Bundesliga

ဥရောပထိပ်တန်းအသင်းကြီးနဲ့ လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့တဲ့ အလွန်ဆို

လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆိုဟာ ယခုလာမယ့် နွေရာသီမှာ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့အတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စပိန်လူမျိုးနည်းပြဟာ သောမတ်စ် တူဟယ်ရဲ့နေရာမှာ ဘိုင်ယန်မြူးနစ်ရဲ့ ပထမဦးစားပေး အစားထိုးခေါ်ယူမှုအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး လေဗာကူဆင်ဟာ အမှတ်ပေးဇယားထိပ်မှာ ၁၀ မှတ်အထိ ဖြတ်ထားတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ၁၁ နှစ်ကြာ လွှမ်းမိုးထားမှုကို အဆုံးသတ်နိုင်တော့မှာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ယာဂန် ကလော့ပ်က ဇန်နဝါရီမှာ ရာသီကုန်မှာ အသင်းကို စွန့်ခွာတော့မယ်လို့ ကြေညာခဲ့ပြီးနောက် အလွန်ဆိုကို ပထမဦးစားပေးခေါ်ယူမှုအဖြစ် ချက်ချင်းပဲ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်ကို မပြောင်းရွှေ့မီ အန်းဖီးမှာ ၅ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကနေတဆင့် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးက အလွန်ဆိုကို စိတ်ဝင်စားနေတာကြောင့် ဘိုင်ယန်မြူးနစ်က စပိန်လူမျိုးနည်းပြနဲ့ ပြောဆိုဆွေးနွေးမှု လျင်လျင်မြန်မြန် ပြုလုပ်ခဲ့တယ်လို့ Sky Sports Germany က ဖော်ပြခဲ့ပါတယ်။

အလွန်ဆိုနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ လျှို့ဝှက်ဆွေးနွေးမှုဟာ အပေါင်းလက္ခဏာဆောင်ခဲ့တယ်လို့ သိရပြီး လေဗာကူဆင်ဟာ လာမယ့် နွေရာသီမှာ အဲလီးယန့်ဇ် အရီနာကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

အလွန်ဆိုဟာ အန်းဖီးကို ပြောင်းရွှေ့ဖို့ စဉ်းစားရာမှာ ယာဂန် ကလော့ပ်ရဲ့ အမွေအနှစ်တွေနဲ့ လက်ရှိ ပရီးမီးယားလိဂ်ဖလားတိုက်ပွဲက တစ်နှစ်တခြား ပိုမိုပြင်းထန်လာနေတာကြောင့် လီဗာပူးလ်နည်းပြရာထူးက အန္တရာယ်ရှိတဲ့အလုပ်လို့ ခံစားနေရတာဖြစ်ပါတယ်။

အလွန်ဆိုဟာ ဒီနွေရာသီမှာ လေဗာကူဆင်ကို စွန့်ခွာဖို့ အတိအကျဆုံးဖြတ်ခဲ့ခြင်းမရှိသေးပေမယ့်လည်း အသင်းကို စွန့်ခွာရမယ်ဆိုရင်လည်း ဂျာမနီမှာပဲ ဆက်နေချင်နေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေလဗာကူဆင္နည္းျပ ဇာဘီ အလြန္ဆိုဟာ ယခုလာမယ့္ ေႏြရာသီမွာ ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

စပိန္လူမ်ိဳးနည္းျပဟာ ေသာမတ္စ္ တူဟယ္ရဲ႕ေနရာမွာ ဘိုင္ယန္ျမဴးနစ္ရဲ႕ ပထမဦးစားေပး အစားထိုးေခၚယူမႈအျဖစ္ သတ္မွတ္ျခင္းခံထားရသူျဖစ္ၿပီး ေလဗာကူဆင္ဟာ အမွတ္ေပးဇယားထိပ္မွာ ၁၀ မွတ္အထိ ျဖတ္ထားတာေၾကာင့္ ဘိုင္ယန္ျမဴးနစ္ရဲ႕ ၁၁ ႏွစ္ၾကာ လႊမ္းမိုးထားမႈကို အဆုံးသတ္ႏိုင္ေတာ့မွာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ယာဂန္ ကေလာ့ပ္က ဇန္နဝါရီမွာ ရာသီကုန္မွာ အသင္းကို စြန႔္ခြာေတာ့မယ္လို႔ ေၾကညာခဲ့ၿပီးေနာက္ အလြန္ဆိုကို ပထမဦးစားေပးေခၚယူမႈအျဖစ္ ခ်က္ခ်င္းပဲ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

အလြန္ဆိုဟာ ရီးရဲလ္မက္ဒရစ္ကို မေျပာင္းေ႐ႊ႕မီ အန္းဖီးမွာ ၅ ႏွစ္ၾကာ ကစားခဲ့သူျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ကေနတဆင့္ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ကစားခဲ့တာ ျဖစ္ပါတယ္။ ႏွစ္သင္းစလုံးက အလြန္ဆိုကို စိတ္ဝင္စားေနတာေၾကာင့္ ဘိုင္ယန္ျမဴးနစ္က စပိန္လူမ်ိဳးနည္းျပနဲ႔ ေျပာဆိုေဆြးေႏြးမႈ လ်င္လ်င္ျမန္ျမန္ ျပဳလုပ္ခဲ့တယ္လို႔ Sky Sports Germany က ေဖာ္ျပခဲ့ပါတယ္။

အလြန္ဆိုနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕ လွ်ိဳ႕ဝွက္ေဆြးေႏြးမႈဟာ အေပါင္းလကၡဏာေဆာင္ခဲ့တယ္လို႔ သိရၿပီး ေလဗာကူဆင္ဟာ လာမယ့္ ေႏြရာသီမွာ အဲလီးယန႔္ဇ္ အရီနာကို ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သိရပါတယ္။

အလြန္ဆိုဟာ အန္းဖီးကို ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားရာမွာ ယာဂန္ ကေလာ့ပ္ရဲ႕ အေမြအႏွစ္ေတြနဲ႔ လက္ရွိ ပရီးမီးယားလိဂ္ဖလားတိုက္ပြဲက တစ္ႏွစ္တျခား ပိုမိုျပင္းထန္လာေနတာေၾကာင့္ လီဗာပူးလ္နည္းျပရာထူးက အႏၲရာယ္ရွိတဲ့အလုပ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

အလြန္ဆိုဟာ ဒီေႏြရာသီမွာ ေလဗာကူဆင္ကို စြန႔္ခြာဖို႔ အတိအက်ဆုံးျဖတ္ခဲ့ျခင္းမရွိေသးေပမယ့္လည္း အသင္းကို စြန႔္ခြာရမယ္ဆိုရင္လည္း ဂ်ာမနီမွာပဲ ဆက္ေနခ်င္ေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.