Premier League

တိုနေးကို ခေါ်ယူဖို့ အခြေအနေပိုကောင်းလာတဲ့ အာဆင်နယ်အပါအဝင် နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

-တစ်ခါတုန်းက သီယာရီ အွန်နရီ လက်သစ်လို့ သမုတ်ခံခဲ့ရတဲ့ အာဆင်နယ်ကစားသမားဟောင်းဟာ တရုတ်က ဒုတိယတန်းအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ယာယာ ဆာနိုဂိုဟာ ၂၀၁၃ ခုနှစ်မှာ အုဇဲကနေ အသက် ၂၀ အရွယ်နဲ့ အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာခဲ့ပေမယ့်လည်း အာဆင်ဝင်းဂါးလက်အောက်မှာ ၄ နှစ်အတွင်း ပွဲ ၂၀ သာ ကစားခဲ့ရပြီး လက်ရှိမှာတော့ အသက် ၃၁ နှစ်အရွယ်မှာ တရုတ်ဒုတိယတန်းက ကျင်းဒေါင်ရက်ဒ်လိုင်းယင်းကို ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။

-ဂရာနစ် ချာကာက ပြီးခဲ့တဲ့ရာသီ ဆုဖလားပြိုင်ပွဲမှာ အာဆင်နယ်ရဲ့ ခြေချော်ခဲ့မှုကို သင်ခန်းစာယူပြီး ဘွန်ဒက်စ်လီဂါမှာ လေဗာကူဆင် အသင်းဖော်တွေကို လက်ရှိ အနေအထားကို သာယာမနေဖို့ သတိပေးချက်အနေနဲ့ အသုံးပြုခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ချာကာဟာ ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်နဲ့ ၇ နှစ်ကြာ သံယောဇဉ်ကို ဖြတ်တောက်ပြီး လေဗာကူဆင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသက် ၃၁ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ ဒီရာသီ အလွန်ဆိုရဲ့ ဆုဖလားစိန်ခေါ်မှုမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးနေတာဖြစ်ပါတယ်။ ဒီရာသီရှုံးပွဲမရှိသေးတဲ့ လေဗာကူဆင်ဟာ ဒုတိယနေရာက ဘိုင်ယန်မြူးနစ်နဲ့ ၁၀ မှတ်အကွာ ဇယားထိပ်ဆုံးမှာ ရပ်တည်နေပေမယ့် ချာကာက မနှစ်တုန်းက အာဆင်နယ်မှာ ကစားခဲ့ချိန်တုန်းက မန်စီးတီးကို ၈ မှတ်အထိ ဖြတ်ထားနိုင်ပြီးမှ နောက်ဆုံးမှာ ခြေချော်သွားခဲ့တာကို ဥပမာပေးပြီး ဆုဖလားပြိုင်ပွဲက အခြေအနေတွေဟာ ဘယ်လောက်လျင်လျင်မြန်မြန်နဲ့ ပြောင်းလဲသွားနိုင်လဲဆိုတာကို အသင်းဖော်တွေကို သတိပေးခဲ့တာဖြစ်ပါတယ်။

-ဩစတြေးလျဂန္တဝင်ဂိုးသမားကြီး မာ့ခ် ရှဝါဇာက အာဆင်နယ်အတွက် နောက်ဆုံး ၁၄ ပွဲစလုံး ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ ဒေးဗစ် ရာယာထက် အရန်ခုံထိုင်နေရတဲ့ အာရွန် ရမ်းစ်ဒေးလ်က ပိုမိုကောင်းမွန်တယ်လို့ ယုံကြည်နေပါတယ်။ အာတီတာရဲ့အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ချိန်မှာ ၃ ဂိုးသာ ခွင့်ပြုခဲ့ရတာကြောင့် ရာယာကို ပြီးခဲ့တဲ့နွေရာဦမှာ အငှားနဲ့ ခေါ်ခဲ့တာက မှန်ကန်လားဆိုတဲ့အငြင်းအခုံတွေကို တိတ်ဆိတ်စေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီး၊ လက်စတာ၊ ဖူလ်ဟမ်ဂိုးသမားဟောင်း မာ့ခ် ရှဝါဇာက အာတီတာဟာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ ပြဿနာကို ဖန်တီးခဲ့တာဖြစ်ပြီး တကယ်တမ်းတော့ လက်ရှိအရန်ခုံတန်းက ဂိုးသမားကမှ ပိုမိုကောင်းမွန်တဲ့ဂိုးသမားဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ “သူပြောခဲ့တဲ့ စကားကြောင့် သူက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ခဲ့သလို ဖြစ်ခဲ့ပါတယ်။ သူ ပြောခဲ့တာက ဒေးဗစ် ရာယာကို သူခေါ်တုန်းက ကျောနံပါတ် ၁ ဆိုတာမရှိဘူးတဲ့။ အမှန်ဆိုရင် သူက ကျွန်တော် ဘာကြောင့် ဂိုးသမားကို ပြောင်းလဲလို့ မရရမှာလဲလို့ ပြောခဲ့ရမှာ။ ကျွန်တော် ပွဲတစ်ပွဲက အချိန်တစ်ခုမှာ သုံးဖို့ ဂိုးသမားတစ်ယောက်ကို ဘာကြောင့် မခေါ်ယူနိုင်ရမှာလဲလို့ ပြောရမှာပါ။ ကျွန်တော်က ရှေးရိုးစွဲသမားဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါက ဒီကမ္ဘာပေါ်က ဘယ်နေရာမှာ အလုပ်ဖြစ်မလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဟုတ်တာပေါ့။ ပင်နယ်တီအဆုံးအဖြတ်မှာ အလုပ်ဖြစ်ရင်ဖြစ်မှာပေါ့။ အဲဒီလို ဖြစ်ခဲ့တာပဲ။ ဂိုးသမားတွေက တခြားဂိုးသမားတစ်ယောက် ဒဏ်ရာရမှ လူစားဝင်ကစားရတယ်ဆိုတာ သိသာပါတယ်။ ဒါက အတင်းအကြပ် လူစားလဲခံရမှုပဲ။ ကျွန်တော်က ကန်းနေတာဖြစ်ရင်ဖြစ်မှာပါ။ ဒါပေမယ့် အာရွန် ရမ်းစ်ဒေးလ်နဲ့ ရာယာတို့ကြား ဘာကွာခြားချက်မှ ကျွန်တော် မမြင်ဘူး။ ကွာခြားမှုတစ်ခုခုရှိခဲ့ရင် ကျွန်တော် ခင်ဗျားကို အရိုးသားဆုံးပြောချင်တာက အာရွန် ရမ်းစ်ဒေးလ်က ပိုကောင်းတဲ့ဂိုးသမားလို့ ထင်တယ်ဆိုတာပဲ။ ဘက်ပေါင်းစုံမှာ အများကြီး ပိုကောင်းတဲ့ဂိုးသမားပါ။ ကျွန်တော် အာတီတာလုပ်တာကို နားမလည်နိုင်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

-ဆိုင်မွန် ဂျော်ဒန်က အာဆင်နယ်နဲ့ပတ်သက်ပြီး အမြင်တွေ ပြောင်းလဲလိုက်ပြီလို့ ဝန်ခံခဲ့ပြီး မကြာသေးမီက ဂန်းနားဂန္တဝင် မာတင် ကီယွန်ကို ပြောခဲ့တဲ့ အဖျားရှူးသွားလိမ့်မယ်ဆိုတဲ့စကားက မှားသွားခဲ့ပြီလို့ ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဆုဖလားအနိုင်ရနိုင်တဲ့အသင်းဆိုတာကို သက်သေပြသခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း အနီးကပ်ဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ဆုဖလားပြိုင်ပွဲတစ်ခုဖြစ်လာအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ လီဗာပူးလ်ကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလား တတိယအဆင့်ကနေ ထွက်ခွာခဲ့ရပြီးကတည်းက လိဂ် ၇ ပွဲဆက်နိုင်ပွဲ ရရှိအောင် ရလဒ်ကောင်းတွေ ဆက်တိုက် ရယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီရလဒ်တွေထဲမှာ ကလော့ပ်ရဲ့ လီဗာပူးလ်ကို ၃-၁ ၊ နယူးကာဆယ်ကို ၄-၁ ၊ ခရစ္စတယ် ပဲလေ့စ်နဲ့ ဘန်လေကို ၅-၀ နဲ့အနိုင်ရခဲ့တဲ့ နိုင်ပွဲတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့ညမှာ ရှက်ဖီးကို အဝေးကွင်းမှာ ၆-၀ နဲ့ အနိုင်ယူနိုင်ခဲ့ပြီးနောက် ထိပ်ဆုံး ၃ သင်းကြား ရမှတ်ကွာခြားမှုက အများဆုံး ၂ မှတ်သာ ရှိတော့တာဖြစ်ပြီး ဒီအပတ် လီဗာပူးလ်နဲ့ မန်စီးတီးတို့ ကစားမယ့် အန်းဖီးကပွဲဟာ ဆုဖလားပြိုင်ပွဲကို အပြောင်းအလဲတွေ ဖြစ်လာစေတော့မှာဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ မန်စီးတီးတို့သာ သရေကျခဲ့ပြီး အာဆင်နယ်က ဘရန့်တ်ဖို့ဒ်ကို အနိုင်ရခဲ့ရင် ဂန်းနားတွေက ဇယားထိပ်ဆုံးကို တက်လှမ်းသွားနိုင်တော့မှာဖြစ်ပြီး ​ပရီးမီးယားလိဂ် ၃ ပတ်နားရက်အတွင်း အဆင့် ၁ အဖြစ် ဦးဆောင်သွားနိုင်တော့မှာဖြစ်ပါတယ်။ ဆိုင်မွန် ဂျော်ဒန်က နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်ခင်သာ ဂန်းနားတွေ ဇယားထိပ်တက်သွားနိုင်ရင် ပရီးမီးယားလိဂ်ဖလားကို အမှန်တကယ် ရရှိသွားနိုင်ပြီး မနှစ်တုန်းလို အမှားမျိုး ဒီနှစ်မှာ ပြုလုပ်မယ့်ပုံမပေါ်တာကြောင့် အရင်တုန်းက ပြောခဲ့တဲ့ အဖျားရှူးသွားလိမ့်မယ်ဆိုတဲ့ စကားကို ရုတ်သိမ်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာ ဇင်ချန်ကိုနဲ့ တိုမီယဆုတို့ ဒဏ်ရာကြောင့် ပြန်မကစားနိုင်သေးချိန် ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ မာတင်နယ်လီနဲ့ အဖျားဝေဒနာခံစားနေရတဲ့ ဆာကာတို့ကလည်း ခုတပတ် အမ်းမရိတ်စ်ကွင်းမှာ ကစားရမည့် ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ပါဝင်ဖို့ မသေချာသေးကြောင်းသိရှိရပါတယ်။ ဂျူရီယန် တင်းဘားအနေနဲ့ မြက်ခင်းစိမ်းတွေပေါ်မှာ ပြန်လည်လေ့ကျင့်နိုင်ပြီဖြစ်ပေမယ့် ပွဲကစားဖို့အတွက်တော့ အချိန်အနည်းငယ်ယူရဦးမှာဖြစ်ပါတယ်။ ထို့အပြင် ဂိုးသမား ဒေးဗစ် ရာယာကလည်း ဘရန့်ဖို့ဒ်အသင်းမှ အငှားဖြင့် လာရောက်ကစားသည့် စည်းမျဉ်းအရ ပါဝင်ကစားနိုင်မှာ မဟုတ်ပဲ ဂိုးသမား ရမ်းစ်ဒေးလ်က ပွဲထွက်ကစားလာမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ အိုင်ဗန်တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားမှု လျော့နည်းသွားပြီး နာမည်ကျော် သတင်းထောက် ဖေဘီဇီယို ရိုမာနိုက ပြောကြားသွားခဲ့ပါတယ်။ စပို့ဟ်လန်းစ်၏အဆိုအရ အသက် ၂၇ နှစ်အရွယ် ဘရန့်ဖို့ဒ် တိုက်စစ်မှူးသည် ယခုနွေရာသီတွင် အာဆင်နယ်အသင်းသို့ ခေါ်ယူဖွယ်ရှိနေပြီး ပေါင်သန်း ၆၀ ဖြင့် အပြီးသတ်ခေါ်ယူနိုင်မည်ဟုအီဒူးက ယုံကြည်နေပါတယ်။ မီခေးလ် အာတီတာသည် တိုနေးကို ခေါ်ယူဖို့ ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုထားသည်ဟု TEAMtalk မှ နောက်ထပ် ဇာတ်လမ်းတစ်ခုအနေနဲ့ ထွက်ပေါ်လာပါတယ်။ အသက် ၂၇ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ထက် ချဲလ်ဆီးအသင်းက ပိုမိုငယ်ရွယ်သော တိုက်စစ်မှူးကို ရှာဖွေသွားမည်ဟု အခိုင်အမာဆိုခဲ့သည်။

ယုံကြည်စိတ်ချရသော အီတလီဂျာနယ်လစ်က Caught Offside ၏ The Debrief ပေါ့တ်ကာစ်သို့ ပြောကြားရာတွင် “ချဲလ်ဆီးက အိုင်ဗန်တိုနေးကို ခေါ်ယူဖို့ဆိုတာာ မသေချာတော့ဘူး၊ သူတို့ဟာ အသက်အရွယ်အရ မတူညီတဲ့ တိုက်စစ်မှူးတွေကို စတင်ကြည့်ရှုနေပြီလို့ ကျွန်တော်ထင်ပါတယ်။” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက တိုနေးကို ခေါ်ယူရန် နုတ်ထွက်လိုက်သဖြင့် အာဆင်နယ်ခေါ်ယူမည့် ကစားသမားများကို ဈေးပိုပေး ခေါ်ယူနေသည့် တော့ဒ် ဘိုလေး အန္တရယ်ကို ရှောင်ရှားနိုင်ပြီဖြစ်သည့်အတွက် အာဆင်နယ်အတွက် ခွန်အားတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ဒါပေမယ့် တိုက်စစ်မှူးလိုအပ်နေသည့် မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်လ် အစရှိသည့် ပြိုင်ဘက်များနဲ့ အပြိုင် ယှဉ်ပြိုင်ခေါ်ယူဖို့တော့ အာဆင်နယ်အနေဖြင့် ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-တစ္ခါတုန္းက သီယာရီ အြန္နရီ လက္သစ္လို႔ သမုတ္ခံခဲ့ရတဲ့ အာဆင္နယ္ကစားသမားေဟာင္းဟာ တ႐ုတ္က ဒုတိယတန္းအသင္းကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ ယာယာ ဆာႏိုဂိုဟာ ၂၀၁၃ ခုႏွစ္မွာ အုဇဲကေန အသက္ ၂၀ အ႐ြယ္နဲ႔ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕လာခဲ့ေပမယ့္လည္း အာဆင္ဝင္းဂါးလက္ေအာက္မွာ ၄ ႏွစ္အတြင္း ပြဲ ၂၀ သာ ကစားခဲ့ရၿပီး လက္ရွိမွာေတာ့ အသက္ ၃၁ ႏွစ္အ႐ြယ္မွာ တ႐ုတ္ဒုတိယတန္းက က်င္းေဒါင္ရက္ဒ္လိုင္းယင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီျဖစ္ပါတယ္။

-ဂရာနစ္ ခ်ာကာက ၿပီးခဲ့တဲ့ရာသီ ဆုဖလားၿပိဳင္ပြဲမွာ အာဆင္နယ္ရဲ႕ ေျခေခ်ာ္ခဲ့မႈကို သင္ခန္းစာယူၿပီး ဘြန္ဒက္စ္လီဂါမွာ ေလဗာကူဆင္ အသင္းေဖာ္ေတြကို လက္ရွိ အေနအထားကို သာယာမေနဖို႔ သတိေပးခ်က္အေနနဲ႔ အသုံးျပဳခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ခ်ာကာဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အာဆင္နယ္နဲ႔ ၇ ႏွစ္ၾကာ သံေယာဇဥ္ကို ျဖတ္ေတာက္ၿပီး ေလဗာကူဆင္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး အသက္ ၃၁ ႏွစ္အ႐ြယ္ကြင္းလယ္ကစားသမားဟာ ဒီရာသီ အလြန္ဆိုရဲ႕ ဆုဖလားစိန္ေခၚမႈမွာ အဓိကက်တဲ့အခန္းက႑ကေန ပါဝင္ကစားေပးေနတာျဖစ္ပါတယ္။ ဒီရာသီရႈံးပြဲမရွိေသးတဲ့ ေလဗာကူဆင္ဟာ ဒုတိယေနရာက ဘိုင္ယန္ျမဴးနစ္နဲ႔ ၁၀ မွတ္အကြာ ဇယားထိပ္ဆုံးမွာ ရပ္တည္ေနေပမယ့္ ခ်ာကာက မႏွစ္တုန္းက အာဆင္နယ္မွာ ကစားခဲ့ခ်ိန္တုန္းက မန္စီးတီးကို ၈ မွတ္အထိ ျဖတ္ထားႏိုင္ၿပီးမွ ေနာက္ဆုံးမွာ ေျခေခ်ာ္သြားခဲ့တာကို ဥပမာေပးၿပီး ဆုဖလားၿပိဳင္ပြဲက အေျခအေနေတြဟာ ဘယ္ေလာက္လ်င္လ်င္ျမန္ျမန္နဲ႔ ေျပာင္းလဲသြားႏိုင္လဲဆိုတာကို အသင္းေဖာ္ေတြကို သတိေပးခဲ့တာျဖစ္ပါတယ္။

-ဩစေၾတးလ်ဂႏၲဝင္ဂိုးသမားႀကီး မာ့ခ္ ရွဝါဇာက အာဆင္နယ္အတြက္ ေနာက္ဆုံး ၁၄ ပြဲစလုံး ပြဲထြက္ပါဝင္ကစားေပးခဲ့တဲ့ ေဒးဗစ္ ရာယာထက္ အရန္ခုံထိုင္ေနရတဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္က ပိုမိုေကာင္းမြန္တယ္လို႔ ယုံၾကည္ေနပါတယ္။ အာတီတာရဲ႕အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၇ ပြဲမွာ ၃၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့ခ်ိန္မွာ ၃ ဂိုးသာ ခြင့္ျပဳခဲ့ရတာေၾကာင့္ ရာယာကို ၿပီးခဲ့တဲ့ေႏြရာဦမွာ အငွားနဲ႔ ေခၚခဲ့တာက မွန္ကန္လားဆိုတဲ့အျငင္းအခုံေတြကို တိတ္ဆိတ္ေစခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ခ်ဲလ္ဆီး၊ လက္စတာ၊ ဖူလ္ဟမ္ဂိုးသမားေဟာင္း မာ့ခ္ ရွဝါဇာက အာတီတာဟာ ဘယ္တုန္းကမွ မရွိခဲ့တဲ့ ျပႆနာကို ဖန္တီးခဲ့တာျဖစ္ၿပီး တကယ္တမ္းေတာ့ လက္ရွိအရန္ခုံတန္းက ဂိုးသမားကမွ ပိုမိုေကာင္းမြန္တဲ့ဂိုးသမားျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ “သူေျပာခဲ့တဲ့ စကားေၾကာင့္ သူက ကိုယ့္လည္ပင္းကိုယ္ ႀကိဳးကြင္းစြပ္ခဲ့သလို ျဖစ္ခဲ့ပါတယ္။ သူ ေျပာခဲ့တာက ေဒးဗစ္ ရာယာကို သူေခၚတုန္းက ေက်ာနံပါတ္ ၁ ဆိုတာမရွိဘူးတဲ့။ အမွန္ဆိုရင္ သူက ကြၽန္ေတာ္ ဘာေၾကာင့္ ဂိုးသမားကို ေျပာင္းလဲလို႔ မရရမွာလဲလို႔ ေျပာခဲ့ရမွာ။ ကြၽန္ေတာ္ ပြဲတစ္ပြဲက အခ်ိန္တစ္ခုမွာ သုံးဖို႔ ဂိုးသမားတစ္ေယာက္ကို ဘာေၾကာင့္ မေခၚယူႏိုင္ရမွာလဲလို႔ ေျပာရမွာပါ။ ကြၽန္ေတာ္က ေရွး႐ိုးစြဲသမားျဖစ္ခ်င္ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အဲဒါက ဒီကမာၻေပၚက ဘယ္ေနရာမွာ အလုပ္ျဖစ္မလဲဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ ဟုတ္တာေပါ့။ ပင္နယ္တီအဆုံးအျဖတ္မွာ အလုပ္ျဖစ္ရင္ျဖစ္မွာေပါ့။ အဲဒီလို ျဖစ္ခဲ့တာပဲ။ ဂိုးသမားေတြက တျခားဂိုးသမားတစ္ေယာက္ ဒဏ္ရာရမွ လူစားဝင္ကစားရတယ္ဆိုတာ သိသာပါတယ္။ ဒါက အတင္းအၾကပ္ လူစားလဲခံရမႈပဲ။ ကြၽန္ေတာ္က ကန္းေနတာျဖစ္ရင္ျဖစ္မွာပါ။ ဒါေပမယ့္ အာ႐ြန္ ရမ္းစ္ေဒးလ္နဲ႔ ရာယာတို႔ၾကား ဘာကြာျခားခ်က္မွ ကြၽန္ေတာ္ မျမင္ဘူး။ ကြာျခားမႈတစ္ခုခုရွိခဲ့ရင္ ကြၽန္ေတာ္ ခင္ဗ်ားကို အ႐ိုးသားဆုံးေျပာခ်င္တာက အာ႐ြန္ ရမ္းစ္ေဒးလ္က ပိုေကာင္းတဲ့ဂိုးသမားလို႔ ထင္တယ္ဆိုတာပဲ။ ဘက္ေပါင္းစုံမွာ အမ်ားႀကီး ပိုေကာင္းတဲ့ဂိုးသမားပါ။ ကြၽန္ေတာ္ အာတီတာလုပ္တာကို နားမလည္ႏိုင္ပါဘူး”လို႔ ေျပာဆိုခဲ့ပါတယ္။

-ဆိုင္မြန္ ေဂ်ာ္ဒန္က အာဆင္နယ္နဲ႔ပတ္သက္ၿပီး အျမင္ေတြ ေျပာင္းလဲလိုက္ၿပီလို႔ ဝန္ခံခဲ့ၿပီး မၾကာေသးမီက ဂန္းနားဂႏၲဝင္ မာတင္ ကီယြန္ကို ေျပာခဲ့တဲ့ အဖ်ားရႉးသြားလိမ့္မယ္ဆိုတဲ့စကားက မွားသြားခဲ့ၿပီလို႔ ေျပာဆိုခဲ့ပါတယ္။ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ဆုဖလားအႏိုင္ရႏိုင္တဲ့အသင္းဆိုတာကို သက္ေသျပသခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အနီးကပ္ဆုံးနဲ႔ စိတ္လႈပ္ရွားစရာအေကာင္းဆုံး ဆုဖလားၿပိဳင္ပြဲတစ္ခုျဖစ္လာေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြဟာ လီဗာပူးလ္ကို ရႈံးနိမ့္ၿပီး အက္ဖ္ေအဖလား တတိယအဆင့္ကေန ထြက္ခြာခဲ့ရၿပီးကတည္းက လိဂ္ ၇ ပြဲဆက္ႏိုင္ပြဲ ရရွိေအာင္ ရလဒ္ေကာင္းေတြ ဆက္တိုက္ ရယူႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီရလဒ္ေတြထဲမွာ ကေလာ့ပ္ရဲ႕ လီဗာပူးလ္ကို ၃-၁ ၊ နယူးကာဆယ္ကို ၄-၁ ၊ ခရစၥတယ္ ပဲေလ့စ္နဲ႔ ဘန္ေလကို ၅-၀ နဲ႔အႏိုင္ရခဲ့တဲ့ ႏိုင္ပြဲေတြလည္း ပါဝင္ခဲ့တာျဖစ္ပါတယ္။ တနလၤာေန႔ညမွာ ရွက္ဖီးကို အေဝးကြင္းမွာ ၆-၀ နဲ႔ အႏိုင္ယူႏိုင္ခဲ့ၿပီးေနာက္ ထိပ္ဆုံး ၃ သင္းၾကား ရမွတ္ကြာျခားမႈက အမ်ားဆုံး ၂ မွတ္သာ ရွိေတာ့တာျဖစ္ၿပီး ဒီအပတ္ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ ကစားမယ့္ အန္းဖီးကပြဲဟာ ဆုဖလားၿပိဳင္ပြဲကို အေျပာင္းအလဲေတြ ျဖစ္လာေစေတာ့မွာျဖစ္ပါတယ္။ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔သာ သေရက်ခဲ့ၿပီး အာဆင္နယ္က ဘရန႔္တ္ဖို႔ဒ္ကို အႏိုင္ရခဲ့ရင္ ဂန္းနားေတြက ဇယားထိပ္ဆုံးကို တက္လွမ္းသြားႏိုင္ေတာ့မွာျဖစ္ၿပီး ​ပရီးမီးယားလိဂ္ ၃ ပတ္နားရက္အတြင္း အဆင့္ ၁ အျဖစ္ ဦးေဆာင္သြားႏိုင္ေတာ့မွာျဖစ္ပါတယ္။ ဆိုင္မြန္ ေဂ်ာ္ဒန္က ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္မတိုင္ခင္သာ ဂန္းနားေတြ ဇယားထိပ္တက္သြားႏိုင္ရင္ ပရီးမီးယားလိဂ္ဖလားကို အမွန္တကယ္ ရရွိသြားႏိုင္ၿပီး မႏွစ္တုန္းလို အမွားမ်ိဳး ဒီႏွစ္မွာ ျပဳလုပ္မယ့္ပုံမေပၚတာေၾကာင့္ အရင္တုန္းက ေျပာခဲ့တဲ့ အဖ်ားရႉးသြားလိမ့္မယ္ဆိုတဲ့ စကားကို ႐ုတ္သိမ္းတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္းမွာ ဇင္ခ်န္ကိုနဲ႔ တိုမီယဆုတို႔ ဒဏ္ရာေၾကာင့္ ျပန္မကစားႏိုင္ေသးခ်ိန္ ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ မာတင္နယ္လီနဲ႔ အဖ်ားေဝဒနာခံစားေနရတဲ့ ဆာကာတို႔ကလည္း ခုတပတ္ အမ္းမရိတ္စ္ကြင္းမွာ ကစားရမည့္ ဘရန႔္ဖို႔ဒ္နဲ႔ ပြဲမွာ ပါဝင္ဖို႔ မေသခ်ာေသးေၾကာင္းသိရွိရပါတယ္။ ဂ်ဴရီယန္ တင္းဘားအေနနဲ႔ ျမက္ခင္းစိမ္းေတြေပၚမွာ ျပန္လည္ေလ့က်င့္ႏိုင္ၿပီျဖစ္ေပမယ့္ ပြဲကစားဖို႔အတြက္ေတာ့ အခ်ိန္အနည္းငယ္ယူရဦးမွာျဖစ္ပါတယ္။ ထို႔အျပင္ ဂိုးသမား ေဒးဗစ္ ရာယာကလည္း ဘရန႔္ဖို႔ဒ္အသင္းမွ အငွားျဖင့္ လာေရာက္ကစားသည့္ စည္းမ်ဥ္းအရ ပါဝင္ကစားႏိုင္မွာ မဟုတ္ပဲ ဂိုးသမား ရမ္းစ္ေဒးလ္က ပြဲထြက္ကစားလာမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ အိုင္ဗန္တိုေနးကို ေခၚယူဖို႔ စိတ္ဝင္စားမႈ ေလ်ာ့နည္းသြားၿပီး နာမည္ေက်ာ္ သတင္းေထာက္ ေဖဘီဇီယို ႐ိုမာႏိုက ေျပာၾကားသြားခဲ့ပါတယ္။ စပို႔ဟ္လန္းစ္၏အဆိုအရ အသက္ ၂၇ ႏွစ္အ႐ြယ္ ဘရန႔္ဖို႔ဒ္ တိုက္စစ္မႉးသည္ ယခုေႏြရာသီတြင္ အာဆင္နယ္အသင္းသို႔ ေခၚယူဖြယ္ရွိေနၿပီး ေပါင္သန္း ၆၀ ျဖင့္ အၿပီးသတ္ေခၚယူႏိုင္မည္ဟုအီဒူးက ယုံၾကည္ေနပါတယ္။ မီေခးလ္ အာတီတာသည္ တိုေနးကို ေခၚယူဖို႔ ကိုယ္တိုင္ကိုယ္က် ေတာင္းဆိုထားသည္ဟု TEAMtalk မွ ေနာက္ထပ္ ဇာတ္လမ္းတစ္ခုအေနနဲ႔ ထြက္ေပၚလာပါတယ္။ အသက္ ၂၇ ႏွစ္ရွိ အဂၤလန္လက္ေ႐ြးစင္ကစားသမားကို ေခၚယူဖို႔ထက္ ခ်ဲလ္ဆီးအသင္းက ပိုမိုငယ္႐ြယ္ေသာ တိုက္စစ္မႉးကို ရွာေဖြသြားမည္ဟု အခိုင္အမာဆိုခဲ့သည္။

ယုံၾကည္စိတ္ခ်ရေသာ အီတလီဂ်ာနယ္လစ္က Caught Offside ၏ The Debrief ေပါ့တ္ကာစ္သို႔ ေျပာၾကားရာတြင္ “ခ်ဲလ္ဆီးက အိုင္ဗန္တိုေနးကို ေခၚယူဖို႔ဆိုတာာ မေသခ်ာေတာ့ဘူး၊ သူတို႔ဟာ အသက္အ႐ြယ္အရ မတူညီတဲ့ တိုက္စစ္မႉးေတြကို စတင္ၾကည့္ရႈေနၿပီလို႔ ကြၽန္ေတာ္ထင္ပါတယ္။” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းက တိုေနးကို ေခၚယူရန္ ႏုတ္ထြက္လိုက္သျဖင့္ အာဆင္နယ္ေခၚယူမည့္ ကစားသမားမ်ားကို ေဈးပိုေပး ေခၚယူေနသည့္ ေတာ့ဒ္ ဘိုေလး အႏၲရယ္ကို ေရွာင္ရွားႏိုင္ၿပီျဖစ္သည့္အတြက္ အာဆင္နယ္အတြက္ ခြန္အားတစ္ခု ျဖစ္လာမည္ျဖစ္သည္။ ဒါေပမယ့္ တိုက္စစ္မႉးလိုအပ္ေနသည့္ မန္ခ်က္စတာယူႏိုက္တက္၊ နယူးကာဆယ္လ္ အစရွိသည့္ ၿပိဳင္ဘက္မ်ားနဲ႔ အၿပိဳင္ ယွဥ္ၿပိဳင္ေခၚယူဖို႔ေတာ့ အာဆင္နယ္အေနျဖင့္ ႀကိဳတင္ျပင္ဆင္ထားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.