Premier League

အဂၤလိပ္ေဘာလုံးေလာကမွာ ပြဲ ၅၀၀ ျပည့္ခဲ့တဲ့ ရြန္နီ

ပရီးမီးယားလိဂ္နဲ႔ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ ဂုဏ္ေဆာင္တုိက္စစ္မွဴးတစ္ဦးလို႔ ေျပာလို႔ရတဲ့ ဝိန္းရြန္နီဟာ ၿပီးခဲ့တဲ့ လိဂ္ခ်န္ပီယံရွစ္ရဲ႕ ဒါဘီ-ဖူလ္ဟမ္ပြဲစဥ္မွာ အဂၤလန္ႏိုင္ငံတြင္းမွာ ကစားတဲ့ ပြဲ ၅၀၀ ျပည့္ေျမာက္ခဲ့ၿပီး အမွတ္တရအေနနဲ႔ ပင္နယ္တီကေနလည္း ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

၂၀၀၂ ခုႏွစ္ ဧၿပီလက အဲဗာတန္အသင္းရဲ႕ အရန္ထိုင္ခုံမွ စထိုင္ဖူးခဲ့ၿပီး ၾသဂုတ္လ ၁၇ ရက္မွာေတာ့ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာ စတင္ပြဲထြက္ႏုိင္ခဲ့တဲ့ ရြန္နီဟာ သူ႕ရဲ႕ပထမဆုံးဂိုးကိုေတာ့ သူ႕ရဲ႕ကိုးပြဲေျမာက္ျဖစ္တဲ့ အာဆင္နယ္နဲ႔ပြဲမွာ လွလွပပ ကန္သြင္းယူခဲ့သူ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ပြဲ ၃၀ ရွဳံးပြဲမရွိစံခ်ိန္ကို အိမ္ကြင္း ဂြတ္ဒီဆန္ပါ့ခ္မွာ ခ်ဳိးဖ်က္ခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕အသက္အငယ္ဆုံး ဂိုးသြင္းယူႏုိင္သူ ျဖစ္လာခဲ့တဲ့ ရြန္နီဟာ အဂၤလန္အသင္းကိုလည္း ေခၚယူခံခဲ့ရၿပီး သူ႕ရဲ႕ ၁၉ ပြဲေျမာက္ျဖစ္တဲ့ ဘာမင္ဂမ္စီးတီးနဲ႔ ပြဲမွာေတာ့ ဒိုင္လူႀကီး ေဒးဗစ္ အဲလ္ေရး ျပသတဲ့ ပထမဆုံး အနီကတ္နဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။ ဒါေပမယ့္ ေနာက္ပုိင္းမွာေတာ့ ဒီအနီကတ္ကို ျပန္လည္ပယ္ဖ်က္ခဲ့ပါတယ္။

ပြဲနံပါတ္ ၇၀ မွာ မန္ခ်က္စတာယူႏုိက္တက္အတြက္ ပထမဆုံးဂိုး၊ ပြဲနံပါတ္ ၁၃၉ မွာ ပထမဆုံးပရီးမီးယားလိဂ္ ဟက္ထရစ္နဲ႔ ပြဲနံပါတ္ ၁၆၇ မွာ သူ႕ရဲ႕ ပထမဆုံးပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားတုိ႔ကို ရြန္နီအေနနဲ႔ ရယူႏိုင္ခဲ့ၿပီး ပြဲနံပါတ္ ၂၄၇ မွာ သူ႕ရဲ႕ ပရီးမီးယားလိဂ္ဂိုး ၁၀၀ ျပည့္ခဲ့ပါတယ္။

ပြဲနံပါတ္ ၄၅၁ မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဂိုးသြင္းအမ်ားဆုံးမွတ္တမ္းကို ခ်ဳိးဖ်က္ခဲ့ၿပီး သူ႕ရဲ႕အသင္းေဟာင္း အဲဗာတန္ကိုေတာ့ ပြဲနံပါတ္ ၄၆၁ မွာ ေျပာင္းေရႊ႕ခဲ့ၿပီး ၄၇၂ မွာ အဲဗာတန္အတြက္ ဟက္ထရစ္ရရွိခဲ့ျပန္ပါတယ္။ အဂၤလန္ေျမက ခြာခ်ိန္မွာ ၄၉၁ ပြဲ ကစားခဲ့ၿပီး ဒါဘီေကာင္တီကို တစ္ေက်ာ့ျပန္ရာမွာေတာ့ ၉ ပြဲကစားၿပီးခ်ိန္မွာ ပြဲ ၅၀၀ ျပည့္ေျမာက္ႏုိင္ခဲ့တာပါ။ အဲဗာတန္အသင္းမွာ ႏွစ္ႀကိမ္ကစားခဲ့ဖူးသလို မန္ခ်က္စတာယူႏုိက္တက္၊ ဒီစီယူႏုိက္တက္နဲ႔ ဒါဘီေကာင္တီအသင္းေတြမွာ ကစားခဲ့တဲ့ ရြန္နီဟာ သူ႕ရဲ႕ ကစားသမားဘဝၿပဳိင္ပြဲစုံ စုစုေပါင္းပြဲ ၇၄၀ မွာ ဂိုး ၃၁၀ ရရွိထားခဲ့ၿပီးျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO SKY SPORTS & OTHERS
KIZARNO
SPORTS A2Z.

ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂုဏ်ဆောင်တိုက်စစ်မှူးတစ်ဦးလို့ ပြောလို့ရတဲ့ ဝိန်းရွန်နီဟာ ပြီးခဲ့တဲ့ လိဂ်ချန်ပီယံရှစ်ရဲ့ ဒါဘီ-ဖူလ်ဟမ်ပွဲစဉ်မှာ အင်္ဂလန်နိုင်ငံတွင်းမှာ ကစားတဲ့ ပွဲ ၅၀၀ ပြည့်မြောက်ခဲ့ပြီး အမှတ်တရအနေနဲ့ ပင်နယ်တီကနေလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

၂၀၀၂ ခုနှစ် ဧပြီလက အဲဗာတန်အသင်းရဲ့ အရန်ထိုင်ခုံမှ စထိုင်ဖူးခဲ့ပြီး သြဂုတ်လ ၁၇ ရက်မှာတော့ တော့တင်ဟမ် ဟော့စပါးစ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ စတင်ပွဲထွက်နိုင်ခဲ့တဲ့ ရွန်နီဟာ သူ့ရဲ့ပထမဆုံးဂိုးကိုတော့ သူ့ရဲ့ကိုးပွဲမြောက်ဖြစ်တဲ့ အာဆင်နယ်နဲ့ပွဲမှာ လှလှပပ ကန်သွင်းယူခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ပွဲ ၃၀ ရှုံးပွဲမရှိစံချိန်ကို အိမ်ကွင်း ဂွတ်ဒီဆန်ပါ့ခ်မှာ ချိုးဖျက်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သူ ဖြစ်လာခဲ့တဲ့ ရွန်နီဟာ အင်္ဂလန်အသင်းကိုလည်း ခေါ်ယူခံခဲ့ရပြီး သူ့ရဲ့ ၁၉ ပွဲမြောက်ဖြစ်တဲ့ ဘာမင်ဂမ်စီးတီးနဲ့ ပွဲမှာတော့ ဒိုင်လူကြီး ဒေးဗစ် အဲလ်ရေး ပြသတဲ့ ပထမဆုံး အနီကတ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီအနီကတ်ကို ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။

ပွဲနံပါတ် ၇၀ မှာ မန်ချက်စတာယူနိုက်တက်အတွက် ပထမဆုံးဂိုး၊ ပွဲနံပါတ် ၁၃၉ မှာ ပထမဆုံးပရီးမီးယားလိဂ် ဟက်ထရစ်နဲ့ ပွဲနံပါတ် ၁၆၇ မှာ သူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုဖလားတို့ကို ရွန်နီအနေနဲ့ ရယူနိုင်ခဲ့ပြီး ပွဲနံပါတ် ၂၄၇ မှာ သူ့ရဲ့ ပရီးမီးယားလိဂ်ဂိုး ၁၀၀ ပြည့်ခဲ့ပါတယ်။

ပွဲနံပါတ် ၄၅၁ မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းအများဆုံးမှတ်တမ်းကို ချိုးဖျက်ခဲ့ပြီး သူ့ရဲ့အသင်းဟောင်း အဲဗာတန်ကိုတော့ ပွဲနံပါတ် ၄၆၁ မှာ ပြောင်းရွှေ့ခဲ့ပြီး ၄၇၂ မှာ အဲဗာတန်အတွက် ဟက်ထရစ်ရရှိခဲ့ပြန်ပါတယ်။ အင်္ဂလန်မြေက ခွာချိန်မှာ ၄၉၁ ပွဲ ကစားခဲ့ပြီး ဒါဘီကောင်တီကို တစ်ကျော့ပြန်ရာမှာတော့ ၉ ပွဲကစားပြီးချိန်မှာ ပွဲ ၅၀၀ ပြည့်မြောက်နိုင်ခဲ့တာပါ။ အဲဗာတန်အသင်းမှာ နှစ်ကြိမ်ကစားခဲ့ဖူးသလို မန်ချက်စတာယူနိုက်တက်၊ ဒီစီယူနိုက်တက်နဲ့ ဒါဘီကောင်တီအသင်းတွေမှာ ကစားခဲ့တဲ့ ရွန်နီဟာ သူ့ရဲ့ ကစားသမားဘဝပြိုင်ပွဲစုံ စုစုပေါင်းပွဲ ၇၄၀ မှာ ဂိုး ၃၁၀ ရရှိထားခဲ့ပြီးဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO SKY SPORTS & OTHERS
KIZARNO
SPORTS A2Z.