ဘူးလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ဝမ်-ဘစ်ဆာကာရဲ့ အသင်းဟောင်းဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ ဝက်စ်ဟမ်းက မန်ချက်စတာယူနိုက်တက်နောက်ခံလူကို စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသထားပေမယ့်လည်း အယ်လ်နာဆာကိုတော့ ငွေကြေးပိုင်းမှာတော့ ယှဉ်နိုင်မှာမဟုတ်ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အယ္လ္နာဆာဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အားေပးေထာက္ခံမႈကို ရရွိခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ကစားသမား ၂ ဦးကို ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ FFP အႏၲရာယ္နဲ႔ အနာဂတ္ ကစားသမားေခၚယူမႈေတြအတြက္ ေငြေၾကးအခ်ိဳ႕ ရရွိေစဖို႔ ယခုလာမယ့္ေႏြရာသီမွာ စီနီယာကစားသမားအမ်ားအျပားကို ေရာင္းထုတ္သြားခ်င္ေနတာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ ေဘာလုံးဒါ႐ိုက္တာ ဂြၽန္ မားတပ္ဖ္ဟာ ဒီဇင္ဘာလတုန္းက ေဆာ္ဒီ အာေရဗ်ကို သြားေရာက္ခဲ့ၿပီး ကစားသမားေရာင္းခ်မႈ ျပဳလုပ္ႏိုင္ေျခနဲ႔ပတ္သက္ၿပီး ေျပာဆိုေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

မန္ယူႏိုက္တက္ ေဘာလုံးဒါ႐ိုက္တာဟာ ေဆာ္ဒီပ႐ိုလိဂ္အႀကီးအကဲေတြနဲ႔ ဇန္နဝါရီေရာ ေႏြရာသီအတြက္ပါ ေျပာဆိုေဆြးေႏြးခဲ့ၿပီး ပရီးမီးယားလိဂ္ကလပ္အေနနဲ႔ ကစားသမားေရာင္းခ်မႈေတြ ျပဳလုပ္သြားဖြယ္ရွိပါတယ္။ Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ အယ္လ္နာဆာဟာ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ကက္စီမီ႐ိုနဲ႔ အာ႐ြန္ ဝမ္-ဘစ္ဆာကာတို႔ကို ေခၚယူသြားခ်င္ေနတယ္လို႔ သိရပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ကက္စီမီ႐ိုဟာ လက္ရွိ မန္ခ်က္စတာယူႏိုက္တက္မွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၃၇၅၀၀၀ နဲ႔ လစာအျမင့္မားဆုံးကစားသမားအျဖစ္ ရပ္တည္ေနေပမယ့္လည္း ယခုရာသီမွာ ႐ုန္းကန္ေနရသလို ႏိုဝင္ဘာလအစကတည္းက တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္သာ ကက္စီမီ႐ိုကို ယခုလာမယ့္ ေႏြရာသီမွာ ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ ၿပီးခဲ့တဲ့ႏွစ္က ရီးရဲလ္မက္ဒရစ္ကေန ေခၚယူဖို႔အတြက္ ေပးေခ်ခဲ့ရတဲ့ ေပါင္သန္း ၇၀ ထဲမွာ အမ်ားစုကို ျပန္လည္ရရွိမွာ ျဖစ္ပါတယ္။

“အယ္လ္နာဆာက ကက္စီမီ႐ိုကို သူ႔ရဲ႕ ရီးရဲလ္မက္ဒရစ္နဲ႔ မန္ယူႏိုက္တက္အသင္းေဖာ္ေဟာင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေထာက္ခံခ်က္နဲ႔ ႀကီးမားတဲ့ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ နားလည္ရပါတယ္။”လို႔ Daily Mail သတင္းက ေဖာ္ျပခဲ့ပါတယ္။

အယ္လ္နာဆာဟာ ယခုလမွာ အာ႐ြန္ ဝမ္-ဘစ္ဆာကာကို ေခၚယူဖို႔ ႀကိဳးပမ္းသြားႏိုင္တယ္လို႔လည္း ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး ေဆာ္ဒီပ႐ိုလိဂ္ကလပ္ဟာ စပါးစ္ညာေနာက္ခံလူ အီမာဆန္ ႐ိုင္ရယ္ကို ေပါင္သန္း ၂၀ နဲ႔ ၿပီးခဲ့တဲ့အပတ္က ကမ္းလွမ္းခဲ့ေပမယ့္လည္း ျငင္းပယ္ခံခဲ့ရတာေၾကာင့္ မန္ယူႏိုက္တက္ေနာက္ခံလူဆီ ျမႇားဦးလွည့္လာတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အာ႐ြန္ ဝမ္-ဘစ္ဆာကာကို အင္တာမီလန္က ဒမ္ဇယ္ ဒမ္ဖရီးစ္နဲ႔ အလဲအထပ္လုပ္ဖို႔ ကမ္းလွမ္းခဲ့မႈကို ျငင္းပယ္ခဲ့တယ္လို႔ သိရၿပီး သရဲနီေတြဟာ ယခုလအေစာပိုင္းက အဂၤလန္ေနာက္ခံလူရဲ႕ ၁၂ လ သက္တမ္းတိုးခြင့္ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အာ႐ြန္ ဝမ္-ဘစ္ဆာကာကို ကာလရွည္ စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ေတာ့ တြန႔္ဆုတ္ေနတာျဖစ္ၿပီး အဂၤလန္ေနာက္ခံလူရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးခဲ့မႈက အျပဳသေဘာေဆာင္တဲ့ အေျဖမရခဲ့ဘူးလို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ဝမ္-ဘစ္ဆာကာရဲ႕ အသင္းေဟာင္းျဖစ္တဲ့ ခရစၥတယ္ ပဲေလ့စ္နဲ႔ ဝက္စ္ဟမ္းက မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူကို စိတ္ဝင္စားေၾကာင္း ထုတ္ေဖာ္ျပသထားေပမယ့္လည္း အယ္လ္နာဆာကိုေတာ့ ေငြေၾကးပိုင္းမွာေတာ့ ယွဥ္ႏိုင္မွာမဟုတ္ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.