Bundesliga Match Report

တစ်ယောက်လျော့ ကိုလုံးကို အနိုင်ယူပြီး ဇယားထိပ် ၁၀ မှတ်ဖြတ်တဲ့ လေဗာကူဆင်

လေဗာကူဆင်ဟာ တနင်္ဂနွေနေ့ညက တစ်ယောက်လျော့ ကိုလုံးကို အဝေးကွင်းနိုင်ပွဲ ရယူနိုင်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၀ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ သောကြာနေ့ညက ဖရိုင်းဘတ်နဲ့ ၂-၂ သရေကျခဲ့ပြီးနောက် ဇာဘီ အလွန်ဆိုရဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်မှုကို ဆက်လက် တိုးမြှင့်ဖို့ ကြီးမားတဲ့ အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။

ကိုလုံးတိုက်စစ်မှူး သီယယ်မန်း ချာကာကို ပြစ်ဒဏ်ကျူးလွန်ခဲ့မှုအတွက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် အိမ်ရှင်တို့ အခြေအနေ ပိုဆိုးသွားခဲ့ပြီး ပထမပိုင်းမှာ ဖရင်းပေါင်က အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ဂရီမယ်လ်ိဒုရဲ့ အနိမ့်ကန်ချက်ကြောင့် ၂-၀ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်ဟာ အခုဆိုရင် ဒီရာသီ ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားပြီးချိန်အထိ ရှုံးပွဲမရှိသေးဘဲ ဒုတိယနေရာက ဘိုင်ယန်မြူးနစ်နဲ့ ၁၀ မှတ်အကွာ ၆၄ မှတ်နဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ဖို့ အခြေအနေ ပိုကောင်းသွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လေဗာကူဆင်ဟာ တနင်္ဂနွေနေ့ညက တစ်ယောက်လျော့ ကိုလုံးကို အဝေးကွင်းနိုင်ပွဲ ရယူနိုင်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၀ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။


ကိုလုံးတိုက်စစ်မှူး သီယယ်မန်း ချာကာကို ပြစ်ဒဏ်ကျူးလွန်ခဲ့မှုအတွက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် အိမ်ရှင်တို့ အခြေအနေ ပိုဆိုးသွားခဲ့ပြီး ပထမပိုင်းမှာ ဖရင်းပေါင်က အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ဂရီမယ်လိဒုရဲ့ အနိမ့်ကန်ချက်ကြောင့် ၂-၀ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.