Premier League

စံချိန်တင်နိုင်ပွဲရယူပေးခဲ့ပေမယ့် ပြစ်တင်ကြိမ်းမောင်းခံခဲ့ရတဲ့ အာတီတာ

အာတီတာဟာ တနင်္လာနေ့ညက ရှက်ဖီးယူနိုက်တက်ကို ၆-၀ နဲ့ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ပရိသတ်အချို့ရဲ့ ဒေါသထွက်ခြင်းကို ခံနေရပါတယ်။

ဂန်းနားတွေဟာ ဘရာမောလ် လိန်းမှာ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဖလားပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်၊ မန်ချက်စတာစီးတီးတို့ကို အမီလိုက်နိုင်ခဲ့တာဖြစ်ပြီး အော်ဒီဂွါဒ်၊ မာတီနယ်လီ၊ ဟာဗတ်ဇ်၊ ရိုက်၊ ဘန် ဝှိုက်တို့အားလုံး ဂိုးသွင်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၂၅ မိနစ်မှာပဲ ၄-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဘန်လေ၊ ဝက်စ်ဟမ်းတို့နဲ့ပွဲမှာလည်း ဂိုးအများအပြား သွင်းယူနိုင်ခဲ့ပြီးနောက် အဝေးကွင်း ၃ ပွဲဆက်တိုက် ၅ ဂိုးနဲ့အထက် သွင်းယူပြီး နိုင်ပွဲရခဲ့တဲ့ ပထမဆုံးသော အင်္ဂလိပ်ကလပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ပရိသတ်တိုင်းက ဒီအခြေအနေကို စိတ်ကျေနပ်ခဲ့ပုံမပေါ်ဘဲ ပရိသတ်အချို့ဆိုရင် အာတီတာရဲ့ လူစားလဲလှယ်မှုကြောင့် ဒေါသထွက်ခဲ့ကြတယ်လို့ သိရပြီး စပိန်လူမျိုးနည်းပြက ဗီယာရာ၊ ပါတေး၊ ဆိုအာရက်စ်၊ ဂျေးဇု၊ ထရော့ဆာ့ဒ်တို့လိုကစားသမားတွေကို လူစားဝင်ကစားစေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စမစ် ရိုးကတော့ နောက်ထပ်တစ်ကြိမ် အာတီတာရဲ့ မသိကျိုးကျွံပြုခြင်း ခံခဲ့ရပြီး အာဆင်နယ်ရဲ့ ကြီးမားတဲ့ နိုင်ပွဲကို အရန်ခုံကနေသာ တစ်ပွဲလုံး ထိုင်ကြည့်ခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ပွဲကစားချိန်ရဖို့ ရုန်းကန်နေရခဲ့သူဖြစ်ပြီး စုစုပေါင်း ပြိုင်ပွဲစုံမှာ ၃၅၇ မိနစ်သာ ကစားခွင့် ရရှိထားသေးတာဖြစ်ပါတယ်။

ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့အချိန်ကာလတွေလည်း ရှိခဲ့ပေမယ့်လည်း အာဆင်နယ်ပရိသတ်တွေက ရှက်ဖီးကို ဂိုးပြတ်နိုင်နေတဲ့အချိန်မှာ စမစ် ရိုးအနေနဲ့ လူစားဝင်ကစားခွင့် ရရှိခဲ့သင့်တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက ဒေါသတကြီးနဲ့ “စမစ် ရိုးကို လွတ်လပ်ခွင့်ပေးလိုက်ပါတော့။ ဆီးဒရစ်က သူ့ကိုကျော်ပြီး လူစားဝင်ခွင့်ရခဲ့တာက လုံးဝ ဟာသပဲ။ အာတီတာသာ ဘန် ဝှိုက်ကို လူစားလဲချင်ရင် ပါတေးကို ရာသီအစတုန်းက ညာနောက်ခံမှာ ကစားခဲ့တဲ့အတိုင်း ကစားခိုင်းပြီး စမစ် ရိုးကို ကွင်းလယ်မှာ ထည့်ကစားလို့ရတာပဲ”လို့ မှတ်ချက်ပေးခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း “သူ စမစ် ရိုးကို လုံးဝ လစ်လျူရှုလိုက်ပြီ။ ဟုတ်တယ်မလား။ သူ့ရဲ့ ပြီးခဲ့တဲ့ ၆ လအတွင်း ဆုံးဖြတ်ချက်တွေက အဲဒီလိုဖြစ်နေတယ်ဆိုတာကို ညွှန်ပြနေတယ်။ ကျွန်တော်က စမစ် ရိုးရဲ့အမာခံပရိသတ်ပါ။ သူ့ကို ကျွန်တော်တို့ နည်းပြထက် ပိုပြီးမုန်းတီးသူမျိုး ဘယ်တုန်းကမှ မမြင်ဖူးဘူး”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာတီတာဟာ တနလၤာေန႔ညက ရွက္ဖီးယူႏိုက္တက္ကို ၆-၀ နဲ႔ အႏိုင္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ေပမယ့္လည္း ပရိသတ္အခ်ိဳ႕ရဲ႕ ေဒါသထြက္ျခင္းကို ခံေနရပါတယ္။

ဂန္းနားေတြဟာ ဘရာေမာလ္ လိန္းမွာ ဂိုးျပတ္ႏိုင္ပြဲ ရယူႏိုင္ခဲ့တာေၾကာင့္ အမွတ္ေပးဖလားၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးလ္၊ မန္ခ်က္စတာစီးတီးတို႔ကို အမီလိုက္ႏိုင္ခဲ့တာျဖစ္ၿပီး ေအာ္ဒီဂြါဒ္၊ မာတီနယ္လီ၊ ဟာဗတ္ဇ္၊ ႐ိုက္၊ ဘန္ ဝႈိက္တို႔အားလုံး ဂိုးသြင္းႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၂၅ မိနစ္မွာပဲ ၄-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ဘန္ေလ၊ ဝက္စ္ဟမ္းတို႔နဲ႔ပြဲမွာလည္း ဂိုးအမ်ားအျပား သြင္းယူႏိုင္ခဲ့ၿပီးေနာက္ အေဝးကြင္း ၃ ပြဲဆက္တိုက္ ၅ ဂိုးနဲ႔အထက္ သြင္းယူၿပီး ႏိုင္ပြဲရခဲ့တဲ့ ပထမဆုံးေသာ အဂၤလိပ္ကလပ္ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ပရိသတ္တိုင္းက ဒီအေျခအေနကို စိတ္ေက်နပ္ခဲ့ပုံမေပၚဘဲ ပရိသတ္အခ်ိဳ႕ဆိုရင္ အာတီတာရဲ႕ လူစားလဲလွယ္မႈေၾကာင့္ ေဒါသထြက္ခဲ့ၾကတယ္လို႔ သိရၿပီး စပိန္လူမ်ိဳးနည္းျပက ဗီယာရာ၊ ပါေတး၊ ဆိုအာရက္စ္၊ ေဂ်းဇု၊ ထေရာ့ဆာ့ဒ္တို႔လိုကစားသမားေတြကို လူစားဝင္ကစားေစခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စမစ္ ႐ိုးကေတာ့ ေနာက္ထပ္တစ္ႀကိမ္ အာတီတာရဲ႕ မသိက်ိဳးကြၽံျပဳျခင္း ခံခဲ့ရၿပီး အာဆင္နယ္ရဲ႕ ႀကီးမားတဲ့ ႏိုင္ပြဲကို အရန္ခုံကေနသာ တစ္ပြဲလုံး ထိုင္ၾကည့္ခဲ့ရတာ ျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ ဒီရာသီမွာ ပြဲကစားခ်ိန္ရဖို႔ ႐ုန္းကန္ေနရခဲ့သူျဖစ္ၿပီး စုစုေပါင္း ၿပိဳင္ပြဲစုံမွာ ၃၅၇ မိနစ္သာ ကစားခြင့္ ရရွိထားေသးတာျဖစ္ပါတယ္။

ဒူးဒဏ္ရာေၾကာင့္ အနားယူခဲ့ရတဲ့အခ်ိန္ကာလေတြလည္း ရွိခဲ့ေပမယ့္လည္း အာဆင္နယ္ပရိသတ္ေတြက ရွက္ဖီးကို ဂိုးျပတ္ႏိုင္ေနတဲ့အခ်ိန္မွာ စမစ္ ႐ိုးအေနနဲ႔ လူစားဝင္ကစားခြင့္ ရရွိခဲ့သင့္တယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက ေဒါသတႀကီးနဲ႔ “စမစ္ ႐ိုးကို လြတ္လပ္ခြင့္ေပးလိုက္ပါေတာ့။ ဆီးဒရစ္က သူ႔ကိုေက်ာ္ၿပီး လူစားဝင္ခြင့္ရခဲ့တာက လုံးဝ ဟာသပဲ။ အာတီတာသာ ဘန္ ဝႈိက္ကို လူစားလဲခ်င္ရင္ ပါေတးကို ရာသီအစတုန္းက ညာေနာက္ခံမွာ ကစားခဲ့တဲ့အတိုင္း ကစားခိုင္းၿပီး စမစ္ ႐ိုးကို ကြင္းလယ္မွာ ထည့္ကစားလို႔ရတာပဲ”လို႔ မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “သူ စမစ္ ႐ိုးကို လုံးဝ လစ္လ်ဴရႈလိုက္ၿပီ။ ဟုတ္တယ္မလား။ သူ႔ရဲ႕ ၿပီးခဲ့တဲ့ ၆ လအတြင္း ဆုံးျဖတ္ခ်က္ေတြက အဲဒီလိုျဖစ္ေနတယ္ဆိုတာကို ၫႊန္ျပေနတယ္။ ကြၽန္ေတာ္က စမစ္ ႐ိုးရဲ႕အမာခံပရိသတ္ပါ။ သူ႔ကို ကြၽန္ေတာ္တို႔ နည္းျပထက္ ပိုၿပီးမုန္းတီးသူမ်ိဳး ဘယ္တုန္းကမွ မျမင္ဖူးဘူး”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.