Match Report Premier League

ဇယားကြမ်းတိုက်နေတဲ့ ညီ တစ်ချက်လောက်ဆိုပြီး ခြောက်ချက်ရိုက်လိုက်တဲ့ ဆင်ပျံကြီး

အာဆင်နယ်ဟာ တနင်္လာနေ့ညက ဘရာမောလ် လိန်းမှာ ရှက်ဖီး ယူနိုက်တက်ကို ၆-၀ နဲ့ အပြတ်အသတ် အနိုင်ယူပြီး ပရီးမီးယားလိဂ် ၇ ပွဲဆက်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

ဂန်းနားတွေဟာ ပထမပိုင်း ၁၅ မိနစ်အတွင်းမှာပဲ ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ပထပမိုင်းအပြီးမှာတော့ အမှတ်ပေးဇယားအောက်ဆုံးက ရှက်ဖီးယူနိုက်တက်ကို ၅-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ မာတင် အော်ဒီဂွါဒ်၊ ဂါဘရီယဲလ် မာတီနယ်လီ၊ ကိုင် ဟာဗတ်ဇ်၊ ဒီကလန် ရိုက်နဲ့ ဘန် ဝှိုက်တို့ ဂိုးတွေ အသီးသီး သွင်းယူခဲ့ကြပြီး ဂျေဒန် ဘိုဂယ်ကလည်း အားကျမခံ အာတီတာရဲ့အသင်းအတွက် ကိုယ့်ဂိုးကိုယ်ပါ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ဂန်းနားတွေဟာ အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်နဲ့ ၂ မှတ်အကွာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ဂန်းနားတွေဟာ ရာသီကုန်ဖို့ ၁၁ ပွဲသာ ကျန်တော့ချိန်မှာ ဆုဖလားပြိုင်ပွဲမှာ ထပ်ချပ်မကွာ ရှိနေနိုင်ခဲ့ချိန်မှာ ရှက်ဖီးကတော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်မယ့်နေရာနဲ့ ၁၁ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အတွက် ပထမပိုင်း ၅ မိနစ်မှာပဲ အော်ဒီဂွါဒ်က ဘယ်တောင်ပံကနေ ချိုးပေးလိုက်တဲ့ ဘောလံးကို လူကပ်မခံထားရတာကြောင့် လွတ်လွတ်ကျွတ်ကျွတ်ကို ကန်သွင်းယူပြီး ဦးဆောင်ဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၈ မိနစ်အကြာမှာတော့ ဘူကာယို ဆာကာက ညာတောင်ပံကနေ ထိုးဖောက်ပြီး ပင်နယ်တီဧရိယာအလယ်ကို ဖြတ်တင်ပေးခဲ့မှုကို ဘိုဂယ်က ရှင်းထုတ်ဖို့ ကြိုးပမ်းခဲ့ရာကနေ ကိုယ့်ဂိုးထဲကိုယ်ပြန်သွင်းမိခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၂ မိနစ်မှာ မာတီနယ်လီက အာဆင်နယ်အတွက် တတိယမြောက်ဦးဆောင်ဂိးကို သွင်းယူပေးသွားခဲ့ပြီး မာတင် အော်ဒီဂွါဒ်က တန်ပြန်တိုက်စစ်ကနေတဆင့် မာတီနယ်လီဆီ ပေးပို့ခဲ့ရာမှာ ဘရာဇီးလ်တိုက်စစ်မှူးက ခီဗီယောနဲ့ ဝမ်းတူးရိုက်ပြီး ကန်သွင်းခဲ့တဲ့ဘောလုံးက ရှက်ဖီးနောက်ခံလူနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် ဂါးဘစ် ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

နောက်ထပ် ၁၀ မိနစ်အကြာ ၂၅ မိနစ်မှာ ကိုင် ဟာဗတ်ဇ်က နောက်ထပ်တစ်ကြိမ် ကြောက်မက်ဖွယ်ကောင်းတဲ့ ဂန်းနားတို့ရဲ့ တန်ပြန်တိုက်စစ်ကနေ မာတီနယ်လီ ထိုးပေးလိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာထဲကို ဆွဲပြေးပြီး အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးခါနီး ၅ မိနစ်အလိုမှာ ဒီကလန် ရိုက်က ၅ ဂိုးမြောက်သွင်းဂိုးကို ညာတောင်ပံကနေ ဆာကာရဲ့ ပေးပို့မှုကနေတဆင့် သွင်းယူသွားခဲ့ပြီး ပထမဆုံး ဂိုးကန်သွင်းချက်မှာပဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဂန်းနားတွေကပဲ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ၅၈ မိနစ်မှာ ဘန် ဝှိုက်က ဟာဗတ်ဇ် ခင်းပေးလိုက်တဲ့ ဘောလုံးကို ဘယ်ခြေနဲ့ ဂါးဘစ်ရဲ့ ဂိုးညာဘက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ဂန်းနားတွေဟာ ပရီးမီးယားလိဂ်အဝေးကွင်း ၃ ပွဲဆက်တိုက် ၅ ဂိုးနဲ့အထက် သွင်းယူပြီး အနိုင်ရဖူးတဲ့ ပထမဆုံးအင်္ဂလိဂ်ကလပ် ဖြစ်လာခဲ့ပြီဖြစ်ပြီး ဆန့်ကျင်ဘက်အနေနဲ့ ရှက်ဖီးကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက်တိုက် ၅ ဂိုးနဲ့အထက် ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးသော အင်္ဂလိပ်အသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဟာ တနလၤာေန႔ညက ဘရာေမာလ္ လိန္းမွာ ရွက္ဖီး ယူႏိုက္တက္ကို ၆-၀ နဲ႔ အျပတ္အသတ္ အႏိုင္ယူၿပီး ပရီးမီးယားလိဂ္ ၇ ပြဲဆက္ႏိုင္ပြဲကို ရယူႏိုင္ခဲ့ပါတယ္။

ဂန္းနားေတြဟာ ပထမပိုင္း ၁၅ မိနစ္အတြင္းမွာပဲ ၃ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ၿပီး ပထပမိုင္းအၿပီးမွာေတာ့ အမွတ္ေပးဇယားေအာက္ဆုံးက ရွက္ဖီးယူႏိုက္တက္ကို ၅-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ မာတင္ ေအာ္ဒီဂြါဒ္၊ ဂါဘရီယဲလ္ မာတီနယ္လီ၊ ကိုင္ ဟာဗတ္ဇ္၊ ဒီကလန္ ႐ိုက္နဲ႔ ဘန္ ဝႈိက္တို႔ ဂိုးေတြ အသီးသီး သြင္းယူခဲ့ၾကၿပီး ေဂ်ဒန္ ဘိုဂယ္ကလည္း အားက်မခံ အာတီတာရဲ႕အသင္းအတြက္ ကိုယ့္ဂိုးကိုယ္ပါ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ဂန္းနားေတြဟာ အမွတ္ေပးဇယားဦးေဆာင္သူ လီဗာပူးလ္နဲ႔ ၂ မွတ္အကြာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး ဂန္းနားေတြဟာ ရာသီကုန္ဖို႔ ၁၁ ပြဲသာ က်န္ေတာ့ခ်ိန္မွာ ဆုဖလားၿပိဳင္ပြဲမွာ ထပ္ခ်ပ္မကြာ ရွိေနႏိုင္ခဲ့ခ်ိန္မွာ ရွက္ဖီးကေတာ့ တန္းဆင္းဇုန္ကေန လြတ္ေျမာက္မယ့္ေနရာနဲ႔ ၁၁ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္အတြက္ ပထမပိုင္း ၅ မိနစ္မွာပဲ ေအာ္ဒီဂြါဒ္က ဘယ္ေတာင္ပံကေန ခ်ိဳးေပးလိုက္တဲ့ ေဘာလံးကို လူကပ္မခံထားရတာေၾကာင့္ လြတ္လြတ္ကြၽတ္ကြၽတ္ကို ကန္သြင္းယူၿပီး ဦးေဆာင္ဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၈ မိနစ္အၾကာမွာေတာ့ ဘူကာယို ဆာကာက ညာေတာင္ပံကေန ထိုးေဖာက္ၿပီး ပင္နယ္တီဧရိယာအလယ္ကို ျဖတ္တင္ေပးခဲ့မႈကို ဘိုဂယ္က ရွင္းထုတ္ဖို႔ ႀကိဳးပမ္းခဲ့ရာကေန ကိုယ့္ဂိုးထဲကိုယ္ျပန္သြင္းမိခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၂ မိနစ္မွာ မာတီနယ္လီက အာဆင္နယ္အတြက္ တတိယေျမာက္ဦးေဆာင္ဂိးကို သြင္းယူေပးသြားခဲ့ၿပီး မာတင္ ေအာ္ဒီဂြါဒ္က တန္ျပန္တိုက္စစ္ကေနတဆင့္ မာတီနယ္လီဆီ ေပးပို႔ခဲ့ရာမွာ ဘရာဇီးလ္တိုက္စစ္မႉးက ခီဗီေယာနဲ႔ ဝမ္းတူး႐ိုက္ၿပီး ကန္သြင္းခဲ့တဲ့ေဘာလုံးက ရွက္ဖီးေနာက္ခံလူနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့တာေၾကာင့္ ဂါးဘစ္ ဘယ္လိုမွ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ေနာက္ထပ္ ၁၀ မိနစ္အၾကာ ၂၅ မိနစ္မွာ ကိုင္ ဟာဗတ္ဇ္က ေနာက္ထပ္တစ္ႀကိမ္ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ဂန္းနားတို႔ရဲ႕ တန္ျပန္တိုက္စစ္ကေန မာတီနယ္လီ ထိုးေပးလိုက္တဲ့ ေဘာလုံးကို ပင္နယ္တီဧရိယာထဲကို ဆြဲေျပးၿပီး အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းၿပီးဆုံးခါနီး ၅ မိနစ္အလိုမွာ ဒီကလန္ ႐ိုက္က ၅ ဂိုးေျမာက္သြင္းဂိုးကို ညာေတာင္ပံကေန ဆာကာရဲ႕ ေပးပို႔မႈကေနတဆင့္ သြင္းယူသြားခဲ့ၿပီး ပထမဆုံး ဂိုးကန္သြင္းခ်က္မွာပဲ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ဂန္းနားေတြကပဲ ပြဲကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး ၅၈ မိနစ္မွာ ဘန္ ဝႈိက္က ဟာဗတ္ဇ္ ခင္းေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ေျခနဲ႔ ဂါးဘစ္ရဲ႕ ဂိုးညာဘက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ဂန္းနားေတြဟာ ပရီးမီးယားလိဂ္အေဝးကြင္း ၃ ပြဲဆက္တိုက္ ၅ ဂိုးနဲ႔အထက္ သြင္းယူၿပီး အႏိုင္ရဖူးတဲ့ ပထမဆုံးအဂၤလိဂ္ကလပ္ ျဖစ္လာခဲ့ၿပီျဖစ္ၿပီး ဆန႔္က်င္ဘက္အေနနဲ႔ ရွက္ဖီးကေတာ့ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၄ ပြဲဆက္တိုက္ ၅ ဂိုးနဲ႔အထက္ ခြင့္ျပဳခဲ့ရၿပီး ရႈံးနိမ့္ခဲ့တဲ့ ပထမဆုံးေသာ အဂၤလိပ္အသင္းျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.